ဥပဒေသစ်ဖြင့်ဖွဲ့မည့် ခုံရုံးသစ် ယခုလဆန်းတွင် အပြီးဖွဲ့နိုင်ခြေရှိ

ဥပဒေသစ်ဖြင့်ဖွဲ့မည့် ခုံရုံးသစ် ယခုလဆန်းတွင် အပြီးဖွဲ့နိုင်ခြေရှိ

အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌရွေး ရာတွင် သမ္မတစ်ဦးတည်းက မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး
တို့နှင့် တိုင်ပင်ပြီး ရွေးချယ်ရမည့် အစရှိသည့် ခုံရုံးဥပဒေ အသစ်အရ ဖွဲ့စည်းမည့် ခုံရုံးအဖွဲ့သစ်ကို
ဖေဖော်ဝါရီလဆန်းတွင် အပြီးဖွဲ့နိုင်ခြေရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့ က ခန့်မှန်းထားကြ
သည်။

ခုံရုံးအဖွဲ့ဝင်ကိုးဦးအတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သုံးဦး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက
သုံးဦးနှင့် နိုင်ငံတော် သမ္မတသုံးဦးတို့ ရွေးချယ်ကြရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည်
ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ၎င်းရွေးချယ်လိုက်သည့် ခုံရုံးအဖွဲ့ဝင်သုံးဦး၏ အမည်စာရင်းကို သမ္မတ
ထံသို့ ပေးပို့ကြောင်း ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်း အဝေး ၁၂ ရက်မြောက်နေ့ဖြစ်သည့်
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်သို့ ကြေညာခဲ့သည်။ အဆိုပါသုံးဦးတို့မှာ တရားလွှတ်
တော် ချုပ်ရုံးညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမြသိန်း၊ တရားလွှတ်တော်ရှေ့နေနှင့် ညွှန်ကြားရေးမှူး
အငြိမ်းစားဦးမြသိန်းနှင့် တရားလွှတ်တော်ရှေ့နေ၊ နိုတြီပတ် ဘလစ်ဦးမြင့်လွင်တို့ဖြစ်ကြောင်း၊ ထိုသူ
တို့မှာ အရည်အချင်းနှင့် အတွေ့အကြံု များ ပြည့်စုံကြွယ်ဝရုံသာမက သမာ သမတ်ရှိပြီး ပွင့်လင်း
မြင်သာစွာ စွမ်း ဆောင်နိုင်သူများ ဖြစ်ကြမည်ဟု မျှော်လင့်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်
တို့က ပြောသည်။

'ဒီသုံးဦးဟာ အရင်က ပြည်သူ့လွှတ်တော်ကိုလာပြီး ဥပဒေရေးရာကိစ္စ တွေမှာ ပါ၀င်ဆွေးနွေးခဲ့ကြတဲ့
သူတွေပါ။ ကျွန်တော်တို့ အတွေ့အကြံုအရ ပြောရရင် အဲဒီပုဂ္ဂိုလ်တွေ ဆွေးနွေးတဲ့အခါ လွှတ်တော်
ဥက္ကဋ္ဌမှားရင်လည်းမှားကြောင်း သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ပြောကြတာ တွေ့ရတယ်။

ပြီးတော့ ဆွေးနွေးရာမှာ ဥပဒေပညာရပ်အပေါ်မှာပဲ ရပ်တည်ပြီးပြောတာလည်း တွေ့ရ တယ်။
လက်ရှိခုံရုံးဥပဒေအရ နိုင်ငံတော် သမ္မတရယ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့ က ခုံရုံးအဖွဲ့ဝင်သုံး
ယောက်စီ ရွေးကြရတာဖြစ်လို့ အဲဒီပုဂ္ဂိုလ်ကိုးဦးစုံသွးတဲ့အခါ သူတို့အားလုံးဟာ သမာသမတ်ရှိပြီး
ပွင့်လင်းမြင်သာမှုလည်းရှိကြမယ်လို့ မျှော်လင့်ပါတယ်"ဟု ရေကြည်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်ဦးဝင်းဆန်းက ပြောသည်။

ယခင်ခုံရုံးအဖွဲ့ဝင်တို့အား ရွေးချယ်ခဲ့ ခြင်းနှင့် ပုံစံချင်း၊ အခြေအနေချင်းလည်း ကွာခြားသည်ဟု
၎င်းက ပြောသည်။

"အစိုးရသစ်ဖွဲ့ခါစတုန်းက ခုံရုံးအဖွဲ့ ၀င်တွေ ရွေးခဲ့ကြရာမှာ အာဏာရပါတီ ကြီးလည်းဖြစ်လေတော့
ခုံရုံးအဖွဲ့ဝင် စာရင်းကို သက်ဆိုင်ရာပါတီခေါင်း ဆောင်တွေဆီ ပို့လိုက်တဲ့အခါကျန်တဲ့ သာမန်ပါတီ
၀င်လွှတ်တော်ကိုယ်စား လှယ်အနေနဲ့ အဲဒီစာရင်းကို တောင်းကြည့်ဖို့၊ သူတို့ရဲ့ ကိုယ်ရေးဖိုင်တွေ
ဖတ်ရ ဖို့တောင် မလှယ်လှဘူး။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူဘယ်ဝါ နဲ့ ကိုယ်ရေးအချက်အလက်
တွေကို ပွင့်လင်းမြင်သာနဲ့ ပုံစံနဲ့သွားတာဖြစ်လို့ ဂဃ နဏသိနိုင်ကြတယ်"ဟု ၎င်းက ဖြည့်စွက်ပြော
သည်။

မြန်မာနိုင်ငံတွင် ခုံရုံးကို အသုံးပြုသည့် ကာလမှာ အနှစ် ၃၀ ခန့်သာရှိသေးသဖြင့် ခုံရုံးအဖွဲ့ဝင်တို့
တွင် တရားသူကြီးအတွေ့အကြံုနှင့် ရှေ့နေအတွေ့အကြံုရှိသူတို့သာရနိုင်ပြီး ဥပဒေကို ထဲထဲဝင်ဝင်
ကာလ ကြာရှည်လိုက်စားခဲ့သော ဥပဒေပညာရှင်များ လိုနေသည်ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

အခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးထားတဲ့ သုံးဦးမှာ ဒုတိယနဲ့ တတိယလူ တွေကိုတော့
ကျွန်တော်သိပါတယ်။ ညွှန်ချုပ်ဟောင်းကလာတဲ့ ဦးမြသိန်းတို့ တော့ ကျွန်တော်သိပ်မသိဘူး။
တရား လွှတ်တော်ရှေ့နေ ဦးမြသိန်းက အရင် ရန်ကုန်ရှေ့နေအသင်းအတွင်းရေးမှူးပါ။

ကျွန်တော်တို့ ရှေ့နေဖြစ်စမှာ ဥပဒေတွေ ပို့ချပေးခဲ့သူပါ။ ဦးမြင့်လွင်ဆိုရင်လည်း စမ်းချောင်းမှာ
'အောင်ဥပဒေ'ကို ထူ ထောင်ခဲ့ပြီး ကျွန်တော်တို့ကို ဥပဒေပညာ သင်ပေးခဲ့သူပါ။ သူတို့ရဲ့ အရည်
အချင်း တွေ၊ အတွေ့အကြံုတွေက ပြောစရာကို မရှိပါဘူး။ ခုံရုံးအဖွဲ့ဝင်တွေဖြစ်လာပြီး သမာသမတ်
ရှိ၊ မရှိဆိုတာကိုတော့ သူတို့ ရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ကြရမှာပဲ။

"မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျင့်သုံးတဲ့ နှစ်က ၁၉၄၇ ကနေ ၁၉၆၂ မှာ တစ်ကြိမ်၊
၁၉၇၄ ကနေ ၁၉၈၈ မှာ တစ်ကြိမ်နဲ့ အခု ၂၀၁၀ ကနေ ဒီနေ့ အထိဆိုတော့ အနှစ် ၃၀ ပဲရှိသေး
တယ်။ အဲဒါကို ထဲထဲဝင်ဝင်လိုက်စားလေ့လာသူက အင်မတန်နည်းပါတယ်။ နောင်မှာ အခြေခံ
ဥပဒေကို ထဲထဲဝင်ဝင်လိုက်စားပြီး ကျင့်သုံးနိုင်တဲ့ ဥပဒေပညာရှင်တွေ ပေါ်ပေါက်ဖို့ အခုမျိုးဆက်
သစ်တွေက ကြိုးပမ်းသွားကြရမှာပါ"ဟု ၎င်းက ပြောသည်။

ခုံရုံးအဖွဲ့ဝင်များဖွဲ့ပြီး ခုံရုံးဥက္ကဋ္ဌရွေး ချယ်အတည်ပြုပြီးပါက ယခုပြည်ထောင်စုက အတည်ပြုထားပြီး
သား အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေသစ်အား ယခုပေါ်ပေါက်လာမည့် ခုံရုံး
အဖွဲ့သစ်က ပြန်လည်စိစစ်သုံးသပ်လိမ့်မည်ဖြစ်ကြောင်း SNDP ပါတီမှ သီပေါမဲဆန္ဒနယ်ဦးရဲထွန်းက
ပြောသည်။

"ကျွန်တော်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆိုရင်တော့(ခုံရုံးအဖွဲ့ဝင်ရွေးတဲ့အခါ) ပညာအရည်အချင်း၊
အတွေ့အကြံုနဲ့ တခြားသတ်မှတ်ထားချက်တွေ ကိုက် ညီသူဖြစ်တဲ့အပြင် ကိုယ်ကျင့်သိက္ခာပိုင်း
အရ ရိုးသားဖြောင့်မတ်ပြီး ဘက်မလိုက်တဲ့ တည်ကြည်တဲ့သူတွေဖြစ်ဖို့ကို ပိုပြီး ဦးစားပေးရွေးချယ်
မှာပဲ။ အခုအတည်ပြုထားတဲ့ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရဆိုရင် ခုံရုံးဥက္ကဋ္ဌကို ရွေးတဲ့
အခါ သမ္မတရယ် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးရယ် ဒီသုံးဦး တိုင်ပင်ပြီးမှ ရွေးကြရမှာ၊ ခုံရုံးဥပဒေ အသစ်
ကို ပြည်ထောင်စုက အတည်ပြုခဲ့ချိန်မှာ နိုင်ငံတော်သမ္မတက လက်မှတ် ထိုးထားတဲ့ ကြေညာချက်
မှာကျတော့ "ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု
ရှိ၊ မရှိကို ခုံရုံးက ဆုံးဖြတ်လိမ့်မည်"လို့ မှတ်ချက်နဲ့ လက်မှတ်ထိုးခဲ့တာဖြစ်လို့ ခုံရုံးအဖွဲ့ဝင်တွေ ဖွဲ့ပြီး
ချိန်မှာ ဒီဥပဒေသစ်ကို ခုံရုံးကိုတင်သွင်းဖို့ လိုပါမယ်" ဟု ဦးရဲထွန်း က ခုံရုံးဖွဲ့ပြီးချိန်တွင် ပထမဆုံး
ပေါ်ပေါက်လာမည့်အခြေအနေများကို ပြောကြားသည်။

ခုံရုံးအဖွဲ့သစ်ဖွဲ့ပြီးသည်နှင့် ဦးစားပေး ဆုံးဖြတ်ပေးရမည့် အခြေခံဥပဒေဆိုင်ရာ ၀ိ၀ါဒကွဲပြားမှုများ
အနက် "နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများသည် ရာထူးတာဝန်ထမ်း
ဆောင်နေစဉ်အတွင်း ပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်ပါက ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း
မပြုဟူသော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို တိကျ ရှင်းလင်းစွာ အနက်အဓိပ္ပာယ်ဖွင့်ပေးရန်"ဟူ
သော ပုသိမ်မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်၏ အဆိုကို ပြီးခဲ့သည့် ဇန်နဝါရီ
လ ၂၁ ရက် နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သမ္မတရုံးဝန်ကြီးဦးစိုးမောင်က ခုံရုံးဖွဲ့ စည်းပြီးမှ
သာ အဓိပ္ပာယ်ဖွင့်ပေးနိုင်မည် ဟု ဖြေကြားခဲ့သည့်အတွက် ၎င်းအဆို ကိုလည်း အဓိပ္ပာယ်ဖွင့်ပေးရ
မည်ဖြစ် ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး