တိုင်းရင်းသားဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

တိုင်းရင်းသားဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

ရခိုင်အမျိုးသားကွန်ရက်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်ဘေးသင့် ဒုက္ခသည်များအား
ကူညီရန်အတွက် တိုင်းရင်းသားပေါင်းစုံပါ၀င်သော ဂီတ ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။

"ငြိမ်းချမ်းရေးတေးသံ - ပြည့်အားမာန်"ဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲတွင် လက်ရှိဖြစ်ပေါ်
နေသော မြန်မာ့နိုင်ငံရေး အခြေအနေများအား အနုပညာနှင့်ပေါင်းစပ်ကာ လာမည့် ဖေဖော်ဝါရီလ
၂၂ ရက်တွင် ရန်ကုန် မြို့၊ MCC ၌ ကျင်းပမည်ဖြစ်သည်။

"ဒီပွဲက ဒုတိယအကြိမ် ကျင်းပတာပါ။ ပထမအကြိမ်ကရတဲ့ အကျိုးအမြတ်တွေ ကိုတော့ ပညာရေး
ရန်ပုံငွေပွဲဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ်အတွက်ပဲ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ အခုတစ်ကြိမ် တော့
ရခိုင်ပြည်နယ်အပြင် ပြည်ထောင်စုတစ်ခုလုံးရဲ့ အရေးကိစ္စတွေမှာ တတ်နိုင်သလောက် ပါ၀င်ကူညီ
သွားဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်က ဒုက္ခသည်တွေဆိုရင် ရှမ်းပြည်နယ်
မှာ လာနေကြတယ်လို့ သိရပါတယ်။ သူတို့ တွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေအတွက်
ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်"ဟု ရခိုင်အမျိုးသားကွန်ရက်၏ ဥက္ကဋ္ဌဦးတင်ထူးအောင်က ပြော
သည်။

ပထမအကြိမ် ဂီတဖျော်ဖြေပွဲတွင်ရသော ရန်ပုံငွေအား ကျောင်းတက်ရန် အခက်အခဲဖြစ်နေသည့်
ရခိုင်ပြည်နယ်ရှိ ကလေးများအတွက် ကျပ်သိန်း ၅၀၀ ခန့် လှူဒါန်းနိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး