ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

လွှတ်တော်နာယက၊ ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုဝေဖန်ခဲ့သည့် ဒေါက်တာဆိတ်ဖွားဆိုသူ၏
Above the Law ဆိုသည့် အင်တာနက်ပါ ဆောင်းပါး တစ်ပုဒ်နှင့်ပတ်သက်ပြီး အရေးယူဆောင်
ရွက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရင် ၏အဆိုကို အကောင်အထည်ဖော်သည့်အနေ
ဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ယခုလ ၈ ရက်က ဖွဲ့စည်းလိုက်
သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက ဦးမြညိမ်းက
ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ဝင် ၁၇ ဦးပါ၀င်သည်။

"ကျွန်တော်တို့က ဒီလိုဖွဲ့တယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌနဲ့ အပေါင်းပါများဆိုပြီး စော်ကားတဲ့
အသုံးနှုန်းသုံးလို့ပါ။ လွှတ်တော်ကို မဝေဖန်ရဘူးမဆိုပါဘူး" ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း ခြင်းသည် အချိန်ကုန်သော လုပ်ရပ်သာ ဖြစ်ပြီး ဒီမိုကရေစီ
ခေတ်တွင် ထောက်ခံသူရှိသကဲ့သို့ ဝေဖန်သူလည်းရှိမည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

"တကယ်တော့ မလိုအပ်ပါဘူး (ကော်မရှင်ဖွဲ့ခြင်း)။ တမင်အလုပ်ပိုရှုပ်တာပဲ ရှိပါတယ်"ဟု ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

လွှတ်တော်ကိုဝေဖန်ခြင်းအား ယခုကဲ့ သို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ခြင်းသည် လွတ်လပ်စွာ
ပြောဆိုရေးသားခွင့်ကို ထိခိုက်နိုင်သည်ဟုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ
က ပြောသည်။

"ပြည်သူထဲက ထွက်လာတဲ့အသံ တစ်သံလို့ပဲ မှတ်ပြီးတော့ လျစ်လျူရှုထားလိုက်ရင် ပြီးပါတယ်"
ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး