မတရားစွပ်စွဲခံရဟ ကိုဖြိုးဝေအောင် မိသားစု ရှင်းလင်း

မတရားစွပ်စွဲခံရဟ ကိုဖြိုးဝေအောင် မိသားစု ရှင်းလင်း

မကြာသေးခင်က ကွယ်လွန်သွားပြီ ဖြစ်သော ကိုဖြိုးဝေအောင်သည် X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်
ကွဲမှုတွင်မတရား စွပ်စွဲခံရသူသာဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖော်ဝါရီလ
၄ ရက်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်း၏ ဇနီးဖြစ်သူ မဌေးဌေးနှင့် ညီဖြစ်သူ ဒေါက်တာ
ထက်ဝေအောင်တို့ က တရားလိုသက်သေခံအချက်များဖြင့် ရှင်းလင်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်က သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဗုံးပေါက်သူများကို အားပေးကူညီသည်ဟု
သတ်မှတ်ခံရပြီး သေဒဏ်နှင့် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက် အကျဉ်းထောင်ထဲတွင် ဆိုးရွားသည့်
ကျန်းမာရေးအခြေအနေကြောင့် ထောင်မှလွတ်လာပြီးနောက် ကွယ်လွန်ခဲ့သော ကိုဖြိုးဝေအောင်၏
ဆန္ဒကို အကောင်အထည်ဖော်သည့်အနေဖြင့် လည်းကောင်း၊ မိသားစုဂုဏ်သိက္ခာ အတွက်လည်း
ကောင်း ရှင်းလင်းရခြင်း ဖြစ်သည်ဟု မဌေးဌေးကပြောသည်။

ကာယကံရှင် အနေဖြင့် မကွယ်လွန်မီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချင်သော်လည်း ကျန်းမာရေး
အရ လုပ်ကိုင်နိုင် ခြင်း မရှိခဲ့ကြောင်း ၎င်းကပြောသည်။

ကိုဖြိုးဝေအောင်သည် ဧပြီလ ၂၂ ရက် နေ့ ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး သေဒဏ်နှင့်
ထောင်ဒဏ် စီရင်ခံရပြီး ထောင်ထဲ၌ ကျန်းမာရေးအခြေအနေဆိုးလာသဖြင့် အင်းစိန်ဆေးရုံတွင်
သုံးလခန့် ဆေးကုသမှုခံယူနေရာမှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရသဖြင့် လွတ်မြောက်လာပြီး
ရန်ကုန်ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ တွင် ကိုဖြိုးဝေအောင်သည် အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့
သည်။

မကွယ်လွန်မီ ၎င်းကို အကျဉ်းချထားသည်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုသော
ဆန္ဒနှင့်အညီ ရန်ကုန်ဆေးရုံကြီးတွင် ကြိုးပမ်းနေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး