CIF တန်ဖိုးပြောင်းလဲခြင်းကြောင့် ဒီဇင်ဘာလမှစတင်ပြီး အဝယ်ရပ်ဆိုင်းနေဟု ကားအရောင်း စင်တာပိုင်ရှင်များဆို

CIF တန်ဖိုးပြောင်းလဲခြင်းကြောင့် ဒီဇင်ဘာလမှစတင်ပြီး အဝယ်ရပ်ဆိုင်းနေဟု ကားအရောင်း စင်တာပိုင်ရှင်များဆို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းတွင် ကားတင်
သွင်းသော CIF (ဆိပ်ကမ်းအရောက်ဈေး) များ ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်းကြောင့်
ဒီဇင်ဘာတစ်လလုံးနှင့် ဇန်နဝါရီလ လလယ်ပိုင်းအထိ ကားအရောင်းစင်တာများတွင် ကားအဝယ်
မရှိသလောက်ဖြစ်သွားသည်ဟု ရန်ကုန်မြို့ ကားအရောင်းစင်တာပိုင်ရှင်များက ဆိုသည်။

"CIF ဈေးပြောင်းလဲမယ်ဆိုတဲ့ သတင်းကြောင့် အားလုံးက အရောင်းအဝယ် မလုပ်ရဲကြတော့ဘူး။
ကားဈေး ဘယ်လို ဖြစ်လာမယ်၊ ဃှုင်္ ဈေး ဘယ်လို ဖြစ်လာမလဲဆိုတာကို ၀ယ်လက်သမား တွေက
စောင့်ကြည့်နေကြတယ်။ CIF ဈေးနှုန်းပြောင်းလဲသတ်မှတ်ပြီးချိန်မှာတော့ ကားအရောင်းစင်တာ
သမား တွေက အရင်သွင်းထားတဲ့ကားတွေ ကို CIF တန်ဖိုးအသစ် ပေါက်ဈေးနဲ့ဆို အရှုံးပြသွား
တယ်။ အဲဒီမှာ ရောင်းတဲ့လူ အကုန်လုံးအရှုံးကြီးပဲ။ အထူးသဖြင့် အနိမ့်ကားတွေ သွင်းတဲ့လူကပိုထိ
တယ်" ဟု Assurance Services Enterprise (ASE) ကားအရောင်း စင်တာပိုင်ရှင်
ဒေါက်တာခန့်ဝင်းက ပြောသည်။

ယခုပြောင်းလဲသတ်မှတ်လိုက်သော CIF တန်ဖိုးအသစ်များ၏ ၈၀ ရာခိုင်နှုန်း မှာ CIF ဈေးနှုန်းများ
၁၀ ရာခိုင်နှုန်းနီးပါး လျှော့ချခဲ့ပြီး ထိုသို့လျှော့ချခြင်းကြောင့် ကားတစ်စီးချင်းစီတွင် အခွန်အနည်း
ငယ်စီသက်သာသွားသော်လည်း ယခင် CIF ဈေးဖြင့် သွင်းထားသောကားများ ရောင်းချရာတွင်
ယခုအသစ်သတ်မှတ် ထားသော CIF ဈေးဖြင့်သာ ၀ယ်ယူလိုကြသဖြင့် ကားအရောင်းစင်တာများ
အနေဖြင့် ဈေးနှိမ့်ရောင်းချနေရသည်ဟုလည်း ကားအရောင်းစင်တာ ပိုင်ရှင်များကဆိုသည်။

"ကားတင်သွင်း တယ်ဆိုတာ နေ့ချင်း ညချင်း တင်သွင်းရတာမဟုတ်ဘူး။ ဂျပန်ဘက်က ကားတင်
ပို့မယ့်သူကိုလည်း ငွေကြိုချေရတယ်။ တင်ပို့မယ့် သင်္ဘောကအစ အားလုံးကြိုတင်စီစဉ်ရတယ်။
အခုလို ရုတ်တရက် မူဝါဒ ပြောင်းလဲတဲ့အခါမှာ ကျွန်တော်တို့မှာ အများကြီးနစ်နာပါတယ်"ဟု
ဦးဌေးအောင်က ပြောသည်။

အဆိုပါ CIF ဈေးအပြောင်းအလဲ ကြောင့် ကားဈေးကွက်အတွင်း အပြောင်းလဲ သိသိသာသာမရှိခဲ့
ကြောင်း၊ အနိမ့်ကားများအနေဖြင့် ယခင် CIF တန်ဖိုး ကန်ဒေါ်လာ ၅,၀၀၀ ရှိခဲ့ရာမှ ယခုအခါ
ကန်ဒေါ်လာ ၄,၅၀၀ သို့ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် CIF တန်ဖိုး နှင့် အခွန်ပေး
ဆောင်မှုအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၈၀ ၀န်းကျင် ပေါက်ဈေးရှိနေသော်လည်း ယခင် CIF
တန်ဖိုး ကန်ဒေါ်လာ ၅,၀၀၀ ဖြင့် တင်သွင်းလာသော အနိမ့်ကားတစ်စီး တန်ဖိုးမှာ ကျပ်သိန်း ၁၉၀
၀န်းကျင်ရှိနေပြီး အနိမ့်ကားရောင်းချသူများ ဈေးကျဆင်းမှုကြောင့် ဆုံးရှုံးမှုများရှိနေသည် ဟုလည်း
၎င်းတို့က ဆိုသည်။

"အမြင့်ကားတွေ CIF တန်ဖိုးကျသွားတယ်ဆိုပေမယ့် ကွာခြားချက်က ကျပ် သိန်း ၂၀ လောက်ပဲရှိ
တယ်။ ဒီတော့ ကျပ်သိန်း ၂၀ လောက်နဲ့ ဈေးကွက်ထဲမှာ တိုက်ထားတဲ့ကားလား၊ ဆေးပွန်းတာရှိ
လား မသိရတဲ့ကားကို တစ်ဆင့် ပြန်မဝယ်တော့ဘဲ အဲဒီသိန်း ၂၀ ကို ပိုပေးပြီး ကားအသစ်ကိုပဲစီး
ကြတယ်။ အမြင့်ကားတစ်စီးကို CIF တန်ဖိုး ကန်ဒေါ်လာ ၂,၅၀၀-၃,၀၀၀ လောက် လျှော့ချလိုက်
လို့ ဈေးကွာဟသွားပေမယ့် ကျပ်သိန်း ၄၀၀ ကျော်ပေးစီးတဲ့လူက အဲဒီလျှော့သွားတဲ့ သိန်း ၂၀
ကျော် လောက်ကိုမကြည့်ဘူး။ အသစ်ပဲ၊ လိုချင် တဲ့ မော်ဒယ်ကို ဈေးပေးစီးတယ်။ အနိမ့်ကား
အတွက်ကျတော့ သိန်း ၁၈၀-၁၉၀ ၀န်းကျင်လောက်ပဲသုံးမယ့်သူအတွက် ကျတော့ ၅-၁၀ သိန်း
လောက်က အရမ်းများသွားပြီး ဈေးမပေးချင်တော့ဘူး"ဟု ဒေါက်တာခန့်ဝင်းကပြောသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရွှေငါး Mark II (၂၀၀၁ မော်ဒယ်) ၁၈၅ သိန်း ၊ ယခင် CIF ဈေးဖြင့်
ကျပ်သိန်း၂၀၀ ကျော် ပေါက်ဈေး ရှိခဲ့သည်။

Prado (Land Cruiser -၂၀၁၂ မော်ဒယ်) တစ်စီးလျှင် ကျပ်သိန်း ၁,၈၀၀ ယခင် CIF တန်ဖိုးဖြင့်
ကျပ် ၂,၀၀၀ သိန်းကျော် ပေါက်ဈေးရှိခဲ့သည်။

ALPHARD (၂၀၀၃ မော်ဒယ်) တစ်စီးလျှင် ကျပ်သိန်း ၃၂၀-၃၃၀၊ ယခင် CIF ဈေးဖြင့်ကျပ် သိန်း
၄၀၀ ပေါက်ဈေးရှိခဲ့သည်။

Prado (1997-TZ မော်ဒယ်) ကျပ် သိန်း ၃၂၀ ၀န်းကျင်၊ ယခင် ဃှုင်္ တန်ဖိုးဖြင့်ပေါက်ဈေး သိန်း
၄၀၀ ၀န်းကျင်၊ TOYOTA -Probox (၂၀၀၇ မော်ဒယ်) လက်ရှိဈေးကွက် ပေါက်ဈေး ကျပ် ၁၀၅
နှင့် ၁၁၀ သိန်း ၀န်းကျင်၊ ယခင် CIF တန်ဖိုးဖြင့် ပေါက်ဈေး ၁၃၅ သိန်း။ TOYOTA - Crown
(၂၀၀၅-၂၀၀၆ မော်ဒယ်) ကျပ်သိန်း ၃၀၀ ၀န်းကျင်၊ ယခင် CIF တန်ဖိုးဖြင့် ပေါက်ဈေး ကျပ်သိန်း
၅၀၀ ဈေးတို့ဖြင့် ဟံသာဝတီကားဝင်းအတွင်း ဈေးကွက် အရောင်းအဝယ်ဖြစ်နေသည် ဟု ကားဝယ်
ရောင်းများက ပြောသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ဟံသာဝတီ ကားဝင်းအတွင်းတွင် ယာဉ်အိုယာဉ် ဟောင်းအပ်နှံသော
ကားစလစ်ဈေးနှုန်း မှာ ပွဲစားခအပြီး ကျပ် ၈၅ သိန်း ပေါက်ဈေး ရှိသည်ဟုလည်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး