နိုင်ငံတော်နှင့် တိုင်းရင်းသားအင်အားစုများ ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ
အခန်းကဏ္ဍအသီးသီးတွင် လူထုအခြေပြု တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်
များအား ပါ၀င်ခွင့်ပြုရန် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၃၁ ဖွဲ့မှ စုပေါင်း တောင်းဆိုလိုက်သည်။
ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အမျိုးသမီးအဖွဲ့ ၃၁ ဖွဲ့မှ အမျိုးသမီးကိုယ်စားလှယ်များသည် ငြိမ်း
ချမ်းရေး တည် ဆောက်ရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင် ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌
ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၁ ရက်နေ့ အထိ ကျင်းပခဲ့ပြီး အချက်လေးချက်ပါ သဘောထားကို ထုတ်
ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန်
နှင့် အမျိုးသမီးများနှင့် ကလေးများ၏လုံခြံုမှုကို အထူး ဂရုပြု ဦးစားပေးဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါ၀င်ခွင့်ရရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေး
သော အလှူရှင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်
ဆောင်ရွက်နေကြသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့ လုပ် ဆောင်နေသော အခန်းကဏ္ဍ
အသီးသီးတွင် ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းပါ၀င်မှု နှင့် ကျား၊ မ တန်းတူရေး အာမခံမှုရရှိရန် နှင့်
အခြားသောပဋိပက္ခနှင့် အကြမ်းဖက်မှုများဖြစ်သည့် ရခိုင်ပြည်နယ်အရေး၊ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာသော ဖြေရှင်းမှုများ ရရှိရန်တို့
ဖြစ်သည်။















