နိုင်ငံပိုင်ငွေများ အလွဲသုံးမှုဖြင့့် ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများကို အမှုဖွင့်ထား

နိုင်ငံပိုင်ငွေများ အလွဲသုံးမှုဖြင့့် ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများကို အမှုဖွင့်ထား

မိုဘိုင်းဆက်သွယ်ရေးစီမံကိန်း လုပ်ငန်း၏ စက်ပစ္စည်းနှင့်အဆောက် အအုံစရိတ်၊ ဘဏ္ဍာငွေပိုမို
တွက်ချက်တင်ပြထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ဈေးလျှော့ဝယ်ယူခြင်း၊ နိုင်ငံပိုင်ငွေများ
ကိုယ်ကျိုးအလွဲ သုံးစားပြုခဲ့သည်ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများအား
အမှုဖွင့်ထားသည်ဟု သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အပေါင်းအပါ ခုနစ်ဦးအပေါ် နေပြည်တော်ကောင်စီ နယ်မြေ၊
ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစခန်းတွင် ဇန်နဝါရီ ၁၈ ရက်က ဆက်သွယ်ရေးဝန်ကြီး ဌာနက
အမှုဖွင့်ထားကြောင်း သိရသည်။

ရဲစခန်းက (ပ/၆/၂၀၁၃) အရ ပြစ်မှုကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး