နီပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှု ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး
တက်ရေးဦးစီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် စေတနာအဖွဲ့က ဆောက်လုပ်ပြီးစီးသွားသော
ကျောင်း ဆောင်သစ် ၂၀၀ မြောက်အား ပညာရေး ဌာနသို့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရှမ်းပြည်
နယ်တောင်ပိုင်းရှိ အဆိုပါ ကျောင်း၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားရေးစီမံကိန်း (EPD)ဖြင့် ဆောက်လုပ်ပြီး
စီးခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အမှတ်(၈၃)၊ အင်းငယ်(၂)
အခြေခံပညာမူလတန်း ကျောင်း၏ ကျောင်းဆောင်သစ်သည် ဆာဆာကာဝါနှင့် စေတနာအဖွဲ့တို့
က ရှမ်းပြည်နယ်၌ တည်ဆောက်ပေးခဲ့သည့် ကျောင်းဆောင် ၂၀၀ မြောက်ဖြစ်ပြီး အခမ်းအနားသို့
ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟီဆာဆာကာဝါ၊
ဂျပန်သံအမတ်ကြီး မစ္စတာ မီကီယိုနူမတ တို့လည်း တက်ရောက်ခဲ့ကြသည်။
"ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း တစ်စိတ် တစ်ဒေသကို
ပူးပေါင်းပါ၀င်ဆောင်ရွက် ပေးတဲ့ မိတ်ဆွေ ဂျပန်နိုင်ငံ နီပွန်ဖောင် ဒေးရှင်းမှ တာဝန်ရှိသူများအားလုံး
ကို ကျေးဇူးတင်ပါတယ်" ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်က ပြောကြားသည်။
ဂျပန်နိုင်ငံသည် စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ပညာရေး
မှာ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါ၀င်ခဲ့သည်ဟု နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ
က ပြောသည်။
"အခုကြွရောက်လာကြတဲ့ လူကြီးတွေ နဲ့ ကလေးတွေအားလုံးဟာ ဂျပန်လူမျိုး တွေထက်တောင်
ပညာရေးကို ပိုပြီး အားကြိုးမာန်တက် ဆောင်ရွက်နေကြတယ်လို့ ထင်ပါတယ်။ ဒီလိုပညာရေးကို
ကြိုးစားပြီး ဆောင်ရွက်မယ်ဆိုရင် အနာဂတ်မှာ ရှမ်းပြည်ကိုဦးဆောင်မယ့်၊ မြန်မာပြည်ကို ဦးဆောင်
မယ့် ခေါင်းဆောင် တွေ ပေါ်ထွက်လာမှာဖြစ်ပြီး အဲဒီအချိန်ကျရင် ရွာရဲ့ကြိုးစားမှု၊ မိဘပြည်သူများ
ရဲ့ ကြိုးစားမှုတွေဟာ ဂုဏ်ယူစရာဖြစ်လာမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ကျောင်းများတည်ဆောက် ရေးတွင် ရွာသူရွာသားများက ပူးပေါင်း ပါ၀င်တည်ဆောက်မှု
မှာ အခြားနိုင်ငံများတွင်မရှိဘဲ မြန်မာနိုင်ငံတွင်သာ တွေ့နိုင် သည်ဟုလည်း ၎င်းကဆိုသည်။
တည်ဆောက်ခဲ့သည့် ကျောင်းများတွင် နီပွန်ဖောင်ဒေးရှင်းက ရန်ပုံငွေချထားပေးကာ ဒေသခံကျေး
ရွာသားများကို လုပ်အားထည့်ဝင်စေပြီး လုပ်အားခများကို အသေးစားချေးငွေစနစ် တည်ထောင်စေ
ကာ ရေရှည်ရန်ပုံငွေရရှိစေရန် စီစဉ်ပေးခြင်းဖြစ်သည်။
ကျောင်းတစ် ကျောင်းတည်ဆောက်လျှင် ဒေသခံများ၏ လုပ်အားပါ၀င်ထည့်ဝင်မှုအတွက် အနည်း
ဆုံး ကျပ်သိန်း ၃၀ ခန့် ပေးအပ်သည်ဟု ဆိုသည်။
ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက ၎င်းတို့ဒေသတွင် စေတနာအဖွဲ့နှင့်
နီပွန်ဖောင်ဒေးရှင်းတို့က တည်ဆောက်ပေးသည့် ကျောင်းကိုးကျောင်း ရရှိပြီးဖြစ်ကာ ထိုကျောင်း
ဆောင်သစ်များ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။
၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သုံးသန်းဖြင့် စာသင်ကျောင်း ၁၀၀ ဆောက်
ရန် နီပွန် ဖောင်ဒေးရှင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ နားလည်မှုစာချုပ် စတင်ချုပ်ဆိုခဲ့သည်ဟု
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးထွေးလှ က ပြောကြားသည်။
"၁၀၀ ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၃ အထိ ထပ်ပြီးတော့ ဒေါ်လာသုံးသန်းနဲ့ပဲ
ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ စာသင်ကျောင်း ၁၀၀ ဆောက်မယ်ဆိုပြီး နားလည်မှု စာချွန်
လွှာ ရေးထိုးပြီးဖြစ်ပါတယ်။ ဒီနေ့ဟာ ကျောင်း ၂၀၀ ပြည့်မြောက်တဲ့ အတွက် ဒေသအတွက်ရော၊
၀န်ကြီးဌာန အတွက်ပါ ၀မ်းသာဂုဏ်ယူတဲ့အတွက် မဖြစ်မနေ တက်ရောက်ခြင်းဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။
၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ကျောင်းများ ဆက်လက်
ဆောက်လုပ်သွားမည်ဟုလည်း သိရသည်။
ကလေးငယ်များ ပညာသင်ကြားရေး အတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများရရှိစေရေး
အတွက် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားရေးစီမံကိန်း (နဏီ) ကို
နီပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် စေတနာအဖွဲ့က ၂၀၀၂ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်
သည်။
၂၀၀၇ ခုနှစ်၊ မေလအထိ ပထမငါးနှစ်အတွင်း ကျောင်း ၁၀၂ ကျောင်းကို ရှမ်းပြည်နယ်၌ တည်
ဆောက်ခဲ့သည်။
၂၀၀၃ ခုနှစ်မှ စတင်ခါ ပထမဆုံးကျောင်းအဖြစ် တောင်ကြီးမြို့နယ်၌ မူလတန်းကျောင်း ကို စတင်
ဆောက်လုပ်ပေးခဲ့ပြီး ကျောင်း ၁၀၀ မြောက်အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၌
ဖွင့်လှစ် နိုင်ခဲ့သည်။
















