တရားမဝင် အာမခံကုမ္ပဏီကို တားမြစ်

တရားမဝင် အာမခံကုမ္ပဏီကို တားမြစ်

မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ မှ တရားဝင်ထုတ်ပေးသောလိုင်စင် မရှိဘဲ မြန်မာနိုင်ငံ၌
သင်္ဘောသား အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီအား
တရားစွဲဆိုရန် ရည်ရွယ်ထားသော်လည်း အဆိုပါကုမ္ပဏီ၏ တာဝန်ခံက ဆက်လက်မပြုလုပ်တော့
ကြောင်း ၀န်ခံကတိကို ဇန်နဝါရီလ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးပေးသည့်အတွက် တရားစွဲဆိုမှု
မပြုတော့ကြောင်း အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်းက ပြောသည်။

"ဒီကုမ္ပဏီက သင်္ဘောသား အသက် အာမခံလုပ်တာ။ အထားခံတာပေါ့။ တကယ်က လုပ်ပိုင်ခွင့်မရှိ
ဘူး။ လုပ်ငန်းလိုင်စင်မရှိဘဲ အာမခံလုပ်ငန်း လုပ်ဆောင်နေတာ။ အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး
ဥပဒေနဲ့ငြိစွန်းတယ်ဆိုတာကို ကုမ္ပဏီကမသိဘူး။ လုပ်ပိုင်ခွင့်မရှိ ကြောင်း အာမခံလုပ်ငန်းက ခေါ်
ပြောတဲ့အခါမှ သိသွားတယ်။ အခု သူတို့လုပ်နေတဲ့ လုပ်ငန်းတွေအကုန်လုံးကို ရပ်ဆိုင်းလိုက်တယ်။
မလုပ်တော့ဘူးဆိုတဲ့ ကတိခံဝန်ချက်လက်မှတ်ကို ပြီးခဲ့တဲ့ ၁၀ ရက် နေ့ကထိုးတယ်။ အဲဒီကုမ္ပဏီရဲ့
တာဝန်ခံက လက်မှတ်ထိုးတာပါ။ ဒါကြောင့် တရားမစွဲတော့ဘူး"ဟု ဦးအေးမင်းသိမ်းက ပြောသည်။

ယခုလောလောဆယ် အခြေအနေတွင် အာမခံအမျိုးအစား ၄၆ မျိုးရှိသည့် အနက် ခြောက်မျိုးကို
ပုဂ္ဂလိက အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးထားပြီး ပြည်တွင်း ပုဂ္ဂလိကအာမခံလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး