ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွန်ရက်အသွင် ချိတ်ဆက်ဆောင်ရွက်မည်

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွန်ရက်အသွင် ချိတ်ဆက်ဆောင်ရွက်မည်

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လူထုအားလုံး ပါ၀င်သော ကွန်ရက်
အသွင် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှုအဓွန့်ရှည်ရေး
ဆိုင်ရာ သုတေသနအဖွဲ့၏ နာယက ဒေါက်တာခင်နီနီသိန်းက ပြောသည်။

ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့် ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့အား ၂၀၁၂ ခုနှစ်၊ မေလ
၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဧရာဝတီမြစ်ဝှမ်းဒေသ၏ ရေသယံဇာတများကို စဉ်ဆက်မပြတ် သုံးစွဲ
င်ရေး၊ အဓွန့်ရှည်စွာ ထိန်းသိမ်းထားနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု
တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်းလုပ်ငန်းများတွင် လူထုအားလုံး၏ပူးပေါင်းဆောင်ရွက်မှု
အား ဖိတ်ခေါ်ထားကြောင်း ၎င်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသော ဧရာဝတီမြစ်
၀ှမ်း ဖွံ့ဖြိုးရေးဆိုင်ရာ ပထမအကြိမ် လူထုအကြံပြု အစည်းအဝေးတွင် ပြောသည်။

"ဒီအဖွဲ့ကို အရပ်ဘက်အဖွဲ့အစည်း တွေအနေနဲ့ပဲဖြစ်ဖြစ်၊ ကျေးရွာအနေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ဦး
တစ်ယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ် ၀င်ရောက်နိုင်ပါတယ်။ ဒီ ပူးပေါင်းပါ၀င်မှုတွေကို လှည်းဘီးကြီး
တစ်ခုအနေနဲ့ ဥပမာထားပြီး ကြည့်နိုင်ပါတယ်။

"သုတေသနအဖွဲ့ကို ၀င်ရောက်ဖို့ အတွက်တော့ ပညာအရည်အချင်း ကန့်သတ်ချက်ရှိပါမယ်။
ဒါက လှည်းဘီး ရဲ့ဝင်ရိုးပါ။ လှည်းဘီးရဲ့ ကျန်တဲ့အတွင်း စက်ဝိုင်း၊ အပြင်စက်ဝိုင်းလို နေရာတွေမှာ
တော့ စာရေး၊ စာဖတ်တတ်တဲ့သူတွေ ရော၊ စာမတတ်တဲ့သူတွေရော၊ မြန်မာစကားမတတ်တဲ့
တိုင်းရင်းသားရော ပါ၀င်ခွင့်ရှိပါတယ်။ အဖွဲ့ဝင်ဖို့အတွက် ဘာအဖွဲ့ဝင်ကြေးမှ ပေးစရာမလိုပါဘူး"
ဟု ၎င်းကပြောသည်။

သုတေသန ဆောင်ရွက်လိုသူ မျိုးဆက်သစ်များအနေဖြင့် အမှတ် ရ၄၊ ရတနာမ ဉ္ဇူလမ်း၊
တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းမြို့နယ်သို့ ဆက်သွယ်နိုင်ကြောင်း ဒေါက်တာခင်နီနီသိန်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး