ကင်းထောက် အဖွဲ့ဝင်ဟောင်း တွေ့ဆုံပွဲ ကျင်းပမည်

ကင်းထောက် အဖွဲ့ဝင်ဟောင်း တွေ့ဆုံပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့များတွင် ပါ၀င်ဆောင်ရွက်ခဲ့သော ကင်းထောက် မိတ်ဆွေဟောင်း
များ ပြန်လည်တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ ၁၀ နာရီတွင် ကမာရွတ်မြို့နယ်ရှိ ၊ ရန်ကုန်
တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပမည်ဖြစ်သည်။

"ကမ္ဘာပေါ်က ၁၉၆ နိုင်ငံမှာ ကင်းထောက်အဖွဲ့တွေ ရှိခဲ့တယ်။ ခြောက်နိုင်ငံလောက် ပျောက်သွား
ခဲ့တဲ့အထဲမှာ ဆရာတို့နိုင်ငံလည်းပါတယ်။ အခု ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ပြန်စနေတယ်
ဆိုတာ သိရတော့ ၀မ်းသာတယ်။ အခုအစီအစဉ်ကလည်း အရင်က ကင်းထောက်ဟောင်းကြီးတွေ
ပြန်လည်တွေ့ဆုံပွဲပါ။ သူတို့အတွေ့ အကြံုတွေကို မျှဝေပေးဖို့နဲ့ လက်ရှိ ဆက်လက်အကောင်
အထည်ဖော်မယ့် အစီအစဉ်အတွက် သူတို့ဆီက ဩဝါဒခံယူသွားဖို့ပါတယ်။ ကင်းထောက်
ဟောင်းကြီးတွေ အသက်က ၈၀ ကျော်၊ ၉၀ ဖြစ်နေကြပါပြီ။ ဒါပေမဲ့ ဒီတွေ့ဆုံပွဲအတွက် သူတို့တွေ
သိပ်ကို စိတ်လှုပ်ရှားနေကြတယ်" ဟု တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီ ပညာရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံ လူတိုင်းအတွက်ပညာရေး ညှိနှိုင်းရေးမှူး ဦးတင်ညိုက ပြောသည်။

ပညာရေးဝန်ကြီးဌာန၏လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ ဘက်စုံ
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကင်းထောက်လူငယ်အစီအစဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ
အတွင်းက စတင်ခဲ့သည်။

ပြည်နယ်နှင့်တိုင်း ဒေသကြီးရှိ မြို့နယ် ၁၈ မြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၈ ကျောင်း၌
ဆဋ္ဌမတန်း ကျောင်းသူ ကျောင်းသား ၁၀၀ စီဖြင့် အကောင် အထည်ဖော်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး