ငြိမ်းချမ်းရေးရည်ရွယ်ချက်ဖြင့် ကေအိုင်အို ထိန်းချုပ်ရာဒေသ၏ အချက်အချာ ဒေသဖြစ်သော
လိုင်ဇာသို့ သွားရောက်ရန် ကြိုးစားခဲ့သော လူမှုရေးအဖွဲ့တစ်ဖွဲ့သည် လိုင်ဇာသို့မရောက်မီ ၁၅ မိုင်
ခန့် အကွာတွင် တပ်မတော်က တားဆီးကာ ပြန်လည်စေလွှတ်ခြင်းခံခဲ့ရကြောင်း ၎င်းအဖွဲ့၏
ဦးဆောင်သူကပြောသည်။
"ကျွန်တော်တို့ကို တော်တော် ခပ်မာမာဆက်ဆံခဲ့တယ်။ ကင်မရာတွေ ပိတ်ပိတ်"လို့အော်တယ်ဟု
ကိုနေမျိုးဇင် က မြန်မာတိုင်း(မ်)ကိုပြောသည်။
"ကျွန်တော်တို့ဟာ လွှတ်တော်က လည်းမဟုတ်သလို အစိုးရက စေလွှတ် တဲ့ တရားဝင်ငြိမ်းချမ်း
ရေးအဖွဲ့လည်း မဟုတ်တဲ့အတွက် ပေးမသွားနိုင်ဘူးလို့ ပြောပါတယ်"ဟု ၎င်းက ပြောသည်။
ကိုနေမျိုးဇင်နှင့်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေ ဘုရားမှ စတင်ထွက်ခွာခဲ့
သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင်မူ ကိုနေမျိုးဇင် နှင့် အဖွဲ့သားများမှာ
၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေ့ါဖုန်းယန်မြို့သို့ ရောက်ရှိလာပြီး တိုက်ပွဲများဖြစ်ပွားနေသည့်
လဂျားယန်ဒေသမှတစ်ဆင့် လိုင်ဇာသို့သွားရောက်ရန် တာဝန်ရှိသူများ တားဆီးသည့်ကြားမှ
ဆက်လက် ထွက်ခွာခဲ့သည်ဟု ဖော်ပြထားသည်။
သို့ရာတွင် ထိုနယ်မြေမှာ လုံခြံုရေးအရ တည်ငြိမ်မှုမရှိသေးခြင်း၊ ကေအိုင်အေအဖွဲ့၏ မိုင်းအန္တရာယ်
များပြားခြင်း တို့ကြောင့် မလိုအားအပ်သောဆုံးရှုံးမှု မျိုးမဖြစ်စေရန် ဒေါ့ဖုန်းယန်မြို့ မြောက်ဘက်
ငါးမိုင်အကွာတွင် ကောင်းမွန်စွာ ရှင်းပြကာ ပြန်လွှတ်လိုက်ကြောင်း လည်းဖော်ပြထားသည်။
ကိုနေမျိုးဇင်ကမူ တပ်မှတားဆီးခဲ့ရာတွင် လိုင်ဇာသို့သွားရောက်သည့် လမ်းတွင် ကေအိုင်အေမှ
ပစ်ခတ်လိမ့် မည်ဟူ၍လည်း ပြောဆိုခဲ့ကြောင်း ပြောသည်။
"ဟိုဘက်က ကြိုဆိုနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ယုံလည်းယုံကြည် ပါတယ်"ဟု ၂၀၁၂
ဇွန်လက လိုင်ဇာမြို့ သို့သွားရောက်ကာ ကေအိုင်အို ခေါင်းဆောင်များနှင့် တွေ့ဆုံဖူးသော ၎င်းက
ပြောသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကမူ ကိုနေမျိုးဇင်အနေ
ဖြင့် ကေအိုင်အေဘက်မှ ကြိုဆိုမည်ဟု ယုံကြည်ပါက ရွှေလီလမ်းမှသွားရောက် သင့်ကြောင်းပြော
သည်။
"ဦးနေမျိုးဇင် ထိခိုက်ဒဏ်ရာရမှု တစ်ခုခုဖြစ်ရင် တပ်မတော်ကိုပဲ အပြစ်တင်ခံရမှာပါ။ ဒါကိုနားလည်
ပေးဖို့လိုပါတယ်"ဟု မြန်မာတိုင်း(မ်)ကို အီးမေးလ်ဖြင့် ပြောသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လက ကိုနေမျိုးဇင်နှင့် အတူ လိုင်ဇာသို့သွားရောက်ခဲ့သော ကချင်ငြိမ်းချမ်းရေး
ကွန်ရက်မှ ကိုမင် ဆိုင်းကမူ လူမှုရေးအဖွဲ့အစည်းများမှ လိုင်ဇာသို့သာသွားရောက်၍ ကေအိုင်အေ
အဖွဲ့အစည်းနှင့်တွေ့ဆုံရန် ကြိုးပမ်းမှုမှာ အစိုးရကပြသရန်ကြိုးပမ်းနေသကဲ့သို့ ကေအိုင်အေဘက်
မှ ငြိမ်းချမ်းရေး မလိုလားသည့်သဘောသက်ရောက်စေ ကြောင်းပြောသည်။
"သူတို့အနေနဲ့ ဒီကချင်တိုက်ပွဲနဲ့ ပတ်သက်ပြီး လူတွေသိစေချင်တယ်။ ငြိမ်းချမ်းရေးရစေချင်တယ်။
ဒါပေမဲ့ လိုင်ဇာသွားတယ်ဆိုတာ တစ်ခုတည်း သော အဖြေမဟုတ်ဘူး"ဟုပြောသည်။ ၎င်းတို့အနေ
ဖြင့် နေပြည်တော်ရှိ ကာကွယ်ရေးနှင့် စစ်ဦးစီးဌာနချုပ်၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာန
ချုပ်သို့ သွားရောက်ခြင်းဖြင့်လည်း ကချင်တိုက်ပွဲကို ရပ်စေလိုသော ငြိမ်းချမ်းရေးလိုလားသည့်
သဘောထား များကို ဖော်ထုတ်နိုင်ကြောင်း ကိုမင်ဆိုင်း ကပြောသည်။















