လွန်ခဲ့သော ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်၌ အဲပုဂံလေယာဉ် ပျက်ကျမှုဖြစ်ပေါ်ရခြင်း
အကြောင်းရင်း မှန် ဖော်ထုတ်ရန် လေယာဉ်ပါ Black Box ခေါ် လေယာဉ်မှတ်တမ်း သေတ္တာအား
ဩစတြေးလျနိုင်ငံသို့ ပေးပို့စုံစမ်းခဲ့ရာ စုံစမ်းတွေ့ရှိချက်များကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီးထံ လတ်တလောတင်ပြထားပြီး ၀န်ကြီးဌာနမှ ခွင့်ပြုပါက သတင်းမီဒီယာများထံ ထုတ်ပြန်
ပြောကြားသွားမည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ လေကြောင်းပို့ဆောင်
ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မြန်မာတိုင်း(မ်)ကို ပြော
သည်။
"၂၀ ရက်နေ့ကစပြီး စုံစမ်းစစ်ဆေးမှု တွေကို ပြုလုပ်ပြီး ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ပြန်ရောက်ခဲ့ပါ
တယ်။ ၂၈ ရက်နေ့မှာ တော့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ပြ
ထားပါတယ်။ နောက်သတင်းမီဒီယာတွေကို လည်း ရှင်းလင်းတင်ပြဖို့ ၀န်ကြီးဌာနကို တင်ပြထားပါ
တယ်။ ၀န်ကြီးဌာနက ခွင့်ပြုတာနဲ့ ဒီလေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းနဲ့ပတ်သက်ပြီး စုံစမ်း
တွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ Black Box အား ကနဦး စင်ကာပူနိုင်ငံတွင် စုံစမ်းစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း နောက်
ပိုင်း အဆင်မပြေမှုအချို့ကြောင့် ဩစတြေးလျ ပို့ဆောင်ရေး လုံခြံုမှုအစိုးရဌာနတွင် သွားရောက်
စစ်ဆေးခဲ့ခြင်းဖြစ်သည်။















