၀န်မခံလိုသူ လိင်တူချစ်သူများကြောင့် အိပ်ချ်အိုင်ဗီ ကူးစက်ခံရမှု အန္တရာယ်များလျက်ရှိ

၀န်မခံလိုသူ လိင်တူချစ်သူများကြောင့် အိပ်ချ်အိုင်ဗီ ကူးစက်ခံရမှု အန္တရာယ်များလျက်ရှိ

မြန်မာနိုင်ငံ၌ အပုန်း၊ အပွင့်၊ သူငယ် စသည်ဖြင့် လိင်တူချစ်သူ အမျိုးမျိုးရှိသည့်အနက် အများစု
သည် မိမိကိုယ် မိမိလိင်တူချစ်သူဟု ၀န်မခံသူ အပုန်းအမျိုးအစားများမှာ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီ
အက်စ် ၀န်ဆောင်မှုများကို လာရောက်ရယူမှုမရှိသည်ကို တွေ့ရှိရ ကြောင်း အမျိုးသားများအကြား
အိပ်ချ်အိုင်ဗီရောဂါ ကာကွယ်တားဆီးရေး စီမံချက်လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်နေသည့်
အဖွဲ့များမှ တာဝန်ရှိသူများက ပြောသည်။

"ဘာကြောင့်လဲဆိုတော့ မြန်မာ့ယဉ် ကျေးမှုအရ သူတို့အပေါ် ခွဲခြားဆက်ဆံတာတွေရှိတယ်။
ဒါကြောင့် လိင်တူ ချစ်သူအများစုက ကိုယ်ကိုယ့်ကိုယ် လိင်တူချစ်သူပါလို့ ၀န်မခံရဲကြသလို
အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ၀န်ဆောင်မှုပေးနေတဲ့နေရာတွေကို လာမယူရဲကြဘူး"လို့
ဘာနက်အင်စတီကျု၏ အမျိုးသားများအကြား အိပ်ချ်အိုင်ဗီရောဂါကာကွယ် ရေးစီမံချက် တာဝန်ခံ
ဒေါက်တာဇော်မင်းဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။

မြန်မာနိုင်ငံ၌ လိင်တူချစ်သူပေါင်း ၂၄၀,၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံအမျိုးသားခုခံအားကျဆင်းမှု
ကာကွယ်ရေးစီမံကိန်း (၂၀၀၈-၁၀)တွင် ဖော်ပြထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ
အိပ်ချ်အိုင်ဗီရောဂါ တိုက်ဖျက်ရေး အဖွဲ့၏ ၂၀၀၈-၁၅ ခန့်မှန်းချက် အရ မြန်မာနိုင်ငံတွင်ရှိသော
အမျိုးသားများ ၏ ၁ ဒသမ ၈ ရာခိုင်နှုန်းသော အမျိုးသားများသည် ၎င်းတို့၏ ဘဝ တစ်လျှောက်
တွင် လိင်တူဆက်ဆံခဲ့ကြသည်ဟုဆိုသည်။

"ဒါကြောင့်မိုလို့ လိင်တူချစ်သူတွေ အကြားမှ ဒီလိုစီမံချက်မျိုးနဲ့ ရောက်ရှိဖို့၊ ခက်ခဲတဲ့ အပုန်းအမျိုး
အစား လိင်တူချစ်သူတွေဆီကို ရောက်နိုင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဖို့အတွက် အိပ်ချ်
အိုင်ဗီ ကာကွယ်တာဆီးရေး လုပ်ငန်းတွေလုပ်ဖို့ လိုလာပါတယ်လို့" ဒေါက်တာဇော်မင်းဦးက ပြော
သည်။

အမျိုးသားများအကြား ကာကွယ်တားဆီးရေးစီမံကိန်းလုပ်ငန်းများကို မိမိ ကိုယ်မိမိ လိင်တူချစ်သူ
ပါလို့ ၀န်ခံထားသည့်သူများက ကွင်းဆင်းလုပ်ဆောင်လျက်ရှိကြပြီး လိင်တူချစ်သူအသစ်များ ကို
ရှာဖွေကာ ပညာပေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရမှု အမျိုးအစားများတွင် မူးယစ် ဆေးဝါးသုံးစွဲသူများပြီးလျှင်
လိင်တူချစ်သူများသည် အိပ်ချ်အိုင်ဗီ ကူးစက်ခံရ ခြေအများဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံ အမျိုးသား
ခုခံအားကျမှုရောဂါ တိုက်ဖျက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြောင်းရင်းမှာ လိင်ဆက်ဆံရာတွင် အကာအကွယ်သုံးပစ္စည်းဖြစ်သည့် ကွန်ဒုံးကို သုံးစွဲမှုနည်း
ပါးသောကြောင့် ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ လေ့လာချက်များတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး