ဖွဲ့စည်းပုံ အခြေခံဥပဒေဆွေးနွေးပွဲ နှစ်ပတ်တစ်ကြိမ် လုပ်မည်

ဖွဲ့စည်းပုံ အခြေခံဥပဒေဆွေးနွေးပွဲ နှစ်ပတ်တစ်ကြိမ် လုပ်မည်

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် ပွင့်လင်းမြင်သာမှုများ
အထိုက် အလျောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လွတ်လပ်စွာရေးသားခွင့်၊ ပြောဆို ဝေဖန်ခွင့်များ
ရှိလာပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြည်သူများ ပိုမိုတွင်တွင် ကျယ်ကျယ်သိရှိရန်
လိုအပ်နေပြီဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ (လုပ်ငန်းကော်မတီဝင်) ဦးတင်မောင်ဦးက
ဇန်နဝါရီလ ၂၇ ရက်နေ့ တော်ဝင်နှင်းဆီ၌ ကျင်းပသော '၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ'
တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့် မသင့်၊ အသစ်ရေးဆွဲရန် သင့် မသင့်ကို နှစ်ပတ်တစ်
ကြိမ် ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။

"ဒီပွဲလေးက ရှေ့နေပညာရှင်တွေ၊ တခြားပုဂ္ဂိုလ်တွေရဲ့ အမြင်လေးတွေကို ဆွေးနွေးကြတာ။
ပြီးတော့မှ ဘယ်လို ရလဒ်တွေ၊ ဘယ်လို လုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေထွက်လာမလဲ စောင့်
ကြည့်ရမယ်။ အဖြေရတော့မှ စုပေါင်းပြီး လုပ်ကြမှာပါ" ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က အမေရိ ကန် ဟာဝိုင်ယီပြည်နယ် အခြေစိုက် East-West Center အဖွဲ့
အစည်းက လက်ခံကျင်းပသည့် ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင် ရန်မျှော်လင့်ကြောင်း
ဆွေးနွေးခဲ့သည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်ဖို့ ခက်ခဲပေမယ့်လည်း တပ်မတော်သား ကိုယ်စားလှယ်
တွေထဲမှာ လည်း နိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်နိုင် မယ်လို့ မျှော်လင့်ပါတယ်"ဟု ပရိသတ်တစ်ဦး၏ မေးခွန်းအပေါ် ၎င်းက
ပြန်လည်ဖြေကြားသွားခြင်းဖြစ်သည်။

"ဒီအခြခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားထဲမှာ ပျံ့နှံ့သွား အောင် ဒါက အသစ်ပြန်လည်
ရေးဆွဲသင့်တယ်ဆိုတာ ပညာပေးဖို့လိုတယ်။ သတိ ပေးဖို့ လိုတယ်။ ပြည်သူလူထုအားနဲ့ လုပ်မှ
သာလျှင် လွှတ်တော်ကလည်း ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒလို့
ကြွေးကြော်ထားတာ နဲ့အညီ လုပ်ပေးရတော့မှာပေါ့"ဟု ဦးထွန်းကြည်က ဆိုသည်။

"ဆွေးနွေးပွဲကို နှစ်ပတ်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်
မပြင်သင့်၊ အသစ်ပြန်လည်ရေးသင့် မရေးသင့်များကို ဆွေးနွေးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး