ဒါရိုက်တာ ဦးတင်ယု ကွယ်လွန်

ဒါရိုက်တာ ဦးတင်ယု ကွယ်လွန်

အသက် ၁၈ နှစ်အရွယ်ကတည်းက အေဝမ်းဦးတင်မောင် ရိုက်ကူးသည့် 'မြားနတ်မောင်' ဇာတ်ကား
မှာ မှတ်တမ်းတင်သူအဖြစ်နဲ့ ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာတဲ့ ပါရမီရှင် ဒါရိုက်တာ
ဦးတင်ယုဟာ ဖေဖော်ဝါရီ ၅ရက်နေ့ ည ၈ နာရီအချိန်မှာ ပုလဲကွန်ဒိုရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ပါ
တယ်။

ကွယ်လွန်ချိန် မှာ အသက် ၉၂ နှစ်အရွယ် ရှိပါပြီ။ ဦးတင်ယုက ရွှေဒေါင်းတောင် ဇာတ်ကားကို
ဒါရိုက်တာအဖြစ်နဲ့ ၁၉၄၁ ခုနှစ် မှာ စတင်ရိုက်ကူးပြီး ကွယ်လွန်ချိန်အထိ ဇာတ်ကားပေါင်း ၆၀
ကျော်ကို ရိုက်ကူးခဲ့ပါတယ်။

ဂျာနယ်ကျော်မမလေးရဲ့ နာမည်ကျော်ဝတ္ထုဖြစ်တဲ့ 'သွေး' ဇာတ် ကားကို ဂျပန်ဒါရိုက်တာနဲ့ တွဲဖက်
ပြီး ရိုက်ကူးခဲ့ပါသေးတယ်။

အထင်ရှားဆုံးဇာတ်ကားတွေက 'နန်းတွင်းအရေးတော်ပုံ'၊ 'မောင်တို့ ချယ်ရီမြေ'နဲ့ 'အကျော်အမော်'
တို့ပဲ ဖြစ်ပါတယ်။

'မေတ္တာရွှေရည်' ဇာတ်ကား ဖြင့် အကောင်းဆုံးဓာတ်ပုံထူးချွန်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ အောက်တိုဘာ
၁၃ ရက် နေ့မှာပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်နေ့မှာ ရုပ်ရှင်လောကသားတွေ ချီးမြှင့်တဲ့ တစ်သက်တာ
ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး