သမ္မတရုံးဝက်ဘ်ဆိုက် သုံးကြိမ် တိုက်ခိုက်ခံရ

သမ္မတရုံးဝက်ဘ်ဆိုက် သုံးကြိမ် တိုက်ခိုက်ခံရ

နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်အား ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ
သုံးကြိမ်တိုင် ပြည်ပ အိုင်ပီ လိပ်စာများမှတစ်ဆင့် တိုက်ခိုက်ခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားဖော်ပြခဲ့သည်။

"ယနေ့ နံနက် ၉ နာရီခွဲမှ ၁၀ နာရီ အတွင်း အမေရိကန်၊ မလေးရှားနှင့် ရုရှား နိုင်ငံများ၏ အိုင်ပီ
လိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ နံနက် ၁၁
နာရီ ၁၀ မိနစ်တွင်လည်း ထပ်မံတိုက်ခိုက်လာခဲ့သည်။ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင်
 IP-74.220.202.19 မှ လည်း DDoS Request သိန်းနှင့်ချီ၍ တိုက်ခိုက်လာခဲ့သည်။ သို့ဖြစ်ပါ၍
လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာ
တွင် အဆင်မပြေမှုများ ကြံုတွေ့နိုင်ပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၀က်ဘ်ဆိုက်
တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လိုအပ်သည့် လုံခြံုရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိပါကြောင်း
အသိပေးအပ်ပါသည်"ဟု ၎င်းက ရေးသားထားသည်ကို တွေ့ရသည်။

သမ္မတရုံး ၀က်ဘ်ဆိုက်အား တိုက်ခိုက်မှုမှာ Hacking လုပ်ခံရခြင်း မဟုတ် ကြောင်း၊ DDoS
တိုက်ခိုက်မှု လုပ်ဆောင် ခြင်းသာဖြစ်ကြောင်း၊ သမ္မတရုံး ၀က်ဘ်ဆိုက်အနေဖြင့် Hack မခံရစေရန်
လုံခြံု ရေးအဆင့်မြှင့်တင်ထားပြီးဖြစ်ကြောင်း၊ DDoS သည် စက္ကန့်ပိုင်းအတွင်း ကြည့်ရှုသူ သန်းနှင့်
ချီ၍ ၀င်ရောက်ကြည့်ရှုသည့် အသွင်ဖြင့် ၀က်ဘ်ဆိုက်လေးကာ ဒေါင်းသွားအောင် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း၊ အဆိုပါ DDoS ကို ရှောင်လွှဲ၍ မရနိုင်ကြောင်း၊ နောက်ဆုံး စိစစ်ချက်အရ နိုင်ငံအတွင်း
မှမဟုတ်ဘဲ ပြင်ပမှ (အင်ဒိုနီးရှားနိုင်ငံဘက်မှဟု လတ်တလော ယူဆရသည့်) အဖွဲ့များက
တိုက်ခိုက်နေခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း ရေးသားဖော်ပြထားသည်။

The Voice Weekly ဂျာနယ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖေဖော်ဝါရီ ၄ ရက်နေ့က တိုက်ခိုက်ခံခဲ့
ရသည်။

The Voice Weekly ဂျာနယ်၏ စာတည်းမှူးချုပ် ဦးကျော်မင်းဆွေက "Facebook မှာ Report
လုပ်တုန်းပါ။ သူတို့ဘက်က ပြန်လာတာကတော့ အခုအထိ Indenitifed လုပ်လို့မရသေးဘူး လို့
ပါတယ်။ Facebook မှာ The Voice Weekly ဆိုပြီး Page အသစ်တစ်ခု ထပ်လုပ်ထားတယ်။
 Post ကတော့ မတင်ရသေးဘူး။ ကျွန်တော်တို့ဘက်က အတိုက်ခံရထားတဲ့ Page ကို ပြန်ရနိုင်ပါ
တယ်"ဟု ပြောသည်။

၎င်းဂျာနယ်၏ ၀က်ဘ်ဆိုက်မှာလည်း အွန်လိုင်းတိုက်ခိုက်မှုခံရဖူးသည်။

"Hack လုပ်ခံရတာ မကောင်းဘူး ပေါ့။ ပြည်တွင်း Cyber လောက အင်မတန်မှ အရေးကြီးလာပါပြီ။
ကျွန်တော်တို့ဆီက ၂၀၀၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Electronic Act မှာ အီးမေးလ် လက်ခံမိတဲ့
ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အရေးယူတာပဲရှိပါတယ်။ Cyber လုံခြံုရေးနှင့် Hack
လုပ်ခံရတာ ပတ်သက်ပြီး ဥပဒေကို ပြန်ပြင်သင့်ပါပြီ။ ပြည်တွင်းဂျာနယ်တွေ၊ သတင်းစာ တွေ အနေ
နဲ့လည်း လုံခြံုရေးကို အထူးသတိထားမိဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။

Eleven Media Group ၏ ၀က်ဘ်ဆိုက်ကိုလည်း Red Army Team ဟူသော အဖွဲ့က ပြီးခဲ့သည့်
လ က တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး