ရေစီးကြောင်းပြောင်းလဲပြီး ကမ်းပါး ပြိုကျ အက်ကွဲမှုများကြောင့် ဧရာဝတီ မြစ်ကမ်းပါးနံဘေးနှင့်
စစ်တောင်းမြစ် ကမ်းနားနံဘေးတွင်ရှိသော မြို့ရွာ အတွင်းရှိ လူနေအိမ်များစွာ အကြိမ်ကြိမ်
ရွှေ့ပြောင်းနေရပြီး အိုးမဲ့အိမ်မဲ့အဖြစ်သို့ ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့
နယ် ကြွေပုဂံချောင်း ကျေးရွာနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ သိမ်ဇရပ်ကျေးရွာအုပ်စု ရွာမရပ်ကွက်
နှင့် ဆိပ်ကမ်းသာရပ်ကွက် စသည့် ဒေသများ၏ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ သိရသည်။
အထက်ဖော်ပြပါ ဒေသများ၌ နေ့စဉ် မြစ်ရေတိုက်စား ဒီရေရိုက်ခြင်းနှင့် မြစ် အတွင်း သောင်ထွန်းမှု
များခြင်းအပြင် တံတားသစ်တည်ဆောက်ရာတွင် မြစ်ရေစီးကြောင်း ပြောင်းမှုများ ဖြစ်ပေါ်ပြီး အက်
ကွဲကြောင်းများဖြစ်ပေါ်ကာ ကမ်းပါးပြိုကျမှုများ နေ့စဉ်ဖြစ်ပေါ်နေ ကြောင်း သိရသည်။
"အစ်မတို့နဲ့နီးလာလို့ ပြီးခဲ့တဲ့လက အစ်မအိမ်ဖျက်ထားတယ်။ လယ်ရှိတော့ လယ်ထဲကို ရွှေ့တယ်။
တဲဆောက်နေတယ်။ မိသားစုကတော့ သားသုံးယောက် နဲ့ဆိုတော့ အားလုံး ငါးယောက်ရှိတယ်။
ကမ်းပါးပြိုတာကတော့ ရေတိုက်စားတာပေါ့။ အခုအပေါ်ကနေ ကြည့် မယ်ဆိုရင် ချောက်ကြီး။
ပြီးခဲ့တဲ့လက ပေကြိုးတွေနဲ့တော့ လာတိုင်းသွားတယ်။ မြေပြိုနေတာတွေကို လာကြည့်တယ်။
အရင်ကပြိုတယ်ဆိုပေမယ့် နောက်ပိုင်း မပြိုတော့တာ ကြာပါပြီ။ ၂၀၁၁ နှစ် လယ်ပိုင်းမှာ ပြန်ပြီးပြို
ခဲ့တယ်။ ကျောင်း နေရာအထိ တာပေါက်သွားတဲ့အတွက် ကျောင်းနေရာကိုတော့ ပြီးခဲ့တဲ့နွေပိုင်း
တုန်းက ရွာပြင်ရွှေ့ထားတယ်။ အခု ရွာမှာ နေအိမ် ၁၆၅ လုံးလိုအပ်နေပါတယ်" ဟု တိုက်ကြီး
မြို့နယ် ကြွေပုဂံချောင်း ရွာမှ ဒေါ်အေးအေးပိုက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့ သိမ်ဇရပ် ကျေးရွာအုပ်စု ရွာမရပ်ကွက်
နှင့် ဆိပ်ကမ်းသာရပ်ကွက် စသည့် ဒေသများ သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် လာရောက် ကြည့်ရှုခဲ့
သည်။
"နေရတဲ့နေရာနဲ့ ပေ ၅၀ အကွာသာ ဖြစ်နေတဲ့အတွက် နေရာတွေရွှေ့ပြောင်းထားရတယ်။ အဲဒါတွေ
အတွက် အိမ်ခြေ ၅၂ နေရာချထားပေးတာ ဖြစ်တယ်။ မီးရထားလမ်း တာပေါင်ဘေးမှာဖြစ်တယ်။
ဗို့အား ၁,၆၀၀ အား ရှိတဲ့ မဟာ ဓာတ်အားလိုင်းအောက်မှာ ရှိနေတာကြောင့် မီးဘေးအန္တရာယ်
စိုးရိမ်နေရပါတယ်။ ပြိုခါနီးဖြစ်နေတဲ့အိမ်တွေ တဲထိုး နေရတာ ရှိတယ်။ ဆွေမျိုးတွေရှိတဲ့ နေရာ
ပြောင်းရွှေ့နေရတယ်။ ဒီဒေသက ငါးဖမ်းလုပ်သားတွေအနေနဲ့ ငါးဖမ်းထွက်ရင် ၁၀ ရက်ကနေ
တစ်လအတွင်း ကြာတတ်တာကြောင့် အိမ်နေရာ အတည်တကျ မရှိကြတဲ့အပြင် အိမ်လုံခြံုရေးမရှိ
တဲ့ပြဿနာကြောင့် သိပ်မထွက်ဖြစ်ကြတော့ဘူး။ အလုပ်အကိုင်ပါ ပျက်ကြရတယ်။ အိမ်တွေ
အတွက် ခိုင်မာတဲ့နေရာ လိုအပ်နေပြီး အလှူငွေများလည်း လိုအပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ
လ ၂၄ ရက် နေ့မှာတော့ ဒေသခံတွေနဲ့စုပြီး ပြန်လည်နေရာချထားရေး ကော်မတီအဖွဲ့ ဖွဲ့ခဲ့ပါတယ်"
ဟု ကြွေပုဂံချောင်းကျေးရွာဒေသခံ ဦးချစ်ဦးက ပြောသည်။
ယခု ၂၀ ၁၂၊ စက်တင်ဘာလအတွင်း နှင့် အောက်တိုဘာလများအတွင်း အိမ်များ တဖြည်းဖြည်းနှင့်
ပြိုကာ ဆိပ်ကမ်းသာရွာတွင် အိမ် ၁၁၀၊ ရွာမတွင် အိမ် ရ၀ ဖျက်သိမ်းခဲ့ရသည်။
မြစ်ရေတိုက်စားမှုနှင့် ဝေးသော နေရာ များ၌စနစ်တကျ နေရာချထားပေးစေလိုကြောင်းရွာသားများ
က ပြောသည်။















