ရွှေလုပ်ကွက်နှင့် ပတ်သက်ပြီး ဒေသခံများ၏ စွပ်စွဲချက်ကို ကုမ္ပဏီဘက်မှ ငြင်းဆို

ရွှေလုပ်ကွက်နှင့် ပတ်သက်ပြီး ဒေသခံများ၏ စွပ်စွဲချက်ကို ကုမ္ပဏီဘက်မှ ငြင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအုပ်စုရှိ ဂါးဂလော် ကျေးရွာအနီး အမြင့်ပေ
၂,၄၀၀ ခန့်ရှိ တောင်မကြီးတောင်ပေါ်၌ 'ရွှေ' လုပ်ကွက်များအတွင်း လုပ်ကိုင်လျက်ရှိသည့် ဒေသခံ
များအပေါ် အတင်းအဓမ္မ လုပ်ဆောင်ခြင်းနှင့် စစ်ဆေးရေးအဖွဲ့၏ တစ်ဖက်သတ်ဆန်ခြင်းဆိုသော
စွပ်စွဲချက်များကို 'ရွှေပြည်သိမ်း' ကုမ္ပဏီဘက် မှ ငြင်းဆိုလိုက်သည်။

"ဒါက လုံးဝမဟုတ်ပါဘူး၊ သူတို့ဘက်က အမြင်စောင်းနေတာပါ။ ကျွန်တော်တို့ ကုမ္ပဏီက တရား
၀င်လုပ်ကိုင်ခွင့်ရသွားရင် သူတို့အတွက် လုပ်ကွက်မရမှာ စိုးရိမ်လို့ပါ" ဟု ကုမ္ပဏီရှယ်ယာရှင်တစ်ဦး
ဖြစ်သူ ကိုအောင်ခိုင်ဝင်းက ဇန်နဝါရီလ ၂၉ ရက်က မြန်မာတိုင်း(မ်)ကိုပြောသည်။

တောင်မကြီးတောင်ပေါ်ရှိ 'ရွှေ' လုပ်ကွက်များ၌ လုပ်ကိုင်လျက်ရှိ သော ဒေသခံများအနေဖြင့်
ယင်းကုမ္ပဏီ က တရားဝင်၊ မဝင် အထောက်အထား မပြနိုင်ခြင်း၊ လုပ်ကိုင်မည့်ဒေသခံများထံ မှ
ရွှေတစ်ကျပ်သားအပြင် ကျပ်ခုနစ်သိန်းကို အရင်ဆုံးပေးမှသာ လုပ်ကိုင်ခွင့် ရမည်ဟု သတ်မှတ်ခြင်း၊
လုပ်ကိုင်ခွင့်မရ နိုင်အောင် ရဲများဖြင့် စောင့်ကြပ်ထားခြင်းစသည့် အချက်များကြောင့် နိုင်ငံတော်
သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနများသို့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄
ရက်နေ့တွင် လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်
လည်းကောင်း တိုင်ကြားစာများပို့ခဲ့သည်ဟု ဒေသခံများကိုယ်စား ဦးဆောင်သူ ကိုငွေသန်းက
ဇန်နဝါရီလ ၂၈ ရက်နေ့ တွင်ပြောသည်။

ထို့ပြင် မကြာမီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့လည်း ဒေသခံ ပြည်သူများ၏
နစ်နာမှုအတွက် အရေးယူ ပေးရန် တိုင်ကြားစာများပို့သွားမည်ဟု လည်း ၎င်းက ပြောသည်။

"တိုင်ရတဲ့အကြောင်းရင်းက နယ်မြေခံ လူထုတွေအပေါ်ကို တရားဝင်လိုင်စင် မရသေးဘဲနဲ့ ကြီးစိုး
ခြယ်လှယ်တဲ့ အတွက်ပါ။ တကယ်လို့ သူတို့တွေအနေ နဲ့ နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းပြီး လုပ်
တာဆိုရင် လုပ်ကွက်တွေ ပြန်ပေးသည်ဖြစ်စေ၊ မပေးခဲ့သည်ဖြစ်စေ ဘာမှ ငြင်းစရာမရှိပါဘူး"ဟု
ဦးဆောင်တိုင်ကြားသူတစ်ဦးဖြစ်သူ ကိုဝင်းခိုင်က ပြောသည်။

ဂါးဂလော်ဒေသခံများက တရားဝင်လုပ်ကိုင်နိုင်ရန် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကိုင်း
တိုင်းဒေသကြီး၊ 'ရွှေ'လုပ်ငန်း ဥက္ကဋ္ဌထံတွင်လည်း လျှောက်ထားရန်စီစဉ်ခဲ့ပြီး ထိုစဉ်က လက်လုပ်
လက်စား 'ရွှေ'လုပ်ကွက် တစ်ကွက်လျှင် ကျပ်ငါးသိန်းနှုန်း သတ်မှတ်ထားသည်ဟု ၎င်းက ပြော
သည်။

"လက်လုပ်လက်စား အကွက်တွေမှာ တရားဝင်လုပ်ကိုင်ဖို့ မြို့နယ်မြေစာရင်း နဲ့ သစ်တောဦးစီးဌာန
ရဲ့ ထောက်ခံချက် ယူနေတုန်းမှာ 'ထာဝရ' ကုမ္ပဏီက စိုက်ခင်းလုပ်ဖို့လားတော့ မသိဘူး၊ ဧက
သောင်းချီပြီး လျှောက်လိုက်လို့ ကျွန်တော်တို့အတွက် လျှောက်လို့မရတဲ့ အနေအထား ဖြစ်သွား
တယ် " ဟု ကိုငွေသန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နံနက်ပိုင်းတို့တွင် လက်ရှိလုပ် ကိုင်နေသော ဒေသခံ
များကို မုံရွာနှင့် ကောလင်းမြို့နယ်ရှိ သတ္တုတွင်းရုံးမှ တာဝန်ရှိသူများက တရားဝင်၊ မဝင်စစ်ဆေးခဲ့ပြီး
ကုမ္ပဏီကိုလည်း ဇန်နဝါရီ လ ၁၉ ရက် နေ့လယ်ပိုင်းတွင် စစ်ဆေးရန် လာရောက်စဉ် ဂါးဂလော်ဒေ
သခံများမှ လူ ၂၀၀ ခန့်ရှိသည့် အင်အားဖြင့် ဆန္ဒပြသည့်အတွက် စစ်ဆေးမှုမဖြစ်မြောက်ခဲ့ ကြောင်း
ကုမ္ပဏီအဖွဲ့ဝင် ဦးကျောက်ခဲက ပြောသည်။

'ရွှေပြည်သိမ်း'ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ရွှေကွက်လုပ်ကိုင်ခွင့်
တရားဝင်ရရှိရန် မုံရွာမြို့ရှိ သတ္တုတွင်းရုံးနှင့် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန စသည့်
သက်ဆိုင်ရာဌာနများသို့ တရားဝင်လျှောက် ထားဆဲဖြစ်သည်။

"လျှောက်ထားတုန်းပဲ ရှိပါသေးတယ်။ အခု အချိန်အထိလည်း ဘာမှလုပ်ခွင့်မရ သေးပါဘူး။ လက်ရှိ
လုပ်နေတာကတော့ ဒေသခံတွေပါ "ဟု ကို အောင်ခိုင်ဝင်းက ပြောသည်။

ကုမ္ပဏီအနေဖြင့် လုပ်ကိုင်ခွင့် တရားဝင် ရရှိခဲ့ပါကလည်း ဂါးဂလော်ရွာ ဒေသခံများအတွက် ရွှေ
လုပ်ကွက်များ ပြန်လည်ချပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ဒေသခံများအနေဖြင့် တောင်မကြီး တောင်ပေါ်တွင် လွန်ခဲ့သည့် ၁၉၉၅ ခုနှစ် မှစ၍ 'ရွှေ'တူးဖော်ခြင်း
လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရောက်ရှိမှသာ ရွှေလုပ်ကွက်များကို လူသိများ
လာကြောင်း၊ ၂၀၀၈ ခုနှစ်ကလည်း ကုမ္ပဏီတစ်ခုမှ လာရောက်လုပ်ကိုင်ခဲ့သော်လည်း ရွှေထွက်နှုန်း
နည်း သည့်အတွက် အရှုံးပေါ်၍ ဆက်လက်မလုပ်ကိုင်တော့ကြောင်း သိရသည်။

'ရွှေ'ထွက်နှုန်းမှာ တစ်ရက်လျှင် နှစ်ကျပ်သားသာလျှင် ထွက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး