ကိုမင်းကိုနိုင်နှင့် ကိုပြံုးချို ဥရောပ သွားရောက်

ကိုမင်းကိုနိုင်နှင့် ကိုပြံုးချို ဥရောပ သွားရောက်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်နှင့် ကိုပြံုးချိုတို့ ဥရောပသုံးနိုင်ငံ
ဖြစ်သည့် နော်ဝေ၊ ပြင်သစ်နှင့် ဒိန်းမတ်တို့သို့ ရှစ်ရက်ကြာ သွားရောက်ရန် ဖေဖော်ဝါရီ လ ၁၄ ရက်
နေ့က ထွက်ခွာသွားပြီဖြစ်သည်။

"ပထမဆုံး နော်ဝေကျောင်းသား တွေကနေပြီးတော့ ပေးတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို
ကိုမင်းကိုနိုင်က ယူမယ်။ ပြီးတော့ ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲလုပ်မယ်။ နော်ဝေ
အော်စလိုကိုဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေနဲ့ တွေ့မယ်"ဟု ကိုပြံုးချိုက ပြောသည်။

၎င်းတို့နှစ်ဦးသည် နော်ဝေမှ တစ်ဆင့် ပြင်သစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပြီး နောက်ဆုံး
ခရီးစဉ်တွင် ဒိန်းမတ်နိုင်ငံသို့ ၀င်ရောက်ကာ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင်
ပြန်ရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နော်ဝေ၊ ဒိန်းမတ်၊ ပြင်သစ် သုံးနိုင်ငံစလုံးရှိ မြန်မာလူမျိုး အသိုင်းအဝိုင်းနှင့် တွေ့ဆုံ
မည်ဖြစ်ပြီး သုံးနိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဒိန်းမတ်၌ ပါလီမန်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ယခုခရီးစဉ်သည် ၎င်းတို့၏ ပထမဆုံးဥရောပခရီးစဉ် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး