လေယာဉ်ပျက်မှု ဖြစ်စဉ်အတိအကျ ဒီဇင်ဘာ ထုတ်ပြန်မည်

လေယာဉ်ပျက်မှု ဖြစ်စဉ်အတိအကျ ဒီဇင်ဘာ ထုတ်ပြန်မည်

အဲပုဂံလေယာဉ် ဟဲဟိုးလေဆိပ်အနီးတွင် ပျက်ကျခဲ့ရသည့် ဖြစ်စဉ်အတိအကျ အားလာမည့်
ဒီဇင်ဘာလတွင်မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် Black Box ခေါ် လေယာဉ်ပျံသန်းမှု မှတ်တမ်းသေတ္တာ အား စုံစမ်းတွေ့ရှိချက်
များအရ လေယာဉ်မှူး၏ ပေါ့ဆမှုကြောင့် ဖြစ်နိုင်ခြေရှိကြောင်း လေကြောင်းပို့ဆောင်ရေ ညွှန်ကြားမှု
ဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါသေတ္တာမှ အချက်အလက်များကို ဩစတြေးလျနိုင်ငံ၌ စစ်ဆေးစုံစမ်းပြီး ယခုကဲ့သို့ တရား
၀င်ရှင်းလင်း ပြောကြားခြင်းဖြစ်သည်။

"Black Box က အချက်အလက် တွေကို စစ်ဆေးပြီးနောက် သိရှိရတာက လေယာဉ်ဟာ အင်ဂျင်
မကောင်းခြင်း၊ ဆီလုံလောက်မှုမရှိခြင်း၊ လုံခြံုရေးဆိုင်ရာနဲ့ လေယာဉ်ထိန်းချုပ်ရေးဆိုင်ရာ စက်စ္စည်း
ချွတ်ယွင်းမှုစတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ ဘာခိုင်လုံတဲ့အထောက် အထားမှ မတွေ့ရှိခဲ့ရပါ
ဘူး။ ဖြစ်နိုင်ခြေရှိတာက လေယာဉ်မှူးက ဆင်းသက်ချိန် မှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ပဲ
ဖြစ်နိုင်စရာရှိပါတယ်။ ကျွန်တော်တို့ ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက် စစ်ဆေးစုံစမ်း
သွားဖို့ရှိပါတယ်။ ဖြစ်စဉ်အတိအကျကို လာမယ့်ဒီဇင်ဘာ လ ၂၅ ရက်နေ့မှာ ထုတ်ပြန်မှာပါ"ဟု
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး
ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

"လေယာဉ်ဟာ ဆင်းဖို့နေရာယူထားတာလည်း မှန်နေပါတယ်။ နောက် ရေဒီယိုစနစ်နဲ့ မြေပြင်နဲ့
ပြောနေပုံအရ သူက လေယာဉ်ပြေးလမ်းကိုလည်း တွေ့နေပါပြီ။ ဒါပေမဲ့ လေယာဉ်နဲ့လေဆိပ်ကြား
က မြူတွေကိုတော့ ဖြတ်ရဦးမယ်လို့ပြောတာကို ကြားမိပါတယ်။ တခြားလေယာဉ် နဲ့ ပြောတဲ့အသံ
တွေလည်း ကြားခဲ့ပါတယ်။ အားလုံးမှန်နေပေမယ့် လေယာဉ်ဆင်းခါနီးမှာ ဘာလို့ဖြစ်သွားလဲဆိုတာ
တော့ အသေးစိတ်စုံစမ်းဖို့လိုနေပါတယ်။သူ့မှာအဲဒီအချိန်မှာ တခြားအနောက်က လိုက်လာတဲ့
လေယာဉ်ရဲ့ ဖိအားပေးဆင်းသက်ခိုင်းမှုလည်း ရှိနိုင်ပါတယ်။ နောက်ပြီးလေယာဉ်ဟာ မြေပြင်နဲ့
ဘာကြောင့် အဲဒီလောက်တောင်နီးကပ်သွားရတာလဲနဲ့ ဘာကြောင့်သူ အဲဒါကို မသိလိုက်တာလဲ
ဆိုတာကို ကျွန်တော်တို့ ဆက်လက်ဖော်ထုတ်သွားမှာပါ"ဟု ဦးဝင်းဆွေထွန်းက ပြောသည်။

အဆိုပါလေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန်ခရီးစဉ် ပျံသန်းပြေးဆွဲသော အဲပုဂံ၏
ဖော်ကာ လေယာဉ် XY-AGC လေယာဉ်အမျိုး အစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း
ခြောက်ဦး၊ နိုင်ငံခြား ခရီးသွားဧည့်သည့် ၄၈ ဦးနှင့် ပြည်တွင်း ခရီးသွားဧည့်သည် ၁၇ ဦး၊ စုစုပေါင်း
ရ၁ ဦး စီးနင်းလိုက်ပါလာခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ် ပေါ်ပါ ခရီးသွားဧည့်လမ်းညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် မော်တော်
ဆိုင်ကယ် စီးနင်းလာသူ ဦးပြားဆိုသူမှာလည်း သေဆုံးသွားခဲ့သည်။

ထို့ပြင် နိုင်ငံခြားသားခရီးသည်တချို့၊ လေယာဉ်မှူးနှစ်ဦး၊ ဧည့်လမ်းညွှန်နှစ်ဦးနှင့် မော်တော်ဆိုင်ကယ်
စီးနင်းလာသူ တစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး