သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့
သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့်က မူလတာဝန်ကိုသာ
ထမ်းဆောင်လိုကြောင်း သမ္မတဦးသိန်းစိန်ထံ ယခုလ ၃ ရက်က တင်ပြခဲ့သည်ဟု ကာယကံရှင်က
ပြောကြားသည်။
"ပြည်သူ့ဆန္ဒအရ မူလတာဝန်ကိုသာ ဆက်လက် ထမ်းဆောင်လိုပါတယ် လို့ သမ္မတကြီးကို တင်ပြ
ထားပါတယ်" ဟု ၎င်းကပြောခဲ့သည်။
ပြည်သူများက မဲပေးရွေးချယ်သည့် ပြည်သူ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သဖြင့် ပြည်သူ့ဆန္ဒကို
အလေးထားသည့်အနေဖြင့် သမ္မတ ဦးသိန်းစိန်ကို တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း
မရှိသေးဟု ဦးဆန်းဆင့်က ပြောသည်။
ဦးဆန်းဆင့်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်ရှိနေစေရန် ယခုလ ၆ ရက်တွင် ကျုံပျော်နှင့်
ရ ရက်တွင် ပုသိမ်မြို့တို့၌ ဒေသခံများက ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက်ရှိပြီး ပုသိမ် မြို့၌လည်း
လက်မှတ်ရေးထိုးတောင်းဆိုသူ နှစ်သောင်းခန့်ရှိနေသည်ဟု ပါ၀င်လှုပ်ရှားနေ သူတစ်ဦးက ပြော
သည်။
ထိုကဲ့သို့ ပြောကြားခဲ့သော်လည်း ယခုလ ၅ ရက်၊ ဦးဆန်းဆင့်အား သမ္မတဦးသိန်းစိန်က သာသနာ
ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။















