မကြာသေးမီက ရာထူးမှ အနားယူသွားခဲ့သည့် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
နေရာအတွက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးဆန်းဆင့်အား ခန့်အပ်ရန် သမ္မတ
ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ယခုလ ၂၂ ရက်စွဲဖြင့် ပေးပို့လိုက်သော်လည်း အများ
ဆန္ဒအတိုင်းသာဆောင်ရွက်မည်ဟု ဦးဆန်းဆင့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်နှင့် ကျေးလက်ဒေသများမှ ပြည်သူများကလည်း ဦးဆန်းဆင့်အား
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်ရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး သမ္မတ၊
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်များထံ ပြည်သူများက
၎င်းတို့၏ဆန္ဒကို လက်မှတ်ရေးထိုးပေးပို့ခဲ့သည်ဟု ၎င်းက ပြောသည်။
"ဒါက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြီးဆုံးဖြတ်ကြလိမ့်မယ်။ ပြည် ထောင်စုလွှတ်တော်က
ကန့်ကွက်ရင် ကျွန်တော် ဒီနေရာမှာပဲ ဆက်ရှိမယ်။ မကန့်ကွက်ရင်တော့ ပြည်ထောင်စုလွှတ်တော်
ရဲ့ ဆုံးဖြတ်ချက်အတိုင်းဖြစ်မှာပေါ့" ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က
မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများက သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စေလိုပါက
ထမ်း ဆောင်မည်ဖြစ်ပြီး ပြည်သူများက တိုင်းဒေသကြီးဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်
စေလိုပါက ဆက်လက်ထမ်းဆောင်မည်ဟု ၎င်းက ပြောသည်။
"ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်တော့ သူတို့ကလည်း သဘောတူတဲ့ အနေ အထားဖြစ်တဲ့အတွက်
လက်ခံပါတယ်လို့ အကြောင်းပြန်ကြားလိုက်ပါတယ်" ဟု ၎င်းက ပြောသည်။
၎င်း၏ဆန္ဒအရမူ တိုင်းဒေသကြီး ဥက္ကဋ္ဌတာဝန်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ရာထူးထက် ပိုမိုနှစ်သက်စိတ်ဝင်စားမှုရှိပြီး တိုင်းပြည်တာဝန်ကို ပိုမိုထမ်းဆောင်နိုင်မည်ဟု ယူဆ
ကြောင်းလည်း ဦးဆန်းဆင့်က ဖြည့်စွက် ပြောသည်။
သမ္မတအနေဖြင့် ဦးဆန်းဆင့်အား ပြည်ထောင်စုဝန်ကြီးနေရာ လျာထား သော်လည်း ကာယကံရှင်
၏ ဆန္ဒသည်လည်းအရေးကြီးပြီး ဆန္ဒမရှိပါက ငြင်းပယ်ခွင့်လည်းရှိသည်ဟု သီပေါမြို့နယ်၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
"သမ္မတကလည်း သင့်တော်တယ်ထင်လို့ ထင်တယ်။ ပြည်ထောင်စုလွှတ်တော် ကိုတင်ရင် ကာယ
ကံရှင်ကလည်း သဘောတူလက်ခံပြီးဖြစ်တယ်လို့ ယူဆလို့ရပါတယ်" ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်သည် တိုင်းဒေသကြီးအစိုးရအား ကိုယ်စားလှယ်များ
၏ လုပ်ပိုင်ခွင့် နှင့် တာဝန်များကို တားဆီးခြင်း၊ ပြည်သူ နှင့် ကိုယ်စားလှယ်များအား အဆက်ဖြတ်
စေသကဲ့သို့ ဖြစ်စေခြင်းများပြုလုပ်သည် ဟု ပြီးခဲ့သည့်နှစ်၊ ဇူလိုင်လက စွပ်စွဲ ပြစ်တင်ခဲ့ခြင်း၊ မိခင်
ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထိပ်တန်းပါတီဝင်အချို့အား ကိုယ်စားလှယ်
များအား မလျော်ဩဇာသုံး မလွှမ်းမိုးရန် ပြောကြားခဲ့သူလည်းဖြစ် သည်။ "အဲဒီကိစ္စပတ်သက်တယ်
လို့တော့ ကျွန်တော့်အနေနဲ့ မခံယူပါဘူး"ဟု ဦးဆန်းဆင့်က ပြောသည်။
"သူ(ဦးဆန်းဆင့်) ကတော့ တိုင်းဒေသ ကြီးအစိုးရကို Check and Balance လုပ်တဲ့နေရာမှာ
နာမည်ထွက်လာတဲ့သူပါ။ လုပ်ရဲကိုင်ရဲရှိသူလို့လည်း သုံးသပ်မိပါတယ်"ဟု ဦးရဲထွန်းက ပြောသည်။















