ကရင်ဒုက္ခသည်များထံ နီပွန်ဖောင်ဒေးရှင်းက ကိုယ်တိုင်သွားရောက် လှူဒါန်းခွင့် ရရှိ

ကရင်ဒုက္ခသည်များထံ နီပွန်ဖောင်ဒေးရှင်းက ကိုယ်တိုင်သွားရောက် လှူဒါန်းခွင့် ရရှိ

တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ညွှန်းသည့် ပြည်ထောင်စုနေ့တွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေး
ရှင်းက ကရင် ပြည်နယ်ရှိ စစ်ဘေးသင့် ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ တန်ဖိုးထံ
သို့ ဆန်အိတ် ၂,၂၀၀ အား ကိုယ်တိုင်သွားရောက် ထောက်ပံ့ခဲ့သည်။

နီပွန်ဖောင်ဒေးရှင်းသည် အဆိုပါ ဆန်အိတ် ၂,၂၀၀ ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
များဖြစ်သည့် ကေအင်န်ယူ (ကရင်အမျိုးသား အစည်းအရုံး)၊ ဒီကေဘီအေ (တိုးတက် သော ကရင်
ဗုဒ္ဓဘာသာတပ်မတော်)နှင့် ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေ (ကရင်အမျိုးသားလွတ်မြောက်
ရေး တပ်မတော်) ငြိမ်းချမ်းရေးကောင်စီတို့ ထိန်းချုပ်ရာဒေသရှိ စစ်ဘေးသင့် ဒုက္ခသည်များအတွက်
ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း သိရသည်။

"ဒီနေ့ ဆင်းရဲငတ်မွတ်တဲ့သူတွေကို ဆန်ပေးလှူရတာ အရမ်းဝမ်းမြောက်မိပါ တယ်။ ကရင်တောင်
တန်းမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးတွေ အခုပေးတဲ့ဆန်တွေ ကို လက်ခံခြင်းဖြင့် ထမင်းဝဝစားနိုင်
ကြမယ်လို့ မျှော်လင့်ပါတယ်"ဟု နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ မစ္စတာ ယောဟဲအိ ဆာဆာကာဝါက
ပြောသည်။

နီပွန်ဖောင်ဒေးရှင်းသည် အဆိုပါ ဆန်အိတ်များ လှူဒါန်းသည့် အခမ်းအနားကို ပြည်ထောင်စုနေ့
အခမ်းအနား ကျင်းပရာ ဘားအံမြို့ရှိ သီရိကွင်းအရှေ့ ၌ ပြုလုပ်ခဲ့ပြီး ကေအင်န်ယူထိန်းချုပ်ရာ
ဒေသ၊ ထရီးပိုးကွီးကျေးရွာတွင် စစ်ဘေးသင့် ဒုက္ခသည်များအား ၎င်းကိုယ်တိုင်သွားရောက်လှူဒါန်း
ခွင့်ရခဲ့သည်။

"အခုလို လှူဒါန်းခွင့်ရတဲ့အတွက် ဦးသိန်းစိန်အစိုးရနဲ့ ဦးအောင်မင်းတို့က တစ်ဆင့် ဒီလို ဆန်ပေးခြင်း
ဟာ ငြိမ်းချမ်းရေးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ဝန်ကြီး
ချုပ် ဦးဇော်မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ပါတယ်"ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများသည် အမျိုးမျိုး ကွဲပြားစွာ ရပ်တည်
နေသော်လည်း အခြေခံမူဝါဒများမှာ တူညီ ကြောင်း၊ ယခုကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း
သည် တိုင်းရင်းသား ဒုက္ခသည်များအတွက် ပထဆုံးအကြိမ် တရားဝင်ရရှိသော ထောက်ပ့ံမှုဖြစ်
ကြောင်း ကေအင်န်ယူအဖွဲ့မှ ဦးစောရော်ဂျာခင်က ပြောသည်။

"အခုလို တရားဝင် အကူအညီရရှိတာ အပစ်အခတ်ရပ်စဲမှု လက်မှတ်ထိုးနိုင်တဲ့ ရလဒ်ပဲ။ ပြည်သူ
တွေက နှစ်ပေါင်း ၂၀ ကြာ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင် ဖြစ်ခဲ့ရတာပါ။ သူတို့ဘဝ
ပြန်လည်ထူ ထောင်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေမှာ အစိုးရမပါဘဲ ဘာမှလုပ်လို့မရဘူး။
အစိုးရ၊ အာဏာပိုင် တွေ ခွင့်ပြုချက်နဲ့ အဖွဲ့သုံးဖွဲ့ပူးပေါင်းမှု၊ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းမှုနဲ့ စစ်
ဘေးရှောင်ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး အခက်အခဲ တွေကို ကျော်လွှားရ
မှာပါ"ဟု ဦးစောရော်ဂျာခင်က ပြောသည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကလည်း အစိုးရနှင့် ကေအင်န်ယူတို့၏ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးသည့် အချိန်မှ စတင်ခါ ကရင်ပြည်နယ်၌ တိုးတက်မှုများဖြစ်ပေါ်လာကြောင်း၊ ဒုက္ခသည်များ ပြန်လည်နေရာချထား ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တိုင်းရင်းသား
အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ နီပွန် ဖောင်ဒေးရှင်း၏ ပံ့ပိုးမှုများကို ကျေးဇူး
တင်ကြောင်း ၎င်းက ပြောသည်။

"ဆန်တွေပေးတဲ့အတွက် ပျော်ပါတယ်။ ဒါပေမဲ့ ဒီမှာ ပိုလိုအပ်တာက ရေရရှိဖို့ပဲ။ အမြဲတမ်း တောင်
ကျချောင်း ရေကိုပဲ သုံးနေရတယ်။ ဒီရေတွေက ကျန်းမာရေးအတွက်မကောင်းဘူး။ ရေ ကြောင့်
တော်တော်ဒုက္ခရောက်ရတယ်" ဟု ထိဒလလူးထကျေးရွာမှ ဦးစောကျော်လုက ပြောသည်။

"ကျွန်တော်တို့ရဲ့ အကူအညီတွေက ဒီတစ်ခါတည်းမဟုတ်ပါဘူး။ ဆက်ပြီး ကူညီသွားမှာပါ။
နောက်ထပ် ကချင်ကို သွားရောက်ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ အခု သမ္မတကြီးဆီက ခွင့်ပြု
ချက်ရ ပေမယ့် စစ်တပ်ကခွင့်ပြုချက်တော့ မရ သေးပါဘူး။ ရတာနဲ့ ကျွန်တော်တို့သွားဖို့ အဆင်
သင့်ပါပဲ"ဟု မစ္စတာဆာဆာကာဝါက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး