နွေတွင် ဓာတ်အားလိုအပ်ချက် ရ၅ ရာခိုင်နှုန်းသာ ပေးနိုင်မည်

နွေတွင် ဓာတ်အားလိုအပ်ချက် ရ၅ ရာခိုင်နှုန်းသာ ပေးနိုင်မည်

ယခုနှစ် နွေရာသီရေနည်းကာလဖြစ် သော မေလတွင် ယခုလက်ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ
များသာရှိပါက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ရ၅ ရာခိုင်နှုန်းကိုသာ ဓာတ်အားပေး
နိုင်မည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် တည်
ဆောက်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"နိုင်ငံတွင်းမှာ လုံလောက်တဲ့ တည် ဆောက်မှုတွေ မပြုနိုင်သေးဘူး။ နွေ ရာသီမှာလည်း ဓာတ်အား
လိုအပ်ချက် ရှိလာနိုင်တော့ ကြိုတင်ပြီး ချွေတာနိုင် သလောက် ချွေတာနေတာပါ"ဟု ဒုတိယ
ညွှန်ကြားရေးမှူးချုပ်၊ ဦးသောင်းဟန်က ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ပြည်တွင်း မီဒီယာအချို့နှင့်
တွေ့ဆုံစဉ် ပြောကြားသည်။

တူးချောင်းနှင့် နန်ချိုရေအားလျှပ်စစ် စီမံကိန်းမှ မဂ္ဂါ၀ပ် ၄၀ စီထွက်ရှိမည်ဖြစ် သော်လည်း ယခုနှစ်
မိုးနှောင်းမှသာ စတင် စမ်းသပ်လည်ပတ်နိုင်မည်ဖြစ် သဖြင့် ဓာတ်အားလိုအပ်ချက်ရှိနေမည် ဟု
လည်း ၎င်းက ပြောသည်။

ထိုအခြေအနေအတိုင်းဖြစ်ပါက တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက် မဂ္ဂါ၀ပ် ၂,၀၆၀ ၏ ရ၅ ရာခိုင်
နှုန်းကိုသာ ဓာတ်အားပေးနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၏ လိုအပ်ချက်ဖြစ်သော မဂ္ဂါ၀ပ် ၁,၀၀၀ ၏
ရ၅ ရာခိုင်နှုန်းဖြစ်သော မဂ္ဂါ၀ပ် ရ၅၀ ကိုသာ ပေးနိုင်ဖြစ်၍ မဂ္ဂါ၀ပ် ၂၅၀ ဓာတ်အား ဖြတ်တောက်ခံ
ရမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ခြောက်လမှ ရှစ်လအတွင်း တည်ဆောက်ပြီးစီးနိုင်သည့် မဂ္ဂါ၀ပ် ၅၀ သဘာဝဓာတ်ငွေ
စက်ရုံ သုံးရုံနှင့် အလုံ မဂ္ဂါ၀ပ် ၁၀၀ ဂက်စ်တာဘိုင် စက်ရုံတို့ကို အမြန်ဆုံး တည်ဆောက်နေခြင်းဖြစ်
သည်ဟု ၎င်းက ပြောသည်။

၂၀၁၃ နွေရာသီအမီ သောက်ရေခပ် (မဂ္ဂါ၀ပ် ၁၂၀)၊ လှော်ကား(မဂ္ဂါ၀ပ် ၅၀)၊ ရွာမ(မဂ္ဂါ၀ပ် ၅၀)၊
သာကေတ(မဂ္ဂါ၀ပ် ၅၀)၊ အလုံ(မဂ္ဂါ၀ပ် ၈၀)စုစုပေါင်း မဂ္ဂါ၀ပ် ထွက်ရှိမည့် စက်ရုံများ တည်ဆောက်
နေသည်ဟုလည်း ၎င်းက ပြောသည်။

သောက်ရေခပ်(၂) ရေအားလျှပ်စစ် စက်ရုံသည် ယခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် ဆည်ရေအပြည့်
စုဆောင်းထားနိုင် ခြင်းကြောင့် လာမည့်နွေရာသီတွင် မဂ္ဂါ၀ပ် ၁၀၀ ထုတ်လုပ်ပေးနိုင်မည်ဟု ၎င်းက
ပြောသည်။

ရန်ကုန်မြို့တော်၏ လျှပ်စစ်သုံးစွဲမှု နှုန်းသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် ပိုမို တိုးတက်လာနေကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၏ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောကြား
သည်။

ရန်ကုန်မြို့၌ အဓိကအားဖြင့် လူသုံးအများဆုံးအချိန်ဖြစ်သည့် ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ
အချိန်တွင် လျှပ်စစ်မီးဖြန့်ဝေမှု မလုံလောက်မှုများဖြစ်တတ်ပြီး ထိုအချိန်တွင် အများပြည်သူတို့
အသုံးပြုနိုင်ရန်အတွက် စက်မှုဇုန်များသို့ လျှပ်စစ်မီးဖြန့်ချိပေးခြင်းကို ရပ်နားထားလေ့ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လတ်တလော လျှပ်စစ်အများဆုံး ထုတ်လုပ်သည့် ပမာဏမှာ မဂ္ဂါ၀ပ်
၁,၅၀၀ ဖြစ်ပြီး ရန်ကုန်မြို့၏ အများဆုံးသုံးစွဲသည့် ပမာဏမှာ မဂ္ဂါ၀ပ် ရ၂၀ ခန့် ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့၏ တစ်နေ့တာအတွင်း အနည်းဆုံးသုံးသည့် ပမာဏမှာ မဂ္ဂါ၀ပ် ၃၃၀ ခန့်ဖြစ်သော
ကြောင့် ပျမ်းမျှအချိုးချကြည့်ပါက တစ်နေ့ကို မဂ္ဂါ၀ပ် ၅၄၀ ခန့် ဖြစ်သည်။

"အခု ပြည်ပက လျှပ်စစ်ဓာတ်အားပေး တာဘိုင်တွေ ရောက်လာတဲ့အတွက် ဒီနှစ်နွေမှာ လျှပ်စစ်ပို
ထုတ်နိုင်အောင် စီစဉ်နေပါတယ်"ဟု ဦးမောင်မောင်လတ်က ပြောသည်။

"လက်ရှိအနေအထားမှာတော့ ထုတ် နိုင်တဲ့အနေအထားနဲ့ သုံးနိုင်တဲ့ အနေအထားက မျှနေသေး
တယ်။ မီးသုံးစွဲနိုင်သူ အနေအထားကလည်း ပိုပြီးတော့များလာတယ်။ ပိုထုတ်လာနိုင်အောင်တော့
ဆောင်ရွက်နေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

"မနှစ်ကလိုတော့ ဆိုးဆိုးရွားရွား အလှည့်ကျမီးပေးစနစ်နဲ့ ပေးတာမျိုးတော့ ဖြစ်လာမယ် မထင်ပါ
ဘူး" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိစာရင်းများအရ တစ်နေ့တာ အများဆုံးထုတ်လုပ်နိုင် သည့် ပမာဏ ၁,၄၄၉
မဂ္ဂါ၀ပ်၊ အနည်းဆုံး ထုတ်လုပ်နိုင်သည့် ပမာဏ ရ၅၀ မဂ္ဂါ၀ပ်ခန့်နှင့် ပျမ်းမျှ ထုတ်လုပ်နိုင် သည့်
ပမာဏ ၁,၁၁၈ မဂ္ဂါ၀ပ် ရှိနေ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး