မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုမှ လက်နက်မရောင်းချဟု တရုတ်သံရုံးက ထုတ်ပြန်

မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုမှ လက်နက်မရောင်းချဟု တရုတ်သံရုံးက ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသို့ တရုတ် နိုင်ငံမှ လက်နက်များ
ရောင်းချခြင်း၊ သို့ မဟုတ် သယ်ယူရွှေ့ပြောင်းခြင်းများ မရှိ ကြောင်း ရန်ကုန်အခြေစိုက် တရုတ်
ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ဇန်နဝါရီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟုသာ ဖော်ပြထားပြီး
အဆိုပါအဖွဲ့၏ အမည်ကို ဖော်ပြထားခြင်းမရှိဘဲ Defence Think Tank ၏ အချက်အလက်များ
ကို အခြေခံပြီး ပြည်တွင်း ပြည်ပ မီဒီယာအချို့က ရေးသားခဲ့သည့် ဆောင်းပါးများသည် အခြေ
အမြစ်မရှိဘဲ ခိုင်မာမှန်ကန်မှုလည်းမရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ် ပြည်တွင်းဂျာနယ်တစ်စောင်တွင်မူ အမေရိကန် ဗီအိုအေ
သတင်းဌာန၏ သတင်းတစ်ပုဒ်တွင်ပါရှိသည့် '၀'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်ထံသို့
တရုတ်နိုင်ငံက ခေတ်မီလက်နက်များ ရောင်းချနေသည်ဟု လုံခြံုရေးဆိုင်ရာ သုံးသပ်လေ့လာသူ
များ၏ အချက် အလက်ကို အခြေခံကာ ရေးသားထားသည့် သတင်းတစ်ပုဒ်ကို ထပ်မံဖော်ပြထား
ကြောင်း တွေ့ရသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Jane's Intelligence Review ၏ အစီရင်ခံစာ
တွင် တရုတ် နိုင်ငံက '၀'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်သို့ စစ်တပ်အင်အားဖြည့်တင်းပေး
ရန်အတွက် ခေတ်မီလက်နက်များကို ယမန်နှစ်ကရောင်းချခဲ့ကြောင်း၊ ရောင်းချခဲ့သည့် လက်နက်
များတွင် မြေပြင်မှ ဝေဟင်ပစ်သည့် ဒုံးပျံများ၊ တင့်ကားဖျက် လက်နက်များလည်း ပါ၀င်ကြောင်း
ရေးသားခဲ့သည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်
မြေပေါင်းစည်း ရေးဆိုင်ရာကို အမြဲတမ်းလေးစားသည့် မူဝါဒကို ကျင့်သုံးနေကြောင်း ထုတ်ဖော်
ရေးသားထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံမြောက် ပိုင်းဒေသတွင် ဖြစ်ပေါ်နေသာ ပဋိပက္ခများနှင့်ပတ်သက်ပြီး
နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို အခြေခံသည့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် အမြဲတစေ ပြတ်
သားစွာ တိုက်တွန်းအားပေးခဲ့ ကြောင်း၊ ထို့ကြောင့် လတ်တလောတွင် အပစ်အခတ်များကို ချက်
ချင်းရပ်စဲရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို အတူတကွ ကြိုးစားရယူရန် တိုက်
တွန်းထားသည်။

ဖြစ်ပေါ်နေသော မြန်မာအစိုးရနှင့် ကေအိုင်အေအဖွဲ့တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်
ရန် တိုက်တွန်းမှုကို ပိုမိုတက်ကြွစွာ တွန်းအားပေး ကြောင်း၊ ယင်းမူဝါဒကိုလည်း ဆက်လက် ကျင့်
သုံးသွားမည်ဟု ဖော်ပြထားသည်။

သတင်းဌာနအချို့၏ ဖော်ပြချက်များသည် တရုတ်အစိုးရအပေါ် မြန်မာ ပြည်သူလူထုက အမြင်မှား
ယွင်နိုင်သော ကြောင့် မှန်ကန်သောသတင်းများ ထုတ်ပြန်ကြေညာသင့်သည်ဟုလည်း အဆိုပါ
ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး