ထားဝယ်ဒေသ အခြေအနေကို ဩစတြေးလျ ပညာရှင်အဖွဲ့ လေ့လာ

ထားဝယ်ဒေသ အခြေအနေကို ဩစတြေးလျ ပညာရှင်အဖွဲ့ လေ့လာ

ဩစတြေးလျနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် Forest Inform
Institute အင်န်ဂျီအို အဖွဲ့မှ ပါမောက္ခ Dr .Earl Saxon ဦးဆောင်သော သဘာဝပတ်ဝန်းကျင်
လေ့လာရေး ပညာရှင်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီတောင်းခံမှု
ကြောင့် ထားဝယ် ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကို လေ့လာခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်ကို အကောင်အထည် ဖော်
လျက်ရှိရာ အဆိုပါစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အခြေအနေကို
ကာကွယ်ရန်အတွက် ပြောင်းလဲမှုများကို လေ့လာအကြံပြုရန် အစိုးရအဖွဲ့က အကူအညီတောင်းခံ
ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Mandalay Technology ကုမ္ပဏီ ၏ GIS
နှင့် Remote sensing နည်းပညာ အကူအညီဖြင့် သဘာဝပတ်ဝန်းကျင်အခြေ အနေများကို ၂၀၁၂
ခုနှစ်၊ ဩဂုတ်လမှ စတင်လေ့လာခဲ့ကြောင်း အဆိုပါကုမ္ပဏီ မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်နိုင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီပညာရှင်တွေက တနင်္သာရီတိုင်း ဒေသမှာ ရော်ဘာနဲ့ ဆီအုန်း စိုက်ပျိုးခင်းတွေ ကြောင့် သဘာဝ
မြေအနေအထားနဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်"
ဟု ၎င်းကပြောသည်။

Dr .Earl Saxon သည် လွန်ခဲ့သော ၁၆ နှစ်က တနင်္သာရီဒေသအတွင်း တိုတယ်ရေနံကုမ္ပဏီ၏
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် အခြေအနေများကို လေ့လာသုံးသပ်ခဲ့သူ
တစ်ဦး ဖြစ်သည်။

၎င်းဦးဆောင်သော အဖွဲ့သည် ထားဝယ်ဒေသအတွင်း သဘာဝပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲ
မှုများ၏ တည်နေရာကို GIS မြေပုံစနစ်ဖြင့် လေ့လာမှုများပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီး
အစိုးရအဖွဲ့ထံသို့ အစီရင်ခံစာ ပေးပို့ခဲ့သည်။

"နောက်ပြီးတော့ ဒီအဖွဲ့က တနင်္သာရီကန်းရိုးတန်း တစ်လျှောက်ကနေ ပင်လယ်ပြင်ထဲသို့ စက်ရုံ
အလုပ်ရုံများက ဓာတုစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း မပြုလုပ်ရန်အတွက် ကြိုတင်စီမံခန့်ခွဲမှုများနှင့်
တွက်ချက်မှုများလိုတယ်ဆိုတာကိုလည်း တင်ပြခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး