ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အကြွေးများ ရှင်းလင်းနိုင်ခဲ့

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် အကြွေးများ ရှင်းလင်းနိုင်ခဲ့

မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်များသို့ ပေးအပ်ရမည့် အကြွေးများကို ရှင်းလင်း
ဆောင်ရွက်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း
ဇန်နဝါရီလ ၂၇ ရက်နေ့က ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်လဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်များသို့ ပေးဆပ်ရမည့်အကြွေးများ
ကို ရှင်းလင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာ နိုင်ငံရှိ ပြည်သူများအားလုံး အကျိုး ကျေးဇူးရရှိစေရန်အတွက်
ငွေကြေးနှင့် နည်းပညာအကူအညီများ ပါ၀င်သည့် ဖွံ့ဖြိုးရေး စီမံကိန်များအား အပြည့်အဝ ပူးပေါင်း
ဆောင်ရွက်သွားတော့မည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ တာဝန်ခံ ညွှန်ကြားရေးမှူး Annette Dixon က မြန်မာနိုင်ငံမှ အထူး
သဖြင့် ဆင်းရဲနွမ်းပါးသူများအပါအဝင် မြန်မာပြည်သူများ၏ ဘဝအခြေအနေ တိုးတက်စေရန် ပြုပြင်
ပြောင်းလဲရေးလုပ်ငန်းများ မကြံုစဖူး လုပ်ဆောင်နေသော မြန်မာနိုင်ငံ၌ ရှေ့ဆက်ပြီး စီးပွားရေး
ပြုပြင်ပြောင်းလဲ ရေးပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

"လုပ်စရာတွေတော့ အများကြီးကျန် နေပါသေးတယ်။ မြန်မာနိုင်ငံအစိုးရက လုပ်ဆောင်နေတဲ့
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ လူတိုင်းအတွက် စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်ဖြစ်ထွန်းလာရေး
ဆောင်ရွက်ချက်တွေကို ပိုမိုအား ကောင်းလာစေဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီဆောင်ရွက်သွားဖို့
ကတိပြုထားပြီး ဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် ကမ္ဘာ့ဘဏ်နဲ့ပေါင်းစပ်လုပ်ကိုင်နေတဲ့
နေရာမှာ ဂျပန်အစိုးရနဲ့တခြား မိတ်ဆွေနိုင်ငံများကပါ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရေး၊ တိုးတက်မှုအား
ကောင်းလာရေးနဲ့ အလုပ်အကိုင်များ ဖန်တီးရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးကြမှာဖြစ်ပါ
တယ်"ဟု Annette Dixon ကပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကမ္ဘာ့ဘဏ်ဒါရိုက်တာအဖွဲ့သည် မြန်မာ နိုင်ငံနှင့် ပြန်လည်
ပူးပေါင်းဆောင်ရွက် ရေးနှင့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးအတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း
၄၄၀ ပေးအပ်ရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတော် ဖွ့ံဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် ၁၉၇၃
ခုနှစ်ခန့်မှ စပြီး ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှုချေးငွေများ ရယူခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက
ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး