ဇီဝသုခ အခမဲ့ဆေးခန်း ဖွင့်ထား

ဇီဝသုခ အခမဲ့ဆေးခန်း ဖွင့်ထား

ဧရာဝတီတိုင်း၊ ဟင်္သတမြို့နယ်၊ ရွာသစ်ရွာ၊ မင်္ဂလာကံဦးကျောင်းတိုက်၌ ဇီဝသုခဆေးခန်းကို
ဖွင့်လှစ်ထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ လူနာ ၃၀၀ ကျော်အား အခမဲ့ ဆေးဝါးကုသပေး
လျက်ရှိကြောင်း သိရသည်။

မင်္ဂလာကံဦးကျောင်းတိုက်ရှိ ပဓာန နာယကဆရာတော် ဘန္ဒန္တခေမာစာရ နှင့် မိုးကုတ်နယ်လှည့်
ဓမ္မကတိဆရာတော် ဘန္ဒန္တကောဏ္ဍညတို့ ဦးဆောင်၍ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ထားပြီး ဟင်္သာတမြို့နယ် လယ်ကြီးကွင်းအုပ်စု၊ ရွာသစ်ရွာ၊
ရဲကွင်း၊ ကြူကပိုင် လေးရွာများမှ လူနာများ အပတ်စဉ် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

ဆေးခန်းတွင် ဆရာဝန်များ၊ ဆေးဝါး ကျွမ်းကျင်သူများကကုသိုလ်ဖြစ် ဆေးကုသပေးလျက်ရှိရာ
ဆရာဝန်အင်အား နှင့် လူနာအင်အား မမျှတသည့်အတွက် တစ်နေကုန်အောင်စောင့်၍ ကုသနေရ
သဖြင့် နေ့လယ်စာကို ကျွေးမွေးလှူဒါန်းလျက်ရှိသည်။

တစ်နေ့တာဆေးဝါးများ၏ တန်ဖိုးမှာ ပျမ်းမျှအားဖြင့် ကျပ်နှစ်သိန်းနီးပါးခန့်ရှိပြီး တစ်နေ့တာ ဆေးဝါး
နှင့် နေ့လယ်စာ အာဟာရအတွက် လှူဒါန်းနိုင်သည်။

ဇီဝသုခ (အခမဲ့) ဆေးခန်းအတွက် လှူဒါန်းလိုပါက ဓမ္မရောင်ခြည် ဓမ္မလုပ်ငန်း၊ အဆောင် ၄၊
ပထမထပ်၊ သိမ်ကြီးဈေး (စီ)ရုံ၊ ဖုန်း ၃၈၂ ၉၃၅၊ ၃၇၁ ၈၀၀ လိုင်းခွဲ (၃၆၄)၊ ဓမ္မရောင်ခြည် သာသနာ့
အကျိုးဆောင်အဖွဲ့ ဟင်္သာတမြို့ တာကလေးအရပ်၊ ဖုန်း ၀၄၄ ၂၂၀၇၀၊ ၀၉ ၈၅၅၁ ၂၃၃ သို့
ဆက်သွယ်လှူဒါန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး