ပြည်ထောင်စုနေ့ အထိမ်းအမှတ်မြန်မာ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို တောင်ငူမြို့၌ မြန်မာဂရု(ပ်)
က တာဝန်ယူကျင်းပ ပေးမယ်လို့သိရပါတယ်။
ပြည်ထောင်စု နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ တောင်ငူမြို့ ကေတုမတီ
မိုးလုံလေလုံ အားကစားခန်းမမှာကျင်းပမှာဖြစ်ပြီး ၀င်ကြေးကတော့ ရိုးရိုးတန်း ကျပ် ၅,၀၀၀ နဲ့
အထူးတန်းကျပ် ရ,၀၀၀ ဖြစ်ပါတယ်။
ဒီပွဲရဲ့အဓိက တွဲဆိုင်းကတော့ ပူပူ နွေးနွေး ဒဂုံအောင်လံဆုရှင်၊ အာရှမွေ ထိုင်း ငွေတံဆိပ်ရှင်၊
၀င်းစိန်တောရပွဲမှာ မွေထိုင်းလက်ဝှေ့သမားကို တစ်ချီနဲ့ အလဲထိုးအောင်လံဆုယူထားတဲ့
ထွန်းထွန်းမင်း(မုဒုံ)သားနဲ့ ဘန်ကောက်မှာ လက်ဝှေ့ထိုးနေသလို မြန်မာနိုင်ငံရဲ့ ရွှေခါးပတ်ချန်ပီယံ
ဖြစ်တဲ့ ဒေါနအောင် (၀ါဆို)တို့ဖြစ်ပါတယ်။
ဒေါနအောင်ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ငူ မှာပဲ စောထိုက်စံကို ကြိုင်းဝိုင်းအတွင်း က
ပြုတ်ကျအောင်ထိုးသတ်ခဲ့ပြီး စော ထိုက်စံ အသက်ဆုံးပါးသွားခဲ့ရတဲ့ ရာဇ ၀င်ရှိသူဖြစ်ပါတယ်။
နောက်တွဲဆိုင်း တွေကတော့ စလူကာ(၀ါဆို)နဲ့ ပြည်နယ်တိုင်း ရွှေဆုရှင်ရှမ်းသွေးလေး (TopOne)၊
ရန်တိုင်းကျော်(၀ါဆို)နဲ့အောင်သူရိန် (TopOne)၊ ရဲရင့်ထွန်း(မုဒုံ)သားနဲ့ လင်းထက်မောင်(၀ါဆို)တို့
အပြင် ဒေသခံလက်ဝှေ့သမားတွေရဲ့ တွဲဆိုင်း ရှစ်ဆိုင်းလည်း ပါ၀င်မှာဖြစ်ပါတယ်။
ရန်တိုင်းကျော်၊ အောင်သူရိန်၊ ရှမ်းသွေးလေးတို့ဟာ ဒဂုံအောင်လံပွဲတုန်းက ရှေ့ထွက်ပွဲတွေအနေနဲ့
လက်စွမ်းပြ ထိုးသတ်ထားသူတွေလည်း ဖြစ်ပါတယ်။















