တောင်အာဖရိကပြန် သင်္ဘောသားများအား လိမ်လည်မှုတွင် မပါ၀င်ဟု အေးဂျင့်က ပြောကြား

တောင်အာဖရိကပြန် သင်္ဘောသားများအား လိမ်လည်မှုတွင် မပါ၀င်ဟု အေးဂျင့်က ပြောကြား

တောင်အာဖရိကငါးဖမ်းသဘောင်္ပေါ်တွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သံရုံးအကူအညီဖြင့် မြန်မာနိုင်ငံ
သို့ ပြန်လည် ရောက်ရှိလာသော မြန်မာသင်္ဘောသား နှစ်ဦးက သင်္ဘောသားအလုပ်အကိုင်
အေးဂျင့်ကို တရားစွဲရန် စီစဉ်လျက်ရှိရာ အေးဂျင့်တွင် အလုပ်လုပ်ခဲ့သူက ၎င်းနှင့် မပတ်သက်
ကြောင်း ပြောကြားသည်။

"အလုပ်ရှင်က လောလောဆယ် ရှောင်ပြေးနေပါတယ်။ ဒီကိစ္စက ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်
ကြောင်းကို ကြေးမုံသတင်းစာမှာကော၊ သက်ဆိုင်ရာကိုကော အကုန် စာတင်အကြောင်းကြားပြီး
သားပါ။ ကျွန်တော်က ကုမ္ပဏီက ခန့်ထားတဲ့ ၀န်ထမ်းပါ" ဟု Deep Sea Vessel Co.,Ltd မှ
မန်နေဂျင်းဒါရိုက်တာ ကိုရာဇာဝင်းက ပြောသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာသင်္ဘောသားနှစ်ဦးက သင်္ဘောသား အလုပ်အကိုင်အေးဂျင့်၊
ရှဲဒိုးကုမ္ပဏီကို တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သင်္ဘောသား ကိုခန့်လင်းမောင်က
မြန်မာတိုင်း(မ်)ကို လွန်ခဲ့သည့်ရက်သတ္တပတ်က ပြောခဲ့သည်။

"လက်ရှိကျွန်တော်တို့ ရှဲဒိုးကုမ္ပဏီက ကိုရာဇာဝင်းနဲ့ ကိုသိန်းထိုက်အောင်ကို အမှုဖွင့်ဖို့စီစဉ်နေ
တယ်။ ကိုသိန်းထိုက် အောင်ကတော့ ထွက်ပြေးနေတယ်။ ဘာ ပြစ်မှုနဲ့ စွဲမလဲဆိုတာကိုတော့
ရှေ့နေတွေ နဲ့ တိုင်ပင်နေပါတယ်" ဟု ၎င်းကပြောခဲ့သည်။

အဆိုပါကုမ္ပဏီမှာ ကိုသိန်းထိုက်အောင်နှင့် ဇနီး Ms.Yen Yu Chuan တို့ က တရုတ်(တိုင်ပေ)ရှိ
သင်္ဘောလိုင်းများတွင် သင်္ဘောသားအလုပ်သမားများအတွက် အလုပ်ရှာ၍စေလွှတ်သည့်
လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့ကြသူများဖြစ်ကြပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး
ဌာနတွင်လည်း မှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ ရေ ကြောင်းပို့ဆောင်ရေး ၀န်ကြီးဌာန S.E.C.D
တွင်လည်း မှတ်ပုံတင်ထား ခြင်းမရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ကို ကြေးမုံသတင်းစာတွင်
ဖော်ပြပြီး ဖြစ်ကြောင်း ကိုရာဇာဝင်းက ပြောသည်။

"တကယ်လို့ သူတို့ဘက်က ကျွန်တော့် ကိုပါ တရားစွဲရင်တော့ ကျွန်တော့်မှာရှိတဲ့ အထောက်
အထားတွေ ပြလိုက်ရုံပါပဲ။ တကယ်တော့ သူတို့တရားစွဲရမှာ ဦးသိန်းထိုက်အောင်တို့ လင်မယား
ကိုပါ" ဟု ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းရှင်မှာ ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလမှ စတင်ခါ ရုံးခန်းသို့ လာ ရောက်ခြင်းမရှိဘဲ
တိမ်းရှောင်နေပြီး ၎င်းတို့ လက်ခံဆောင်ရွက်ခဲ့သည့်ကိစ္စရပ် များကို မသက်ဆိုင်ဘဲ ဖြေရှင်းဆောင်
ရွက်နေရခြင်းဖြစ်ကြောင်း ကိုရာဇာဝင်း က မြန်မာတိုင်း(မ်)ကို ပြောသည်။

ငါးဖမ်းသင်္ဘောပေါ်တွင် အနှိပ်စက်ခံရသော သင်္ဘောသားနှစ်ဦးမှာ ရန်ကုန်သို့ ဇန်နဝါရီလ ၃၀ ရက်
နေ့တွင် မြန်မာ နိုင်ငံ ပင်လယ်ကူးသင်္ဘောသား၊ အလုပ်သမားများအဖွဲ့ချုပ်နှင့် တောင်အာဖရိက
နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိလာ ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး