အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံအား 'ကန်'ဒေါ်လာ သန်း ၅၀ ထောက်ပံ့

အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံအား 'ကန်'ဒေါ်လာ သန်း ၅၀ ထောက်ပံ့

မြန်မာနိုင်ငံ၌ စီးပွားရေးကဏ္ဍ အသီးသီး ဆောင်ရွက်မည့် စီမံကိန်းများနှင့် နည်းပညာ အထောက်
အပံ့များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)မှ မြန်မာ နိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၅၀
ကူညီသွားမည်ဟု အေဒီဘီက လွန်ခဲ့ သောရက်သတ္တပတ်က ကြေညာသည်။

အဆိုပါထောက်ပံ့ငွေဖြင့် မြန်မာနိုင်ငံ ၏ ပညာရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်
အအုံ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွား လုပ်ငန်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊
လိင်ခွဲခြားဆက်ဆံမှုနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးတို့ပါ၀င်သော စီးပွားရေး ကဏ္ဍအသီးသီးတွင်
ဆောင်ရွက်မည့် စီမံကိန်းများနှင့် နည်းပညာအထောက်အပံ့များအတွက် ကူညီပေးမည်ဖြစ်ကြောင်း
အေဒီဘီ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ Haruhiko Kuroda က ပြောသည်။

ထို့ပြင် လွန်ခဲ့သော ဇန်နဝါရီလ ရ ရက် နေ့က နောက်ဆုံးကြေညာခဲ့သော အထောက်အပံ့အရ
မြန်မာအစိုးရ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဖွဲ့စည်းပုံ ဆိုင်ရာစွမ်းရည်တို့ကို ပိုမိုတိုးတက်စေရန်
သုံးနှစ်တာအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း ကူညီရန် ကတိကဝတ် ပြုခဲ့သည်။

ထို့ပြင် အခြားသော စီမံကိန်းများတွင် လိင်ခွဲခြားဆက်ဆံမှုအခြေအနေအား အကဲဖြတ်ဆန်းစစ်ခြင်း၊
အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ ခြင်းနှင့် မဟာမဲခေါင်ဒေသခွဲ၏ အရှေ့
အနောက်စီးပွားရေး စင်္ကြံစီမံကိန်း အကြောင်းကို တိုင်းရင်းသားအသိုင်း အဝန်းအား နားလည်စေပြီး
အကျိုး အမြတ် ရယူတတ်စေရန် စသည့် ထောက်ပံ့မှုများ ပါ၀င်သည်။

အေဒီဘီသည် မြန်မာနိုင်ငံမှ ကြွေးကျန်များကို ရှင်းလင်းပြီးသည့် ဇန်နဝါရီလတွင် လုပ်ငန်းဆောင်
ရွက်မှုများကို အပြည့်အဝပြန်လည်စတင်ခဲ့သည်။

ပထမဦးဆုံးချေးငွေဖြစ်သည့် မူဝါဒအပေါ် အခြေခံသော ချေးငွေ အမေရိကန် ဒေါ်လာ ၅၁၂ သန်းကို
လည်း ဇန်နဝါရီလက အတည်ပြုခဲ့သည်။

အဆိုပါချေးငွေအား ပြည်သူ့ဘဏ္ဍာ ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စား
စီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတွင် သုံးစွဲမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် အေဒီဘီလေ့လာမှုအရ မြန်မာ့စီးပွားရေးသည် နှစ်စဉ် ခုနစ် ရာခိုင် နှုန်းမှ ရှစ်ရာခိုင်နှုန်း
အထိ တိုးတက်လာ နိုင်ကြောင်း၊ အလယ်အလတ်ဝင်ငွေ ရှိသောနိုင်ငံ ဖြစ်လာနိုင်ကြောင်းနှင့်
ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်ပြီး ကြီးမား
သော ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးချင်း
နှစ်စဉ် ၀င်ငွေမှာ သုံးဆအထိ တက်လာနိုင် ကြောင်း သုံးသပ်ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး