အုပ်ချုပ်ရေးမြို့တော် နေပြည်တော် ကောင်စီနယ်မြေတွင် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်
အားများ လျှော့ချ ခြင်းနှင့် အလှည့်ကျ ဖြန့်ဝေခြင်းများ ပြုလုပ်ရန်အတွက် အစီအစဉ်မရှိ ကြောင်း
နေပြည်တော်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
သို့ရာတွင် လုပ်ငန်းသုံးများအတွက်ကိုမူ ညနေ ၄ နာရီမှ ၁၁ နာရီအတွင်း ဓာတ်အားသုံးစွဲခြင်းမပြု
ရန် သတိပေး နှိုးဆော်ထားသည်။
"သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့ မြို့ တော်မှာ လုံခြံုရေးအရ လျှပ်စစ်မီးမပြတ်လွှတ်ပေးမှာပါ။ မနှစ်က
လည်း လမ်းမီး တွေတော့ ဓာတ်တိုင်သုံးတိုင်မှာ တစ်တိုင် လျှော့ခဲ့တယ်။ ခုထိတော့ မီးနဲ့ပတ်သက်
ပြီး ညွှန်ကြားချက် မလာသေးပါဘူး။ ပုံမှန် အတိုင်းပါပဲ" ဟု နေပြည်တော်ခရိုင် အင်ဂျင်နီယာမှူး
ဦးအောင်မြင့်က ပြော သည်။
"ရာသီဥတုက အရမ်းပြင်းလို့ မီးသုံးသူ တွေ သတိထားစေချင်တယ်။ ဓာတ်ကြိုး တွေကို ၁၀ နှစ်
ကျော် သက်တမ်းလွန်တွေဆို လဲလှယ်ဖို့ ရုံးချုပ်က စာပို့ထားတယ်"ဟု ၎င်းကပြောသည်။
နေပြည်တော်ခရိုင် ပျဉ်းမနားမြို့၏ တစ်ရက် လျှပ်စစ်ဓာတ်အား သုံးစွဲယူနစ်သည် ၄၈,၆၂,၀၄၂
ယူနစ်ခန့် ဖြစ်သည်။
နေပြည်တော်နယ်မြေအတွက် ဓာတ်အားခွဲရုံ နှစ်ရုံဖြင့် ဖြန့်ဝေလျက်ရှိရာ ဦးမင်းဒင်ရပ်ကွက်တွင်
၁၀ MWA ခွဲရုံ ထပ်မံတိုးချဲ့လျက်ရှိသည်။
ထိုခွဲရုံပြီးပါက ပျဉ်းမနားမြို့တွင် ၁၀ MW နှစ်လုံးနှင့် ၁၅ MW တစ်လုံးတို့ဖြင့် ဓာတ်အား လုံလုံလောက်
လောက်ဖြင့် ပေးဝေမည်ဖြစ်သည်။
ပျဉ်းမနားမြို့သည် တစ်နေ့လျှင် ရ ဒသမ ၅ မဂ္ဂါ၀ပ်ဝန်းကျင် သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။















