မြန်မာတိုင်း(မ်) အတိတ်၊ ပစ္စုပ္ပန် ပတ်သက်၍ စတင်တည်ထောင်သူ ရော့စ်ဒန်ကလီနှင့် အထူးတွေ့ဆုံမေးမြန်းခြင်း

မြန်မာတိုင်း(မ်) အတိတ်၊ ပစ္စုပ္ပန် ပတ်သက်၍ စတင်တည်ထောင်သူ ရော့စ်ဒန်ကလီနှင့် အထူးတွေ့ဆုံမေးမြန်းခြင်း

လွန်ခဲ့သော ၁၃ နှစ် လောက်က မြန်မာတိုင်း(မ်) အင်္ဂလိပ်ဘာသာ The Myanmar Times အပတ်
စဉ်ဂျာနယ် ပထမဆုံး ထွက်ပေါ်လာခဲ့သည်။ မစ္စတာရော့စ်ဒန်ကလီနှင့် ဦးမြတ်ဆွေ (ဆန်နီဆွေ)တို့
စတင်တည်ထောင်ခဲ့သောသတင်းဂျာနယ်သည် အပြောင်းအလဲကို တောင့်တနေကြသော ပရိသတ်
အကြား အဆင်ပြေသွားခဲ့သည်။

တစ်နှစ်အကြာမှာပင် မြန်မာတိုင်း(မ်)ကို မြန်မာဘာသာဖြင့် ထုတ်ဝေလိုက်ရာ ဈေးကွက်တွင် နေရာ
ရသွားသည်။ အချိန်တိုအတွင်းမှာပင် ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်လာပြီး သတင်းစာလောက
၏ မှတ်တိုင်တစ်ခုဖြစ်သွားသည်။

ထိုအချိန်နောက်ပိုင်း ဂျာနယ်၏ ကံကြမ္မာလှိုင်းတံပိုးက သတင်းစာဖက်စပ်လုပ်ငန်းရှင် နှစ်ဦးပါ
တိုက်ခတ်သွားခဲ့သည်။

ယခုအခါတွင်သတင်းဂျာနယ်ပိုင်ဆိုင်မှုအတွက် ရုန်းကန်မှုမှာ နောက်ဆုံးအခြေအနေသို့
ဆိုက်ရောက်လျက်ရှိနေပြီဖြစ်သည်။

အောက်ပါသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် MCM လီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့်
အယ်ဒီတာချုပ် ဖြစ်သူ မစ္စတာရော့စ်ဒန်ကလီ််အား မြန်မာတိုင်း(မ်)၏ သတင်းအဖွဲ့မှ မေးမြန်းခဲ့
သည်။

* ခင်ဗျားရဲ့ ဖက်စပ်လုပ်ငန်းရှင်ဖြစ်တဲ့ ဒေါ်ခင်မိုးမိုး(ဒေါက်တာတင်ထွန်းဦး ဇနီး)က
ခင်ဗျားကို
စွဲချက်နှစ်ခုနဲ့ စွဲဆိုထားတယ်။ ခင်ဗျားကလည်း တန်ပြန်စွဲဆိုထားကြောင်း
သိရတယ်။ နောက်ဆုံး
အခြေအနေဘယ်လိုလဲ။

ပြစ်မှုဆိုင်ရာ စွဲချက်တွေနဲ့ စွဲထားပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့က ဒေါ်ခင်မိုးမိုးနဲ့ သူစိမ်း ငါးဦးဟာ
မြန်မာတိုင်း(မ်) လုပ်ငန်းဆောင်ရွက်နေမှုကို နှောင့်ယှက်ပြီး ကျွန်တော့်ကိုလည်း ပြဿနာဖြစ်စေတဲ့
မြန်မာတိုင်း(မ်)ရုံးခန်းထဲဝင်လာကြပါတယ်။ ကျွန်တော့်ကို ခြောက်လှန့်ပြီး သိက္ခာကျစေဖို့ စော်ကား
ပြုမူခဲ့ကြပါတယ်။

ကျွန်တော့်ရဲ့ရုံးအဆောက်အအုံထဲမှာပဲ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နေခဲ့ရပါတယ်။
ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီလိုအပြုအမူနဲ့ စော်ကားခံရလိမ့်မယ်လို့
ကျွန်တော် မထင်ခဲ့ပါဘူး။ ဒီလိုဖြစ်ခဲ့ ရတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် အတော်တုန်လှုပ်သွားပြီး
အကြီးအကျယ် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

နောက်တစ်နေ့နံနက်မှာတော့ ဒေါ်ခင်မိုးမိုးက ကျွန်တော့်ကို အမှုနှစ်မှုနဲ့ တရားစွဲ တော့တာပါပဲ။
ကျွန်တော်လည်း ဒေါ်ခင်မိုးမိုးနဲ့ အခြားသူများကို စွဲချက်လေးခုနဲ့ တရားပြန်စွဲရုံမှတစ်ပါး အခြားရွေး
ချယ်စရာမရှိတော့ပါဘူး။ နောက်ထပ် စွဲချက်တွေတိုးဖို့လည်း စဉ်းစားနေပါတယ်။ ကျွန်တော့် ဥပဒေ
အကြံပေးအဖွဲ့နဲ့ တိုင်ပင်နေပါတယ်။

* မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာ (MCM) မှာ ဘယ်သူတွေပါကြလဲ။ ရှယ်ယာ
အတိအကျ
ပိုင်ဆိုင်မှုတွေ သိပါရစေ။ 

MCM ရဲ့ ၅၁ ရာခိုင်နှုန်းကို စွယ်စုံမီဒီယာက ပိုင်ပါတယ်။ စွယ်စုံမီဒီယာ ပိုင်ရှင်တွေက ဒေါက်တာ
တင်ထွန်းဦးနဲ့ ဒေါက်တာခင်မိုးမိုးပါ။ သူတို့ဘက်က ရှယ်ယာပိုင်ဆိုင်မှုနဲ့ ပိုင်ရှင်တွေကိုတော့
ကျွန်တော်မသိပါဘူး၊ MCM ရဲ့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်းကတော့ ကျွန်တော့် ထိန်းချုပ်မှု အောက်မှာ
ရှိပါတယ်။

ကျွန်တော့်ဘက်က ရှယ်ယာပိုင်ရှင် အနေနဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက ဒီလုပ်ငန်းမှာ အတူရင်းနှီး
မြှုပ်နှံခဲ့တဲ့ မစ္စတာဘီလ်ကလောက် ရှိပါတယ်။ မစ္စတာဘီလ်ကလောက်ဟာ ကမ်းလွန် ရေနံနဲ့
ဓာတ်ငွေ့လုပ်ကွက် ရှာဖွေ စမ်းသပ်လေ့လာခွင့် လိုင်စင်ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ နယူးဇီလန်က
မိတ်ဆွေတစ်ဦးက ရှယ်ယာ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပါတယ်။

ကမ္ဘောဒီယားက မီဒီယာလုပ်ငန်း ရင်းနှီး မြှုပ်နှံမှုကိုလည်း ဒီရှယ်ယာပိုင်ရှင်တွေပဲ ပိုင်ဆိုင်ပါတယ်။
ကမ္ဘောဒီးယားမှာ The Phnom Penh ဆိုတဲ့အမည်နဲ့ နေ့စဉ်သတင်းစာ (အင်္ဂလိပ် နှင့် ခမာ)
ဘာသာ နှစ်စောင် ထုတ်ဝေပါတယ်။

အဲဒီအုပ်စုဟာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားပိုင်ဖြစ်ပြီး ကျွန် တော်က ထုတ်ဝေသူပါ။ အဲဒီသတင်းစာ
ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း နိုင်ငံတကာဆု ၁၁ ဆု ရခဲ့ပြီး သူ့အတန်းအစားထဲမှာတော့ ထိပ်ဆုံး
က ရှိနေခဲ့ပါတယ်။

ကျွန်တော့်အမြင်ရှုထောင့်မှ ပြောရရင် ကျွန်တော့်ဘဝရဲ့ အချိန်ကာလ ၁၃ နှစ်ကျော်ကို မြန်မာနိုင်ငံ
နဲ့ ကမ္ဘာဒီးယားမှာရှိတဲ့ ဒီလုပ်ငန်းစီမံကိန်း နှစ်ခုမှာ နှစ်မြှုပ်ခဲ့ပါတယ်။ သိပ်မကြာတော့တဲ့ အချိန်
ကာလတစ်ခုကို ကျွန်တော်ဦး ဆောင်ပြီး ဖြတ်သန်းသွားရတော့မယ်လို့ မြင်နေပါတယ်။ အလွန်
လှိုင်းတံပိုး ပြင်းထန်တဲ့ ကာလတစ်လျှောက်မှာ တောင် ကျွန်တော့်အဖွဲ့ကို ကျွန်တော် မတိမ်း
မစောင်း ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။

ဒီမီဒီယာနှစ်ခုအတွက် ပြုစုပျိုးထောင်ခဲ့ပုံ၊ ကာကွယ်စောင့်ရှောက်ခဲ့ပုံ၊ စွန့်လွှတ်အနစ်နာခံခဲ့ပုံတွေကို
ကျွန်တော့်ရဲ့ ရှယ်ယာပိုင်ရှင်တွေကလည်း နားလည်သိမြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

* ဒီတင်းမာမှုတွေ မြန်မာတိုင်း(မ်) မှာ အခုဘာကြောင့် ထပ်ပေါ်လာတာပါလဲ။
တလောက
ဒေါက်တာခင်မိုးမိုးက ဂျာနယ်ထုတ်ဝေမှုကိုတောင် ပိတ်ပစ်မယ်လို့ ပြောနေ
ပါလား။ အဲဒီလိုဖြစ်ဖို့
အလားအလာရှိပါသလား။

ဒေါက်တာခင်မိုးမိုးက သူဟာ ရှယ်ယာ အများစုပိုင်ရှင်မို့ သူလုပ်ချင်တာ လုပ်နိုင်တယ်လို့ ယုံကြည်
နေပုံရပါတယ်။ အမှုဆောင်ဒါရိုက်တာ တစ်ယောက်မဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့အပတ်အတွင်း ဟိုဟာလုပ်
မယ်၊ ဒီဟာလုပ်မယ်ဆိုပြီး အပြောင်းအလဲတွေ ထုတ်ခဲ့ပါတယ်။ ကျွန်တော်က ဒီထဲမပါချင်လို့
ရှောင်နေခဲ့ပါတယ်။ ဘယ်ဟာကအမှန်၊ ဘယ်ဟာကအမှားဆိုတာကိုပဲ ပြောပါမယ်။

မြန်မာတိုင်း(မ်)ကို ရပ်တန့်ဖို့ ဒေါက်တာခင်မိုးမိုးမှာ အခွင့်လုံးဝ မရှိပါဘူး။ သူက ဒီဂျာနယ်ရဲ့
ထုတ်ဝေသူ မဟုတ်ပါဘူး။ ထုတ်ဝေသူက သူ့ခင်ပွန်း ဒေါက်တာတင်ထွန်းဦးပါ။ ကုမ္ပဏီ ဒါရိုက်တာ
များဘုတ်အဖွဲ့က ထုတ်ဝေသူကို ခန့်ထားပါတယ်။ ကုမ္ပဏီရဲ့ အကျိုးအတွက် ဘုတ်အဖွဲ့ရဲ့
ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကသာလျှင် ဒီလိုကိစ္စ
မျိုးကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အလေးအနက် ပြောလိုပါတယ်။

ဒေါက်တာခင်မိုးမိုးက ဂျာနယ်ကို ရပ်ပစ်ချင်ရင် (သို့မဟုတ်) နေ့စဉ်သတင်းစာ လျှောက်ထားမှုကို
တားမြစ်ချင်ရင် ဘုတ်အဖွဲ့ အစည်းအဝေးခေါ်ပြီး တင်ပြဖို့ပဲရှိပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ တာဝန်
သိသိ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

* ဒေါက်တာတင်ထွန်းဦးနဲ့ ဒေါက်တာခင်မိုးမိုးတို့ဟာ ခင်ဗျားနှစ်သက်တဲ့ပါတနာတွေ
မဟုတ်ဘူး
ဆိုတာ မှန်ပါသလား၊ အခုအဖြစ်အပျက် ရဲ့ နောက်ကွယ်က အဖြစ်မှန်တွေက
ဘာတွေလဲ။

၂၀၀၅ ခုနှစ် နှောင်းပိုင်းမှာ ကျွန်တော့်ကို သိမ်ဖြူလမ်းရှိ ယခင်ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ အစည်း
အဝေးတစ်ရပ် တက်ရောက်ဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီ ရောက်တော့ ကျွန်တော့်ကို အခန်းတစ်ခန်း
ထဲ ခေါ်ဆောင်သွားတယ်။ အဲဒီ အခန်းမှာ ဗိုလ်မှူးကြီးအောင်ငြိမ်းရှိနေပြီး သူဟာ အဲဒီတုန်းက ပုံနှိပ်
ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးဖြစ်ပါတယ်။

ဗိုလ်မှူးကြီးအောင်ငြိမ်းက မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာကုမ္ပဏီကို ကျွန်တော်နဲ့ လက်တွဲ
တည်ထောင်ခဲ့သူ ဦးမြတ်ဆွေ (ဆန်နီဆွေ)ရဲ့ ဇနီးဒေါ်ယမင်းထင်အောင်အနေနဲ့ မြန်မာတိုင်း(မ်)
ဂျာနယ် မှာ ဆက်လက်ပြီး ပါတနာမဖြစ်နိုင်တော့ဟု ယခင်ဝန်ကြီးဦးကျော်ဆန်းက အတိအလင်း
ပြောကြားခဲ့ကြောင်းနဲ့ ၀န်ကြီးက ကျွန်တော့်အတွက် ပါတနာအသစ်ကို သူတို့ရှာဖွေသတ်မှတ်ထား
ကြောင်း ဗိုလ်မှူးကြီးအောင်ငြိမ်းက ကျွန်တော့်ကို ပြောပါတယ်။

ပြီးတော့ သူက အဲဒီ ပါတနာ တွေဟာ နာမည်ကျော်ကြားတဲ့ ဒေါက်တာတွေဖြစ်ပြီး ထင်ရှားတဲ့
ထုတ်ဝေသူတွေလည်းဖြစ်ကြောင်း ကျွန်တော့်ကို ပြောပါတယ်။ သူက သူတို့ဟာ ကျွန်တော့်
အတွက် အပြစ်အနာ လုံးဝကင်းစင်တဲ့ ပါတနာတွေ ဖြစ်လာပါလိမ့်မယ်လို့ပြောပြီး ဒေါက်တာ
တင်ထွန်းဦး ဟိုဘက်အခန်းမှာရှိနေကြောင်းနဲ့ ကျွန် တော် သူနဲ့ တွေ့ဆုံသင့်ကြောင်း ပြောကြား
ပါတယ်။

ကျွန်တော်က သူ့ကို ကျွန်တော်ဟာ မတွေ့ကြံုဖူးတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ထိမ်းမြားဖို့
အသာထား၊ စေ့စပ်ကြောင်းလမ်းမှုတောင် လုပ်လေ့မရှိပါဘူး။ ဥပမာနဲ့ ပြောပြပြီး ကျွန်တော့်ကိုပေးခဲ့
တဲ့ ဒီရာဇသံကိုလည်း ကျွန်တော်မနှစ်သက်ခဲ့ပါဘူး။ ကျွန်တော်က သူ့(ဒေါက်တာတင်ထွန်းဦး)ကို
အခန်းတွင်းကို ခေါ်လာရင်တောင် ကျွန်တော်ချက်ချင်း ထွက်သွားမှာဖြစ်ပြီး သူ့ကိုလည်း ကျွန်တော်
စကားပြောမှာ မဟုတ်ကြောင်း ပြန်ပြောလိုက်ပါတယ်။

ကျွန်တော်က ကျွန်တော့်ပါတနာ ဖြစ်လိုသူတစ်ဦးရဲ့ ကမ်းလှမ်းမှုကို ကျွန်တော်ရရှိထားကြောင်းနဲ့
ကျွန်တော့် အစုရှယ်ယာပိုင်ရှင်များက ကျွန်တော်တို့ရဲ့ တရားဥပဒေပါ အခွင့်အရေးတွေကို ဆွဲကိုင်
ပြီး တုံ့ပြန်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားကြပါတယ်။

ကျွန်တော် ဒီလူတွေနဲ့တွေ့ဆုံဖို့ မဖြစ်နိုင်ကြောင်း သူ့ကို အလေးအနက် ထပ်မံပြောကြား လိုက်ပါ
တယ်။ အဲဒီနောက်မှာလည်း မြန်မာတိုင်း(မ်)ဂျာနယ် အဆောက်အအုံနဲ့ ယှဉ်လျက်ရှိတဲ့ အခု
ဒေါက်တာတင်ထွန်းဦးပိုင်ဆိုင်တဲ့ ရုံးခန်းမှာ နောက်တစ်ကြိမ်ထပ်ပြီး ဒေါက်တာတင်ထွန်းဦးကို
မိတ်ဆက်ပေးနိုင်မယ့် အနေအထားတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပြီး သူနဲ့ ကျွန်တော် မိတ်ဆွေဖြစ်
ရောက်တတ်ရာရာပြောဖြစ်အောင် လုပ်ဆောင်ခဲ့ပါသေးတယ်။


ယခုလို ထပ်မံပြီး အတင်းအကျပ် လုပ်ဆောင်ခံရဖို့ ကျွန်တော့်မှာ တာဝန်မရှိတဲ့အတွက် အခန်းတွင်း
က ထွက်သွားမယ့်အကြောင်းလည်း ကျွန်တော်နောက်တစ်ကြိမ် ပြောကြားလိုက်ပါတယ်။
ကျွန်တော် အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့
တုန်းက သူက ကျွန် တော့်မှာ ဒေါက်တာတင်ထွန်းဦးကို လက်ခံဖို့မှအပ အခြားရွေးချယ်စရာမရှိ
ကြောင်းနဲ့ ဒေါက်တာတင်ထွန်းဦးကို ကျွန်တော့်အတွက် အကောင်းဆုံး ပါတနာအဖြစ် သတ်မှတ်
ရွေးချယ်ထားပြီးဖြစ်ကြောင်းနဲ့ အင်္ဂလိပ်ဘာသာ ကောင်းကောင်း ကျွမ်းကျင်သူဖြစ်ပြီး ထုတ်ဝေသူ
တစ်ဦးလည်းဖြစ်တာကြောင့် သတ်မှတ် ရွေးချယ်ရခြင်းဖြစ်ကြောင်း တို့ကို ပြောကြားခဲ့ပါတယ်။

အဲဒီအချိန် က ကျွန်တော်သာ သူ့ကိုပါတနာအဖြစ် လက်ခံခဲ့ရင် အားလုံးအဆင်ချောသွားမှာ ဖြစ်ပြီး
ကျွန်တော်တို့တခြားကိစ္စတွေကို ဆက်ပြီး ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။
ဒါပေမဲ့ ကျွန်တော်က ဒေါက်တာတင်ထွန်းဦးကို ကျွန်တော့ပါတနာအဖြစ် အလိုမရှိကြောင်းနဲ့
ကျွန်တော်ဟာ ကုမ္ပဏီဖွဲ့စည်းပုံဥပဒေ နဲ့ ကျွန်တော်တို့ ရှယ်ယာဝင်တွေရဲ့ သဘောတူညီချက်ပါ
အခွင့်အရေး တွေကို ဆွဲကိုင်အသုံးချလိုကြောင်းနဲ့ ကျွန်တော်တို့ တခြားစီစဉ်ဆောင်ရွက်မှုတွေကို
လည်း လုပ်ဆောင်ထားပြီးဖြစ် ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

အဲဒီအတောအတွင်း ဦးတေဇရဲ့ အင်းလျားလမ်းနေအိမ်ကို ကျွန်တော် အလည်အပတ်သွားရာမှာ
ကျွန်တော် တို့ မြန်မာတိုင်း(မ်)အကြောင်းဆွေးနွေး ဖြစ်ကြပါတယ်။ သူက အကယ်၍
မြန်မာတိုင်း(မ်)ရှယ်ယာတွေ ၀ယ်ယူခွင့်ပေါ် ပေါက်လာမယ်ဆိုပါက ၎င်းအဆိုပါ ရှယ်ယာတွေကို
၀ယ်ယူဖို့ စိတ်ဝင်စား ကြောင်း အရိပ်အမြွက် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူက သူစုံစမ်း မေးမြန်မှုတချို့ လုပ်ပါဦးမယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် သူကျွန်တော့် ကို
ပြန်မဆက်သွယ်တော့ပါဘူး။ နောက်ပိုင်းကျတော့ အဲဒီတုန်းက ဗိုလ်မှူးချုပ် ကျော်ဆန်း(သို့မဟုတ်)
၀န်ကြီးချုပ် ဦးစိုးဝင်းက မြန်မာတိုင်း(မ်)ကို ဝေးဝေးက ရှောင်ဖို့ ပြောကြားကြောင်းနဲ့ အရှုပ်အထွေး
များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းစကားကို ဦးတေဇရဲ့ ဒါရိုက်တာတစ်ဦးက ကျွန်တော့်ကို
ပြောပြပါတယ်။

ဦးမိုးကျော် စုစည်းတည်ထောင်ထားတဲ့ လုပ်ငန်းရှင်များ ဆင်ဒီကိတ်အဖွဲ့ ဖြစ်တဲ့ 'မြန်မာဈေးကွက်
တင်ရောင်းချ ရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ'က ရှယ်ယာဝယ်ယူရေး ကမ်းလှမ်းမှုတွေ
ကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ တကယ်လို့ ဒေါ်ယမင်းကို ရှယ်ယာများ ရောင်းထုတ်ဖို့ ဖိအား
ပေးခြင်းခံရရင် အဆိုပါရှယ်ယာများကို ၎င်းတို့ဝယ်ယူရန် အဆင်သင့်ရှိကြောင်း နဲ့ တကယ်လို့
ဦးဆန်နီဆွေ ထောင်က လွတ်မြောက်လာပါရင်လည်း ရှယ်ယာများကို ပြန်လည်ရောင်းပေးရန်
အသင့်ရှိကြောင်းလည်း ကျွန်တော့်ကို ပြောခဲ့ပြီး ကျွန်တော် သူတို့နဲ့ ရှယ်ယာ ဈေးနှုန်းကို သဘော
တူခဲ့ကြပါတယ်။ ကျွန်တော် သူတို့ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး အထူးဝမ်းမြောက်ခဲ့ပါတယ်။

သူတို့ကမ်းလှမ်းတဲ့ ဈေးနှုန်းဟာ ဒေါက်တာတင်ထွန်းဦးပေးတဲ့ ရှယ်ယာ တန်ဖိုးထက် နှစ်ဆအထိ
မြင့်မားပါတယ်။ ကျွန်တော့်မှာ အဲဒီကမ်းလှမ်းချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြတဲ့ပေးစာတွေရှိနေ
ပါတယ်။

ကျွန်တော်က ၀န်ကြီးဟောင်းကို ကျွန်တော့်မှာ အဆိုပါ ဈေးနှုန်းကမ်းလှမ်းချက်ရှိကြောင်း အသိပေး
ပြောကြားရာမှာ သူက သူပေးမယ့် တန်ဖိုးဟာ အဲဒီအတိုင်းအတာ မဟုတ် ကြောင်းနဲ့ ဒေါက်တာ
တင်ထွန်းဦး ကမ်းလှမ်းတဲ့တန်ဖိုးဟာ မျှတမှုရှိကြောင်းပြောကြားခဲ့ပါတယ်။ နောက်သိပ်မကြာခင်မှာ
ကျွန်တော် ဒေါက်တာတင်ထွန်းဦးနဲ့တွေ့ပါတယ်။

နောက် တခြားရက်စွဲတစ်ခုမှာ ကျွန်တော် ၀န်ကြီးနဲ့ သူ့ရုံးခန်းမှာ အစည်းအဝေးတစ်ရပ်လုပ်ပါတယ်။
အစည်းအဝေးမှာ ကျွန်တော်က ကျွန်တော် စိတ်မပါဘဲ အလုပ်ဆက်လုပ်မှာဖြစ်သော်လည်း
ကျွန်တော်ဟာ ကုမ္ပဏီရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်ကိုင်တွယ် လုပ်ဆောင်မှာဖြစ်ပြီး
ဒေါက်တာ တင်ထွန်းဦးနဲ့ သူ့ဇနီးဟာ ကုမ္ပဏီ အဆောက်အအုံထဲကို ၀င်ရောက် နိုင်ရန် မှာ
ကျွန်တော့် သဘောတူညီချက် ရှိဘဲ ၀င်ရောက်ခွင့်မရဘူးဆိုတာနဲ့၊ လစဉ် ကုမ္ပဏီရဲ့ ငွေစာရင်းရှင်း
တမ်းများကို သူတို့ထံပေးပို့မှာဖြစ်ပြီး ကုမ္ပဏီအတွက် ပြောကြားလိုသည်များကို ဘုတ်အဖွဲ့ အစည်း
အဝေးမှာသာ ၎င်းတို့ ပြောဆို ပိုင်ခွင့်ရရှိမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

၀န်ကြီးက ချက်ချင်းအလျင်အမြန် သဘောတူလိုက်ပြီး၊ ဒေါက်တာတင်ထွန်းဦးကို အခန်းတွင်းကို
ခေါ်လာပြီးနောက် ဒေါက်တာတင်ထွန်းဦးက သူ့ဘက်က သုံးလတစ်ကြိမ် အမြတ်ငွေခွဲဝေမှုတွေ
ရနေသမျှ ကာလပတ်လုံး ဘာကိုမှ ဂရုမစိုက်ကြောင်း ပြန်ပြောပါတယ်။ ဒါတွေကတော့ အဲဒီတုန်း

ကအဖြစ် အပျက်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခိုင်မာတဲ့ ပြန်ပြောင်း အမှတ်ရမှုတွေဖြစ်ပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်ဝန်ထမ်းတွေအတွက်နဲ့ တစ်နေ့မှာ ကျွန်တော့်ပါတနာအစစ်
ဦးဆန်နီဆွေ ပြန်လာပြီး သူ့ဝေပုံကျ ခွဲတမ်းကို တောင်းဆိုလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ပြီး
တာဝန်တွေကို ထမ်းဆောင်မြဲ ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

* ဒေါက်တာတင်ထွန်းဦးက သူ့ရှယ်ယာတွေကို ပြန်ရောင်းဖို့ တွေးတော နေပါသလား။
အဲဒီလိုဆိုရင် ဘယ်သူတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ၀ယ်ယူမယ့် သူတွေလဲ။

ကျွန်တော့်ရုံးခန်းမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဒေါက်တာတင်ထွန်းဦးနဲ့ ကျွန်တော်တွေ့ခဲ့ပါတယ်။
ကျွန်တော်က မြန်မာပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ် နေပြီ၊ များမကြာမီမှာ ဦးဆန်နီဆွေဟာ
ထောင်ကလွတ်မြောက်ကောင်း လွတ် မြောက်လာနိုင်ပါတယ်လို့ မှတ်ချက်စကား ပြောလိုက်ပါ
တယ်။

ပါတနာတစ် ယောက်အနေနဲ့ ကျွန်တော်က ဒေါက်တာတင်ထွန်းဦးကို သူ့မှာတည်ကြည် ဖြောင့်
မတ်မှု ရှိကြောင်း ပြသတဲ့အနေ နဲ့ သူ့ရှယ်ယာတွေကို ဆန်နီဆွေမိသားစု အတွက် သူပေးခဲ့ရတဲ့
ဈေးနှုန်းအတိုင်း အတိအကျ ပြန်လည် ရောင်းချပေးမယ်လို့ စောစီးတဲ့ ကြေညာချက်ပြုလုပ်ဖို့ အကြံ
ပေးခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့၊ အလေးအနက်စဉ်းစားဖို့ ကျွန်တော်က တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ဒီကိစ္စကို လမ်း ပေါ်ကရန်ပွဲတစ်ရပ်အဖြစ် နိမ့်ကျစေပြီး တရားခွင်မှာ အမှုဆိုင်ကြရမယ်ဆို
ရင်လည်း သူအနိုင်ရမယ့်အဖြစ် မရောက် နိုင်ပါဘူး။ မကြာသေးခင်က ဒီရှယ်ယာတွေကို
အမေရိကန် ဒေါ်လာ နှစ်သန်းနဲ့ ရောင်းရန်ရှိကြောင်း လူအများသိစေခဲ့ ပါတယ်။

ကျွန်တော်တို့က ဒါလောက် မြင့်မားတဲ့ ဈေးနှုန်းအတွက် အံ့အားသင့်ခဲ့ရပါတယ်။ နောက်ဆုံးမှာ
တော့ ရှယ်ယာဈေးနှုန်းကို သူဝယ်ယူစဉ်ကပေးခဲ့ရတဲ့ ကိန်းဂဏန်းရဲ့ နှစ်ဆတန်ဖိုးအထိ သဘောတူ
ခဲ့ပါတယ်။ ဒေါက်တာတင်ထွန်းဦးနဲ့ မိသားစုဟာ ငွေသားအမေရိကန်ဒေါ်လာ တစ်သန်းနီးပါးကို
ရှစ်နှစ် တာကာလအတွင်းမှာ ရယူသွားခဲ့သေးတယ်ဆိုတာကိုလည်း သတိပြုကြပါ။

အဲဒါကတော့ ကုမ္ပဏီက သူ့မိသားစုကို ဉာဏ်ပူဇော်ခတွေ၊ ငွေတိုးတွေ၊ ထုတ်ဝေသူသို့ ပေးချေငွေ
တွေ၊ ဒါရိုက်တာလစာ တွေနဲ့ အမြတ်အစွန်း ခွဲဝေပေးငွေတွေ အနေနဲ့ ပေးခဲ့ရတဲ့ ငွေကြေးအတိုင်း
အတာဖြစ်ပါတယ်။

ပြောရရင်တော့ သူတို့တော်တော်လေး မြိုးမြိုးမြက်မြက်ရသွားတယ်လို့ ဆိုရမှာပေါ့။ ဒေါက်တာ
တင်ထွန်းဦးတို့ ရှယ်ယာ တွေရဲ့ ဈေးနှုန်းကို အပြီးသတ်အနေနဲ့ ပြီးခဲ့တဲ့သီတင်း နှစ်ပတ်က သဘော
တူညီခဲ့ကြပါတယ်။

သို့သော် အကျိုး အကြောင်း တစ်စုံတစ်ရာ မသိရဘဲ ဒေါက်တာခင်မိုးမိုးက အဆိုပါ ဈေးနှုန်း ရဲ့
သဘောသဘာဝကို ၄၈ နာရီ အတွင်းမှာ နှစ်ကြိမ်တိုင် ပြောင်းလဲပစ်ခဲ့ပြီးနောက် သူတို့သဘော
အတိုင်း အရောင်းအဝယ် သဘောတူညီချက်ကို ပယ်ဖျက်ပစ်လိုက်ပါတယ်။

ဒီလိုလုပ်လိုက်ခြင်းကြောင့် ဦးဆန်နီ ဆွေ မိသားစုရဲ့ အစုရှယ်ယာတွေနဲ့ သက်ဆိုင်တဲ့ ရပိုင်ခွင့်တွေ
အတွက် ကျွန်တော်တို့ တရားဥပဒေကြောင်းကနေ ဆက်ပြီး အရေးယူဆောင်ရွက်နိုင်သွားတာပေါ့။
ကျွန်တော့်မှာ အထက်ပါကိစ္စရပ်အတွက် ခိုင်မာတဲ့ အထောက်အထားစာရွက်စာတမ်းတွေ အပြည့်
အစုံရှိပါတယ်။

ဦးဆန်နီဆွေ ထောင်က လွတ်မြောက်လာပြီး ကျွန်တော် မျှော်လင့်ထားတဲ့ မကြာမီ ကာလမှာတော့
ယမင်း (ဦးဆန်နီ ဆွေဇနီး) တို့နဲ့ ကျွန်တော် ပျော်ပျော်ပါးပါး အလုပ်ဆက်လုပ်ရဦးမှာပါ။

ဦးဆန်နီဆွေနဲ့ သူ့ဖခင်ထောင်က ပြန်လွတ်လာရင်တော့ သမ္မတဦးသိန်းစိန်နဲ့ သူ့ အစိုးရဟာ
ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီတည်ဆောက်ရေး အတွက် အလေးအနက်ထားတယ် ဆိုတာ
ကို ကျွန်တော်တို့ အသေအချာ သိနိုင်ပါပြီ။ အဲဒီလိုဖြစ်မလာရင်တော့ ကျွန်တော့် အနေနဲ့ ဇဝေဇဝါ
နဲ့ပဲ ဆက်ပြီး စောင့်ရ တော့မှာပေါ့။

* ခင်ဗျားဟာ တရားရုံးမှာ ရင်ဆိုင်ရမှုတွေနဲ့ မစိမ်းဘူးဆိုတာ အထူးအဆန်းတော့
မဟုတ်ပါဘူး။
၂၀၁၁ ခုနှစ် တုန်းက ခင်ဗျား ဖမ်းဆီးခံရခြင်းနဲ့ ထောင်ဒဏ်ကျခံရခြင်း
အခြေအနေတွေကို
တစ်ဆိတ်လောက် ပြန်ပြောင်း သိပါရစေဗျာ။

ကျွန်တော့်ကို ဖမ်းဆီးမှု၊ ထောင်ဒဏ် ပေးမှုနဲ့ ရုံးတင်စစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ခဲ့မှု
တွေကို ပြန်လည်သုံးသပ်ဖို့ ဖွဲ့စည်းပေးထားတဲ့ စိစစ်ရေး အဖွဲ့အစည်းတစ်ရပ် ရှေ့မှောက်မှာ
တရားစီရင်ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်ပေးနိုင်ရန် တင်ပြဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော့်ကို စွဲဆိုခဲ့မှုနဲ့ အပြစ်ဒဏ်ချမှတ်ခဲ့မှုတွေနဲ့ပတ်သက်ပြီး တရားစီရင်စစ်ဆေးမှု နောက်ကွယ်
မှာ ဘေးကဝင်ရောက်စွက်ဖက်မှုရှိတယ်လို့ ညွှန် ပြနိုင်တဲ့၊ မြင်ရရုံနဲ့ သိသာထင်ရှားတဲ့ အထောက်
အထားတွေ ရှိပါတယ်။

အဲဒီအချိန်အတွင်းက နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှု ရှိခဲ့ပါတယ်။ ဒါကြောင့် တရားမျှတမှုဟာ
နောက်ဆုံးပဲဆိုတာ သေချာရေရာစေဖို့ ကျွန်တော် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အစိုးရဘက်က နစ်နာလို့ တိုင်ကြားတဲ့ ပြဿနာ ရပ်တွေနဲ့ ပတ်သက်ပြီး တရားနည်းလမ်း ကျနတဲ့၊
လက်ခံနာယူမှု ရှိစေတဲ့ အဆင်အပြင်တွေ အစိုးရအတွင်းမှာ ပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်
အထူးဝမ်းမြောက်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး