၁၉၈၈ ခုနှစ်မှစပြီး ချင်းအမျိုးသားနေ့ကို ကျင်းပခွင့်မရခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်တွင်
နိုင်ငံတော်သမ္မတ နှင့် ချင်းအမျိုးသား တပ်ဦးတို့ ငြိမ်းချမ်း ရေးယူပြီးသည့်အခါ နှစ်ဖက်သဘော
တူညီချက်ရရှိကာ ချင်းအမျိုးသားနေ့ကို တရားဝင်ပြန်လည် ကျင်းပနိုင်တော့မည် ဖြစ်ကြောင်း
ချင်းအမျိုးသားပါတီ (ပါတီအကြံပေး) ဒေါက်တာကမ်ဂျင်ဒါက မြန်မာတိုင်း(မ်)ကို ပြောသည်။
"၁၉၈၈ ခုနှစ်ကတည်းက ချင်းအမျိုး သားနေ့ကို လုပ်ခွင့်မပေးတော့ဘူး။ အခုတော့ သမ္မတနဲ့ ချင်း
အမျိုးသားတပ်ဦးသဘောတူညီချက်အရ မတားမြစ်တော့ဘူး။ ဟိုတုန်းကတည်းက ပြည်နယ်နေ့
လို့ မကျင်းပဘူး။ ပြည်နယ်အစိုးရအနေ နဲ့ ဟားခါးမှာလုပ်တာတစ်ခုပဲ ပြည်နယ် နေ့လို့ လုပ်တာ"ဟု
၎င်းကပြောသည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈၊ ၁၉ နှင့် ၂၀ ရက်များက ချင်းဝိသေသတိုင်း အစိုးရအဖွဲ့ လွှတ်တော်
ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့များ ဖလမ်းတွင် လူထုအစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအချိန် က မြေရှင်ပဒေသရာဇ် အုပ်ချုပ်မှုစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီအုပ်ချုပ်မှုစနစ် ကို
ကျင်းသုံးရန် သဘောတူညီခဲ့ကြသည်။
ချင်းပြည်သူလူထုများ ကျွန်ကဲ့သို့ အသက်ရှင်နေရခြင်းကို ပြည်နယ်အစိုးရ က အဆုံးသတ်ရမည်ဟု
ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပြုလုပ်ပြီး ထိုနေ့ကို ချင်းအမျိုးသားနေ့ဟု သတ်မှတ်
ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်းက အစိုးရသစ်တက်လာ
ပြီး၊ ၎င်းကလည်း မကွေးတိုင်းကို ချင်းတိုင်းရင်းသားရိုးရာ ၀န်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း
ချင်းအမျိုးသားနေ့ကို တရားဝင်လုပ်နိုင်ခဲ့သည်ဟု မြန်မာတိုင်း(မ်)သို့ပြောသည်။
"ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပေါ်လာတဲ့အခါကျတော့ လုပ်ပိုင်ခွင့်က ပိုပြီးသွက်လက် မြန်ဆန်
လာခဲ့တာပေါ့။ အဲလို တရားဝင်လုပ်ခွင့်ရတာကိုလည်း ၀မ်းသာတယ်။ ကျေနပ်ပါတယ်။ တိုင်းရင်း
သားရေးရာဝန်ကြီးဌာနတွေ ပေါ်လာတာကိုလည်း တိုင်းရင်းသားတွေ ရင်ထဲမှာ ကျေနပ်ပါတယ်။
စိတ်ဓာတ်ရေးရာ ခွန်အားတွေလည်း ပိုမြင့်မားလာပါတယ်"ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၆၅)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုး
များရှိသည့် နေရာတိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ တရားဝင် ကျင်းပခွင့်ရသည့်အတွက် ပိုမို ကောင်းမွန်သည်ဟု ဦးဆလိုင်းလှထွန်း
က ပြောသည်။















