လစ်လပ်နေသော ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းနှင့်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ
ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းအား အစားထိုးခန့်ထားရန် သမ္မတဦးသိန်းစိန်၏သဝဏ်လွှာကို
ပြည်ထောင်စုလွှတ်တော်က ယခု လ ၁၃ ရက် က အတည်ပြုလိုက်သည်။
ယခင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး အား ယခင်
တပ်မတော်တာဝန်ကို ပြန်လည် ပေးအပ်မည်ဟု သမ္မတ၏ ဇန်နဝါရီလ ၂၂ ရက် က ပြည်ထောင်စု
လွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသော်လည်း မည်သည့် တပ်မတော်ရာထူး
ဆိုသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
အသက် ၅၈ နှစ်အရွယ်ရှိ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးသည် B.E(Mech), Post Graduate
Diploma in Automatic Computing, M.A(Defence) ဖြင့် ဘွဲ့များရရှိခဲ့ပြီး တပ်မတော်
စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ဖူးသည်ဟု တပ်မတော်သား
ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးသည် တပ်မတော်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်
အဖြစ် တာဝန်ထမ်းဆောင်စဉ်က ကာကွယ်ရေးပစ္စည်း စက်ရုံအမှတ် ၂၁ မှ ၂၅ အထိ အရေးပါ
သည့် စက်လက်နက်စက်ရုံ ခြောက်ရုံကို တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် စတင်လည်ပတ်နေပြီ
ဟု ကြားသိရကြောင်း တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး တာဝန်အထိ ထမ်းဆောင်ခဲ့သူ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
"ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း၊ အရပ်သားက နေ ဖြစ်
လာတာ။ တပ်မတော်ကို ပြန်ခေါ်တာ တော့ လိုအပ်လို့ ပြန်ခေါ်တယ် ယူဆပါတယ်" ဟု ဦးလှဆွေ
က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအား မူလ တပ်မတော်တာဝန်ကို ပြန်လည်ထမ်းဆောင် စေခြင်းမှာ
အပြစ်တစ်စုံတစ်ရာရှိခြင်းကြောင့် မဟုတ်ဘဲ ၎င်းကျွမ်းကျင်သည့် ဘာသာရပ်ဖြစ်သည် စက်မှုနှင့်
ဆိုင်သည့် မြန်မာ့စက်မှုဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနကို ပြီးခဲ့သည့် လွှတ် တော် စတုတ္ထပုံမှန်
အစည်းတွင် ဖျက်သိမ်းခဲ့သည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု တပ်မတော်သား ကိုယ်စားလှယ်
တစ်ဦးက ပြောသည်။
"မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုတာ အကြီးကြီးလေ။ အဲဒီဌာန ဖျက်သိမ်းလိုက်တော့
သူ့ (ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး) အတွက် နေရာမှန် လူမှန် ပြန်ရောက်သွားတယ်ပြောလို့ရပါ
တယ်"ဟု ၎င်းကပြောသည်။
"ကျွန်တော်သိသလောက် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာန
အတွက် အဓိက ခေါ်ခဲ့တာ။ အဲဒါကို လွှတ် တော်က ဘတ်ဂျက်ဖြတ်တယ်။ ခေတ်နဲ့မလျော်ညီလို့
ဆိုပြီး ဝေဖန်ကြတယ်။ အဲဒီအတွက် ဌာနဖျက်လိုက်ရပြီး သူ့ကိုလည်း မိခင်ဌာန ပြန်ခေါ်တာဖြစ်
မယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။















