ပြည်ထောင်စု အစိုးရဖလား ကာယဗလနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စု အစိုးရဖလား ကာယဗလနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကာယကြံ့ခိုင်မူအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်ကျင်းပသော
ပြည်ထောင်စုအစိုးရဖလား ကာယဗလနှင် ့အမျိုးသမီးကာယ ကြံ့ခိုင်မူပြိုင်ပွဲကိုပြီးခဲ့သည့်
ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ကာယဗလမောင်ပြိုင်ပွဲတွင် ၅၅ ကီလိုတန်း၊ ၆၀ ကီလို တန်း၊ ရ၀ ကီလိုတန်း၊ ၈၀
ကီလိုတန်း၊ ၉၀ ကီလိုတန်းပြိုင်ပွဲများပါ၀င်ပြီး ကာယဗလမောင်စုစုပေါင်း ၄၆ ဦးဝင်ရောက် ယှဉ်ပြိုင်
ခဲ့သည်။

အမျိုးသမီး Model Physique အတွက်အရပ် ( ၅ ပေ ၃ လက်မ) အောက် ပြိုင်ပွဲနှင့် အရပ် ( ၅ ပေ
၃ လက်မ)အထက် ပြိုင်ပွဲစသည့် ပြိုင်ပွဲအမျိုးအစားနှစ်မျိုးအတွက် အမျိုးသမီးအလှမယ်စုစုပေါင်း
၂၃ ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၅၅ ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကို ကျော်မင်းသန်းရရှိခဲ့ပြီး ဒုတိယဆုကို
ရန်အောင်၊ တတိယဆုကို ဖြိုးဝေလင်းက ရရှိခဲ့သည်။

၆၀ ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကိုမြတ်သူထွန်းကရရှိခဲ့ပြီး ဒုတိယဆုကို
သန်းနိုင် ကလည်းကောင်း၊ တတိယဆုကို သိန်းထွန်းဦးက လည်း ကောင်း ရရှိခဲ့သည်။

၇၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကို ဦးဖြူရရှိခဲ့ပြီး ဒုတိယဆုကို
စောသိန်းအောင်က လည်းကောင်း၊ တတိယဆုကို ဖြိုးဝေလင်း ကလည်းကောင်း ရရှိခဲ့သည်။

၈၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကို မျိုးဆက်အောင် ရရှိခဲ့ပြီး ဒုတိယဆုကို
မင်းဇော် ကလည်းကောင်း၊ တတိယဆုကို အောင်ချမ်းလင်းက လည်းကောင်း ရရှိခဲ့သည်။

၉၀ ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆုကို ဆလိုင်းကျော်မင်းကရ ရှိခဲ့ပြီး ဒုတိယဆုကို
သင်းဝင်း ကလည်းကောင်း၊ တတိယဆုကို ဇာလီတင်က လည်းကောင်းရရှိခဲ့သည်။

အမျိုးသမီး Model Physique အရပ် (၅ ပေ ၃ လက်မ)အောက်ပြိုင်ပွဲတွင် ပထမဆုကို နန်းထက်
ထက်လင်း ကရရှိခဲ့ပြီး ဒုတိယဆုကို ဟေမာန်လင်းနှင့် တတိယဆုကို ဆိုင်းမိုင်က ရရှိခဲ့သည်။

အမျိုးသမီး Model Physique အရပ် ( ၅ ပေ ၃ လက်မ)အထက်ပြိုင်ပွဲတွင် ပထမဆုကို ခေါ်ဝင်းက
ရရှိခဲ့ပြီး ဒုတိယဆုကို ခိုင်ဝေလွင်နှင့် တတိယဆုကို ဆွေဆွေအောင်က ရရှိခဲ့သည်။

Mr.Nat Ray ပြိုင်ပွဲတွင် ပထမဆုကို ထွန်းတင်ကရရှိခဲ့ပြီး ဒုတိယ အောင်ခိုင်ဝင်း၊ တတိယ
စိုးမိုးအောင်၊ စတုတ္ထအောင်ဆွေနိုင်၊ ပ ဉ္စမ မျိုးထက်အောင်တို့က အသီး သီးရရှိခဲ့ကြပြီး Mr.Nat Ray
ပြိုင်ပွဲတွင် ပထမဆုကို အေးအေးစိုးက ရရှိခဲ့ပြီး ဒုတိယ ခေါ်ဝင်း၊ တတိယ နန်းထက်ထက်လင်း၊
စတုတ္ထ ခိုင်ဝေလွင်၊ ပ ဉ္စမ ဟေမာန်နှင်းတို့က ရရှိခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး