ဗြိတိန်နှင့် ဩစတြေးလျက မြန်မာနိုင်ငံတိုးတက်ရေး ပူးပေါင်းကူညီမည်

ဗြိတိန်နှင့် ဩစတြေးလျက မြန်မာနိုင်ငံတိုးတက်ရေး ပူးပေါင်းကူညီမည်

ဗြိတိန်နှင့် ဩစတြေးလျတို့ ပူးပေါင်းဖွဲ့စည်းထားသည့် AusAID-DFID က မြန်မာနိုင်ငံ၏ အရေးကြီး
ဆုံးကဏ္ဍဖြစ်သည့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်မှုများကို ကူညီသွားမည်ဟု သိရသည်။

အခြေခံ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နေပြည်သူများ လူနေမှု
ဘဝမြှင့်တင်ရေးနှင့် ပဋိပက္ခဒေသများ၊ သဘာဝဘေးအန္တရာယ်ခံစားနေရသူများကို ကူညီထောက်ပံ့
မှုများ ဆောင်ရွက်ရန်အတွက် သဘောတူစာချွန်လွှာကိုလည်း ဇန်နဝါရီ ၂၉ ရက်နေ့က သင်္ဂဟ
ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့သည်။

"ဒီသဘောတူလက်မှတ်ရေးထိုး ကူညီတာတွေက မြန်မာနိုင်ငံရဲ့ ရာဇဝင်တွင် ပြောင်းလဲမှုအခြေ
အနေတွေကြောင့်ပါ"ဟု ဩစတြေးလျ နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ
ဂျန်နရယ် ဒါရိုက်တာ Mr. Peter Baxter က ပြောကြားသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး များ၊ နားလည်မှုများ ရရှိလာမည့်
အပြင် အာရှနိုင်ငံများအကြား ယုံကြည်ခိုင်မာမှုများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း Mr. Peter Baxter
က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများထဲတွင် အဆင်းရဲဆုံး သော နိုင်ငံစာရင်းဝင်ဖြစ်သည်
ကိုလည်း ၎င်းကထည့်သွင်းပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဥရောပနိုင်ငံများနှင့် ပထမဆုံး နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းဖြစ်သည်။

ဩစတြေးလျနိုင်ငံက ဒေါ်လာ ၁၅ သန်းနှင့် ဗြိတိန်နိုင်ငံက ဒေါ်လာ ၅ ဒသမ ၈ သန်းကို မြန်မာနိုင်ငံ
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ၂၀၁၂-၁၅ စီမံကိန်းတွင် သုံးစွဲသွားမည်ဟု သိရသည်။

"ကျွန်တော်တို့ အရေးကြီးဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ တိုင်းရင်းသားတွေအတွက်
ပညာရေးကို ဦးစားပေး ပူးပေါင်းဆောင် ရွက်ကြပါမယ်"ဟု ဗြိတိန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး
တိုးတက်မှု ပါလီမန် အတွင်းဝန် Mr. Mark Lowcock က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး