ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အကျခံရစဉ် သူ့ရဲ့ အစားအသောက်
အတွက် တစ်နေ့မလပ် ရိက္ခာပို့ခဲ့သူ၊ အကျယ်ချုပ်မှ ပြန်လွတ်မြောက်လာတော့လည်း မီးဖိုချောင်
တာဝန်ကို ဆက်လက်ယူခဲ့တဲ့ မိုဃ်းလင်း (ဖိုးလေး)က 'သမီးအောင်ဆန်းနှင့် ခြံထဲ မှ ကျွနု်ပ်၏
မှတ်စာများ' စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
စာအုပ်မှာ မြန်မာတိုင်း(မ်)ဂျာနယ်နှင့် Open News ဂျာနယ်တွေမှာ ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်း
စုကြည်နဲ့ ပတ်သက်တဲ့ မှတ်တမ်းဆောင်းပါးတွေကို စုစည်းပြီး မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာမှ
ထုတ်ဝေခဲ့ပါတယ်။
"၁၉၉၅ ခုနှစ်၊ ဇူလိုင်လကစပြီး သူ့ရဲ့ အစားအသောက်အတွက် မီးဖိုချောင်မှာ တောက်လျောက်
တာဝန်ယူပေးရပါတယ်။ တစ်အိမ်တည်း အတူတူနေတဲ့အခါ သူ့ရဲ့ စိတ်နေစိတ်ထား၊ သဘောထား၊
နေပုံထိုင်ပုံနဲ့ အတွင်းစိတ်ကအစ လေ့လာမိခဲ့ပါတယ်"လို့ မိုဃ်းလင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ရင်းစွဲရှိတဲ့အတွက် သူနဲ့ပတ်သက်တဲ့ မှတ်တမ်းလေးတွေကို
ဆောင်းပါးအနေ နဲ့ ရေးခဲ့ပေမယ့် စာပေစိစစ်ရေး တင်းကျပ်စဲ ကာလတွေမှာ ပုံနှိပ်ဖော်ပြခြင်းမခံရခဲ့
ဘူးလို့ ဆိုပါတယ်။
"သူနဲ့ ကျွန်တော်နဲ့က မိသားစုလို နေလာတဲ့အတွက် သူနဲ့ပတ်သက်ပြီး ရေးစရာတွေအများကြီး
ရှိနေပါတယ်။ သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးနောက်ပိုင်း
စာနယ်ဇင်းလွတ်လပ်ခွင့် တော်တော်ရလာတာ တွေ့ရပါတယ်။ ဒါနဲ့ မြန်မာတိုင်း(မ်)ဂျာနယ်က
ဆရာဦးသွေးသစ်နဲ့ တွေ့ဆုံအပြီး သူက အားပေးတာနဲ့ ဆက်တိုက်ရေးဖြစ်တာ"လို့ သူက ပြောပါ
တယ်။
စာအုပ်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဗိုလ်အောင်ကျော် (အောက်လမ်း)ရှိ HOME
မှာ မိတ်ဆက် ဖြန့်ချိမှာ ဖြစ်ပါတယ်။
တစ်အုပ်ကို ကျပ် ၂,၀၀၀ နဲ့ စာအုပ်ဆိုင်တွေမှာ ၀ယ်ယူလို့ ရပါတယ်။
















