အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့်စေရန် လှုပ်ရှားမှု ပြုလုပ်မည်

အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့်စေရန် လှုပ်ရှားမှု ပြုလုပ်မည်

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းနှင့် အနိုင်ကျင့် ခြင်း ရပ်တန့်စေရေး အသိ
ပညာပေးရန်အတွက် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် ရန်ကုန်မြို့ လူစည်ကားရာနေရာ အနှံအပြား၊
Happy World၊ ပြင်သစ်ယဉ်ကျေးမှုဌာနတို့၌ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၅ ဦးမှ ဦးဆောင်၍ အမျိုးသမီးများအား အနိုင်
ကျင့်၊ အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော် အသိပညာပေးသွားမည်ဖြစ်သည်။

Me N Ma Girl မှ မြန်မာမှုပြုထား သော သီချင်းနှင့် တင်ဆက်မှုများကို Happy World တွင် ညနေ
၆ နာရီမှ စတင် ဖျော်ဖြေသွားမည်ဖြစ်သည်။

၎င်းလှုပ်ရှားမှုကို ကမ္ဘာက One Billion Rising ဟု အမည်ပေးထားသည်။

အမျိုးသမီးများအား အနိုင်ကျင့် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် အသိပညာပေး
သော နေ့အဖြစ် နိုင်ငံပေါင်း ၁၉၀ နှင့်အတူ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပါ၀င်
လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ မှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး