ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်

ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်

အမေရိကန် Northeastern Illinois University မှ ပုဂံခေတ်လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓ
ရုပ်ပွားတော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန်အမျိုးသားပြတိုက်၌ ထိန်းသိမ်းထား
ကြောင်း သိရသည်။

ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၂၂ လက်မ၊ ဆင်းတု တော် အနံ ၁၅ လက်မ၊
ဆင်းတုတော် ထု ၆ ဒသမ ၅ လက်မ ဖြစ်သည်။

သဲကျောက် ဖြင့်ပြုလုပ်ထားပြီး ဆင်းတုတော်၏ ခြေတော်များ မပါရှိပေ။ အဆိုပါရုပ်ပွားတော်ကို
အမျိုးသား ပြတိုက်ရှိ ခေတ်အဆက်ဆက်ထိန်းသိမ်းထားသော ဗုဒ္ဓဆင်းတုတော်များပြခန်းတွင်
ပြသထားလျက်ရှိသည်။

"နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန် လေဆိပ်ကို ရောက်တယ်။ အဲဒီနေ့ပဲ သက်ဆိုင်ရာအရာရှိသုံးဦး
က စစ်ဆေးပြီး အမျိုးသားပြတိုက်ကို ပင့်ဆောင်ခဲ့တယ်။ တစ်ဖက်ကအကြောင်းတွေကိုတော့ သိပ်
မသိပါဘူး။ လက်ရှိမှာတော့ ပြတိုက်မှာပဲ ထိန်းသိမ်းထားပါတယ်"ဟု အမျိုးသားပြတိုက် ညွှန်ကြား
ရေးမှူး ဦးသောင်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါရုပ်ပွားတော်အား ၁၉၈၈ ခုနှစ် တွင် ပုဂံ၊ ကျောက်ဂူ ဥမင်မှ အမေရိကန် နိုင်ငံသို့ ယူဆောင်
သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"အမျိုးသားပြတိုက်ဟာ တိုင်းပြည်ရဲ့ မျက်နှာစာ၊ တိုင်းပြည်ရဲ့အချက်အချာဆိုလည်း မမှားဘူး။
တိုင်းပြည်အတွင်း က တိုင်းရင်းသားလူမျိုးတွေ၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာသာရေးစတာတွေ
ဟာ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့အတွက် ပြတိုက်ကဝန်ထမ်းတွေ ထိန်းသိမ်းပေမယ့်လည်း
ပြည်သူတစ်ရပ်လုံးက မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်"ဟု
ဦးသောင်းဝင်းက ပြောသည်။

အမျိုးသားပြတိုက်အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းတန်ဖိုးလက်ရာများကို အများပြည်
သူများ မြတ်နိုးတန်ဖိုးထားနိုင်ရန်အတွက် စုဆောင်းထိန်းသိမ်းထားပြီး ပြတိုက်တွင် ပြခန်းပေါင်း ၁၆
ခန်းဖြင့် ခင်းကျင်း ပြသထားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှကြီးမှူး၍ ပြတိုက်တွင် ဘွဲ့လွန်ပြတိုက်ဒီပလိုမာ
တစ်နှစ် သင်တန်းကိုလည်း ပို့ချပေးလျက်ရှိရာ ၁၁ ကြိမ်ရှိပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး