ဟန်ချက်ညီသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပုံစံ ပြောင်းလဲကျင့်သုံးမည်

ဟန်ချက်ညီသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပုံစံ ပြောင်းလဲကျင့်သုံးမည်

ရေအားလျှပ်စစ်မှရရှိသော လျှပ်စစ်ကို အဓိကအားထားနေရသည့် စနစ်မှ လျှပ်စစ်ထုတ်လုပ်မှုပုံစံမျိုး
စံပါ၀င်သည့် စနစ်သို့ ပြောင်းလဲကျင့်သုံးရန် စီစဉ် ဆောင်ရွက်နေသည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီး
ဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်တည်ဆောက်ရေး ဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်
ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ပြုပြင်ရမှာက ဟန်ချက်ညီတဲ့ လျှပ်စစ်ထုတ်ယူမှုစနစ်ဖြစ်အောင်ပါ။ ရေအားကိုပဲ အဓိကထားတော့
နွေ ရောက်လို့ ဆည်တွေရေခန်းရင် ဓာတ် အားပေးနိုင်မှု လျော့ကျသွားပါတယ်" ဟု အဆိုပါဌာနမှ
ညွှန်ကြားရေးမှူး ဦးချစ်တိုး က ပြောသည်။

မြန်မာနိုင်ငံ၌ စက်တပ်ဆင်အင်အား ၂၉၇၄ မဂ္ဂါ၀ပ်ခန့် ထုတ်လုပ်နေပြီး ရေအားလျှပ်စစ်မှ ၂၁၃၉ ဖြင့်
ရ၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ရ၁၄ ဖြင့် ၂၄ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ ၁၂၀ ဖြင့် လေးရာ
ခိုင်နှုန်းရှိသည့်အတွက် ရေအားလျှပ်စစ်ကို အဓိက မှီခိုအားထား နေရသည်ဟု ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံများကိုလည်း
အခြေခံဝန်အား အသုံးပြုရန် အကောင်အထည် ဖော်လျက်ရှိပြီး ရန်ကုန်မြို့၌ ကျောက် မီးသွေး
လောင်စာသုံး၊ သဘာဝဓာတ်ငွေ့သုံးနှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်း တိုးချဲ့
ရန် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ဓာတ်အားသုံးစွဲသူဘက်မှ နေ့စဉ် အချိန်နှင့်အမျှ ပြောင်းလဲသုံးစွဲနေသည့် ၀န်အားပမာဏကို ဓာတ်
အားထုတ်သူမှ အချိန်နှင့် တစ်ပြေးညီ 'ပြည့်ပြည့်ဝဝ အပြတ်အတောက်မရှိ' ဖြည့်ဆည်းပေးရန်လို
သည်ဟု ဦးချစ်တိုးက ပြောကြားသည်။

ထိုသို့ဖြည့်ဆည်းပေးနိုင်ရန် ဓာတ်အား အတိုးအလျော့လုပ်၍ မရဘဲ တစ်သမတ်တည်းသာ ထုတ်
လုပ်နိုင်သည့် ကျောက်မီးသွေးသုံးလောင်စာစက်များ၊ လောပိတ၊ ရွှေလီကဲ့သို့သော Run-off river
type များကို အခြေခံဝန်အား အဖြစ် ၂၄ နာရီမပြတ် သုံးရန်၊ တစ်သမတ်တည်းသာ ထုတ်နိုင်သည့်
သဘာဝဓာတ်ငွေ့သုံးစက်များကို အလယ်ပိုင်း ၀န်အားအဖြစ်နှင့် ဓာတ်အားအမြင့်ဆုံးလိုသည့်
အချိန်ပိုင်းတွင်သာ ဓာတ်အားထုတ်ရန် သမားရိုးကျ ရေအားစက်များ၊ Pump Storage ရေအားစက်
များကို အမြင့်ဆုံးဝန်အားအဖြစ်သုံးရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ဟန်ချက်ညီသော Generation Mix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် နောင်တိုးချဲ့
တည်ဆောက်မည့် ဓာတ်အားပေးစက်ရုံများတွင် ရေအားသာမက သဘာဝဓာတ်ငွေ့၊ ကျောက်မီး
သွေး၊ နေစွမ်းအင်၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တည်ဆောက်သွားရန် လို
အပ်မည်ဟု ၎င်းကပြောသည်။

ရေတိုကာလအတွင်း ဓာတ်အားလို အပ်ချက်ကို အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်
မည့် အစီအမံမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းပင်
ဖြစ်သည်ဟု ၎င်းက ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးအနေဖြင့် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း
များပြီးစီးရန် နှင့် တည်ဆောက်ဆဲ သဘာဝဓာတ်ငွေ့သုံးတာဘိုင်များ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရန်
ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ပြည်တွင်းစွမ်းအားအရင်းအမြစ်ဖြစ်သော သဘာဝဓာတ်ငွေ့ကို လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၌
လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ဦးစားပေးလျာထား ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု ၎င်းက
ပြောသည်။

ရေရှည်ကာလတွင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံများ၊ အခြားစွမ်းအင်သုံး
ဓာတ်အားထုတ်လုပ်မှုများဖြင့် ဟန်ချက်ညီသော Generation Mix ရရှိရေး စီမံဆောင်ရွက်သွား
မည်ဟုလည်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး