အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ
အထွေထွေ ညီလာခံကို လာမည့် မတ်လ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပါတီ၏
အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
နိုင်ငံလုံးကျွတ် ညီလာခံကျင်းပရန် အတွက် ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များက ယမန်နှစ်မကုန်
ခင်ကပင် ကော်မရှင်များ အဆင့်ဆင့်ဖွဲ့စည်းကာ ပြင်ဆင်ခဲ့ကြပြီး ကနဦး လျာထားချက်အရ
ဖေဖော်ဝါရီလအတွင်း မှန်းထားခဲ့ သော်လည်း မြို့နယ်အဆင့်ကော်မရှင်များတွင် လုပ်ငန်းမပြီးပြတ်
သောကြောင့် မတ်လအတွင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်းလည်းဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မရှင်များမှ ညီလာခံတက်ရောက်မည့်သူ အားလုံး၏ ကိုယ်ရေး
မှတ်တမ်းများကို ရုံးချုပ်သို့ ဖေဖော် ၀ါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။















