ဖေဖော်ဝါရီ လဆန်းပိုင်းအထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

မြန်မာနိုင်ငံ အရှေ့ဘက်မှ ရွေ့လျားလာ သောမိုးရွာသွန်းစေသည့် ဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံ
တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရှမ်း၊ မွန်နှင့် ကရင် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၃ ရက်
နေ့အထိ အချိန်အခါမဟုတ် မိုးများ ဆက်လက်ရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြော
သည်။

"၂၈ ရက်နေ့ည တိုင်းထွာချက်တွေ အရ ဇန်နဝါရီလကုန်ရက်များနဲ့ ဖေဖော်ဝါရီလ ၃၊ ၄ ရက်တွေထိ
ရန်ကုန်၊ ပဲခူး၊ ဧရာ ၀တီ၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ကယား၊ ရှမ်း တို့မှာ မိုးရွာနိုင်တယ်။ မိုးရေချိန် နှစ်
လက်မ၊ သုံးလက်မအထိလည်း ရနိုင်တယ်"ဟု ၎င်းက ပြောသည်။

မိုး/ဇလဌာနမှ ဇန်နဝါရီလ ၂၈ ရက် ညနေမှ နောက်သုံးရက်အတွင်း မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ
၀တီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ထစ်ချုန်းမိုးများ
ရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး