၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါ၀င်ခဲ့သဖြင့် ထောင်ကျခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
ပြန်လည်လွတ်မြောက်ခဲ့သည့် ကိုစည်သူမောင်အား ရန်ကုန်စီးပွားရေးတက္ကသိုလ်က နောက်ဆုံးနှစ်
ဆက်လက် တက်ရောက်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း သိရသည်။
"မပြီးပြတ်သေးတဲ့ ပညာရေးကို သွားပြီးတင်တယ်။ တင်တဲ့အခါမှာ ဘာအကြောင်းပြချက်မှ မပေး
ဘဲ ကျွန်တော့်ကို ကျောင်းတက်ခွင့်မပေးဘူး။ သူတို့ကို ညွှန်ကြားချက်ပဲပေးပါတယ်တဲ့။ ပညာရေး
၀န်ကြီးဌာနက ညွှန်ကြားစာက ကျောင်းတက်ခွင့်မပေးဘဲ အဝေးသင်တက်သည့်တိုင်အောင် မိဘ
က ခံဝန်ချက်ထိုးမှသာ ပေးတက်မယ်လို့ပြောထားတယ်"ဟု ကိုစည်သူမောင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) တို့မှ ညွှန်ကြားချက်အရ
တက်ရောက်ခွင့်မပြုခြင်းဖြစ်ပြီး အကြောင်းပြချက်ကိုမူ စီးပွားရေးတက္ကသိုလ်မှ ပြောကြားခြင်း မရှိ
ကြောင်း ၎င်းက ပြောသည်။
"အကျဉ်းထောင်ထဲ ရောက်တာကလည်း မိမိတို့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးစနစ်တစ်ခုပြောင်း
လဲဖို့အတွက် ပါ၀င်ခဲ့တယ်။ လွတ်မြောက်ပြီး ဒီလို ကျောင်းပြန်တက်ခွင့်ကို ငြင်းပယ်တာကို အရမ်း
အံ့ဩမိတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသွားနေပြီး သမ္မတကြီး ကိုယ်တိုင်ကလည်း
လူငယ်တွေ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးကြီးတယ်လို့ အသိအမှတ်ပြုပြောနေ
တယ်။ ပြည်ပ ရောက်နေသူတွေကိုတောင် Black list ထဲက ပယ်ဖျက်ပြီး ပြည်တွင်းကိုတောင်
ပြန်လည်သင့်မြတ်ရေး ပူးပေါင်း ဆောင်ရွက်နေတဲ့ကာလမှာ ကြွေးကြော်နေတဲ့ အစိုးရတစ်ရပ်မှာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ပညာသင်ခွင့်
ဆက်လက်ပိတ်ပင်ထားတာက မဖြစ်သင့်ဘူးလို့ ယူဆတယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်က အကျဉ်းထောင်ထဲကို ရောက်ပြီးသွားပြီ။ နောက်ထပ်တစ်ကြိမ် ပြစ်ဒဏ်ပေးသလို
ဖြစ်နေတယ်။ အကြောင်းအရာ တစ်ခုတည်းအပေါ် နှစ်ကြိမ်အပြစ်ဒဏ် ပေးလိုက်သလိုပါပဲ။ အရင်
က အစိုးရခေတ်မှာ ကျောင်း သားတွေ တောခိုပြီး မြို့ပေါ်ပြန်ရောက်လာတဲ့ ကျောင်းသားတွေကို
တောင် တက္ကသိုလ်တွေ ပြန်တက်ခွင့်ပေးပါလျက် နဲ့ အခုဖြစ်ပေါ်နေတဲ့ အစိုးရတစ်ရပ်ဟာ
ကျွန်တော်တို့ကျောင်းသားတွေအပေါ် ကို ဘဝရှေ့ရေးအတွက် ပညာသင်ကြား ခွင့်ပိတ်တာကို
ဆိုးရွားတဲ့တုံ့ပြန်မှုလို့ ထင်တယ်"ဟု ၎င်းကပြောသည်။
"ပြီးတော့ ကျွန်တော်တို့ သုံးနှစ် လောက် တက်ခဲ့တဲ့ B.Ecom (Stat) က Professional Major
ဖြစ်တဲ့အပြင် နေ့စဉ်တန်းမှာပဲရှိတာ။ Distance rSm B.A (Eco) ရမှာဖြစ်တဲ့အပြင် အမှတ်ချင်း
လည်းမတူတဲ့အပြင် ဘွဲ့ချင်းလည်းမတူဘူး"ဟု ၎င်းက ပြောသည်။















