လိုင်ဇာသို့ ချီတက်သူအဖွဲ့ မိတ္ထီလာ၌ ဘာသာစုံ ဆုတောင်းပွဲ ကျင်းပမည်

လိုင်ဇာသို့ ချီတက်သူအဖွဲ့ မိတ္ထီလာ၌ ဘာသာစုံ ဆုတောင်းပွဲ ကျင်းပမည်

ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့၏ ကချင်ပြည်
နယ်ငြိမ်းချမ်း ရေးခရီးစဉ် မိတ္ထီလာမြို့သို့ ရောက်ရှိချိန်တွင် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ
ကျင်းပမည်ဟု အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအောင်မင်းနိုင်က မြန်မာတိုင်း(မ်)ကို ပြော
သည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တို့အပြင် ဘာသာဝင်ပေါင်းစုံက ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲကျင်းပ
မည်ဖြစ်သည်ဟု ဆိုသည်။

"ပြည်သူတိုင်း ငြိမ်းချမ်းရေးကို လိုချင်ကြတာပါ။ ခရီးစဉ်တစ်လျှောက်လည်း ပြောရလောက်အောင်
အခက်အခဲတွေ မရှိခဲ့ပါဘူး။ ရှေ့ဆက်ပြီးလည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လိုင်ဇာတောင်ကုန်း အရောက်
ငြိမ်းချမ်းရေးအလံ အရောက်သွားစိုက်ပါမယ်"ဟု ဦးအောင်မင်းနိုင်က ဖေဖော်ဝါရီ ၄ ရက်နေ့က
မြန်မာတိုင်း(မ်) ကို ပြောသည်။

ရန်ကုန်မြို့၊ မြို့တော်ခန်းမမှ ဇန်နဝါရီ လ ၂၁ ရက်နေ့မှ စတင်ထွက်ခွာလာသည့် မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့သည် ကချင်ပြည်နယ်၊ လိုင်ဇာတောင်ကုန်းသို့ နှစ်လခရီးစဉ်အဖြစ်
လမ်းလျှောက်ချီတက်ခြင်းဖြစ်ကာ တစ်နေ့လျှင် ၂၅ မိုင်ဝန်းကျင်ခန့် လမ်းလျှောက်ချီတက်လျက်ရှိ
သည်။

"အုပ်ချုပ်ရေးမြို့တော်ကြီးအရောက် ကြံ့ခိုင်ရေးပါတီက ကြိုဆိုတယ်၊ ဧည့်ခံတဲ့ အတွက် အရမ်းဝမ်း
သာတယ်။ အထက် က ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေကြတယ်ဆိုလည်း တစ်နိုင်ငံသားတည်းဖြစ်လို့
သူတို့လည်းငြိမ်းချမ်းရေးကို လိုချင်ကြမှာပါ"ဟု နေပြည်တော်ကောင်စီအရောက် ဒေသအာဏာပိုင်
များနှင့်အတူ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြိုဆိုခဲ့မှုများကို ၎င်းကပြောသည်။

ပုရွက်ဆိတ်ကုန်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော် ၀ါရီလ ၂ ရက်နေ့တွင်
၎င်းတို့အဖွဲ့ကို နံနက်စာဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

နိုင်ငံတွင်းရှိ အင်အားကြီးပါတီဝင် အဖွဲ့ဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ပုရွက်ဆိတ်ကုန်း)
ကလည်း ဖေ ဖော်ဝါရီ ၂ရက်နေ့တွင် နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေသို့ရောက်ရှိစဉ် မြို့ရှောင်လမ်းရှိ ပုရွက်
ဆိတ်ကုန်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ည အိပ် ရပ်နားခဲ့သည်။

ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့်အတူ ဆရာဝန်များကလည်း လမ်းလျှောက်
ချီတက်သူများ၏ ကျန်းမာရေးကို ဒါနပြု ကုသပေးခဲ့သည်။

"တိုင်းသူပြည်သားအချင်းချင်း ပစ်ခတ်နေကြတာတွေ အမြန်ဆုံးရပ်စေချင် တယ်။ ဒီလို ကိုယ်ကျိုး
မကြည့်ဘဲ တိုက်ပွဲဆီ အရောက်သွားသူတွေ ကိုယ့်ရွာလေးမှာ ၀င်တည်းတဲ့အတွက်လည်း ဂုဏ်ယူ
ပါတယ်။ သူတို့တွေကိုလည်း လေးစားပါတယ်"ဟု ပုရွက်ဆိတ်ကုန်းရွာ ဒေသခံတစ်ဦးက ဆိုသည်။

ပျဉ်းမနားမြို့ရှိ မြို့ဦးဓမ္မာရုံဝတ် အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း "ဘုန်းတော်ကြီးတွေလည်း
ပါတာမို့ ကိုယ်တွေက ဘာသာရေးသက်သက် အလှူလာလုပ်တာပါ"ဟု ရေသန့်နှင့် မုန့်များ လာ
ရောက်လှူဒါန်းစဉ်ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သည်လည်း အဆိုပါ လမ်းလျှောက်ခရီးသွားအဖွဲ့ကို စောင့်ဆိုင်းသတင်းယူ
ခြင်းအပြင် အချိုရည်များဖြင့် ကြိုဆိုခဲ့သကဲ့သို့ မြို့နယ်ရဲ တပ်ဖွဲ့ဝင် ၂၀ ခန့်ကလည်း စောင့်ဆိုင်းနေ
သည်ကို တွေ့ရသည်။

အဖွဲ့ဝင် ၃၅ ဦးဖြင့် ထွက်ခွာလာရာ နေပြည်တော် ကောင်စီနယ်မြေ အရောက် အဖွဲ့ဝင်ခုနစ်ဦး တိုး
လာပြီး ရှေ့ဆက်ခရီးစဉ်တွင်လည်း ထပ်ပေါင်း အဖွဲ့ဝင်များက စောင့်ကြိုလျက်ရှိသည် ဟု သိရ
သည်။

ခရီးစဉ်တစ်လျှောက် လိုင်ဇာအတွက် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ လှူဒါန်းငွေ ပေါင်းကျပ် ၅၁ သိန်း
ရရှိပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

ဖြတ်သန်းသွားလာစဉ် ဒေသအာဏာပိုင်များက ဆိုင်းဘုတ်များထောင်ခြင်း၊ စာရွက်များဖြန့်ဝေခြင်း
မပြုရန်အတွက် ခံဝန်ကတိကို အဖွဲ့ဝင်ခေါင်းဆောင် သုံးဦးက လက်မှတ်ရေးထိုးခဲ့ရရာ နေပြည်တော်
အပါအဝင် မိတ္ထီလာမြို့ အရောက် ခုနစ်မြို့နယ်တွင် ခံဝန်ကတိ ရေးထိုးပြီးဖြစ်သည်။

"ကျွန်တော်တို့က ပုံမှန်ခရီးသွားတွေ ဖြစ်တယ်လို့ ခံဝန်ကတိတွေရေးထိုးထားပါတယ်။ တစ်စုံတစ်ရာ
ဖြစ်လာတယ်ဆိုလည်း ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်သွားဖို့ အသင့်ပါပဲ"ဟု
ဦးအောင်မင်းနိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး