လက်ပံတောင်းတောင် နှစ်လပြည့် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် နှစ်လပြည့် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်သူများအား နှိမ်နင်းခဲ့
သည့် နှစ်လပြည့်အထိမ်း အမှတ်အဖြစ် ဒေသခံများနှင့် စီမံကိန်း ဆန့်ကျင်သူများ ယခုလ ၂၉ ရက်
နေ့တွင် အဆိုပါစီမံကိန်းအနီး၌ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အငြင်းပွားနေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်သူ
များအား ဒီဇင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်နှိမ်နင်း ခဲ့ရာ ယခု နှစ်လပြည့်မြောက်သည့်တိုင်
ဖြေရှင်းချက်တစ်စုံတစ်ရာ မရရှိသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း ဒေသခံများနှင့်
သံဃာတော်များ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ရွာပေါင်း ၁၆ ရွာမှ ဒေသခံနှင့် စီမံကိန်းရပ်တန့်ရေး လိုလားသူနှစ်
ထောင်ကျော်ခန့်က လက်ပံတောင်းတောင် ရပ်တန့်ရေး အောင်နိုင်ရေး အလံများကိုင်ဆောင်ကာ
စီမံကိန်းလုံးဝရပ်တန့်ရန်၊ သပိတ်စခန်းဖြိုခွင်းမှုတွင် ပါ၀င်ခဲ့သော တရားခံများအား အမြန်ဆုံးဖော်
ထုတ်ပေးရန်၊ တရားစွဲဆိုခံထားရသော စီမံကိန်းရပ် တန့်ရေးဆန္ဒပြသူများအား ခြွင်းချက်မရှိ လွှတ်
ပေးရန်နှင့် ပြည်သူ့အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူဘက်မှ ရပ်တည်ပေးရန်စသည့် အချက်လေး
ချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

"လက်ပံတောင်းတောင် စီမံကိန်းရပ်ဖို့ ဆန္ဒပြတဲ့သူတွေကို နှိမ်နင်းတာ အခု နှစ်လပြည့်တာပဲ။
ဒါပေမဲ့ အခုအချိန်အထိ ဘာမှတိကျတဲ့ အဖြေမရသေးတဲ့ အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။ တုံရွာ
ထိပ်သပိတ်စခန်းကနေ ဆည်းတည်းရွာအထိ လမ်းလျှောက်ချီတက်ကြပါတယ်။ ဒေသအာဏာပိုင်
တွေကလည်း လိုက်ပါ စောင့်ကြည့်ကြတယ်"ဟု ဇီးတော ကျေးရွာ စမ်းမြဝတီကျောင်းတိုက်မှ
ဆရာတော် ဦးစန္ဒာသိရိက မိန့်သည်။

ဆန္ဒထုတ်ဖော်သူများသည် မွန်းလွဲ ၁ နာရီခန့်တွင် သပိတ်စခန်း တည်ရှိရာ တုံရွာထိပ်မှ စတင်
ထွက်ခွာလာခဲ့ရာ သုံးနာရီခန့်အကြာ စီမံကိန်းအနီး ပုသိမ် - မုံရွာကားလမ်းအရောက်တွင် ဒေသ
အာဏာပိုင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများက လမ်းအားပိတ်လိုက်ပြီး ရှေ့ဆက်မသွားရန် တားမြစ်
ခဲ့သည့်အတွက် စီမံကိန်းအနောက်ဘက်မှ ပတ်ကာဆည်တည်းရွာအထိ ဆက်လက်ချီတက်ခဲ့ကြ
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး