မြန်မာနိုင်ငံ၌ ဈေးအနိမ့်ဆုံးသောဈေး နှုန်းဖြင့် ရောင်းချပေးနေသော နှစ်သိန်းတန် မိုဘိုင်းဖုန်းကတ်
များ ပျောက်ဆုံးသွားပါက ပြန်လည်လျှောက်ထားရာတွင် မတန်တဆ ဈေးနှုန်းမြင့်မားနေကြောင်း
ပြန်လည်လျှောက်ထားသူများက ပြောသည်။
"ခါးပိုက်နိုက်ခံရတာက နှစ်သိန်းတန်ဖုန်း ပြန်လျှောက်ရတာက ကျပ် ၃၅,၀၀၀ ထပ်ကုန်သွားတယ်။
ဆက်သွယ်ရေးကို တကယ်တမ်းပေးရတာက နှစ်သောင်း ကျော်တယ်တဲ့။ အဲဒါကြောင့် တစ်ဆင့်
လုပ်ပေးတဲ့သူတွေက နှစ်ခါပြန်သွားရလို့ ၀န်ဆောင်ခပါ များလာပြီး ဈေးကြီးကြီးနဲ့ ပြန်လျှောက်ရ
တာပေါ့"ဟု ဖုန်းကတ်ပြန် လျှောက်ထားခဲ့သူ မစန္ဒာ ကပြောသည်။
ကျပ်ငါးသိန်းဖုန်းများ ပျောက်ဆုံးပါ က ကျပ် ၁၅,၀၀၀၊ ကျပ်နှစ်သိန်းဖုန်း ပျောက်ဆုံးပါက ကျပ်
၂၀,၀၀၀ တို့ဖြင့် ပြန်လည်လျှောက်ထားနိုင်ပြီး ကတ်ပျက်စီးပါက အခမဲ့ပြန်လည်ထုတ်ပေးကြောင်း
သိရသည်။
သို့သော် ကျပ်နှစ်သိန်းတန်ဖုန်းများ ပျောက်ဆုံးပါက တစ်လနီးပါးခန့် ကြာမြင့်ကြောင်း ပြန်လည်
လျှောက်ထား သူများက ပြောသည်။
"တကယ်တမ်းဆို အဲဒီလောက် မဖြစ်သင့်ဘူး။ ပြည်သူကို သက်သာတဲ့ ဈေးနှုန်းနဲ့ ချထားပေးပါ့
မယ်နဲ့ တာဝန်ရှိသူတွေက ပြောတာပဲရှိတယ်။ ခုရှိပြီးသားလေး ပြန်လျှောက်တာတောင် ဒီလောက်
ကုန်တယ်။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ မကြာမီဆိုတဲ့စကားလုံးလေးနဲ့ပဲ ဈေးပေါပေါဖုန်း
ဘယ်တော့ ရောင်းပေးမလဲ မသိဘူး"ဟု မစန္ဒာကပြောသည်။
"အခုပဲ ဒီမိုဘိုင်းဖုန်းတွေနဲ့ပတ်သက်လို့ အလွဲသုံးစားလုပ်ထားတဲ့သူတွေ တရားစွဲခံရပြီလို့ ဂျာနယ်
တွေထဲမှာ ဖတ်ရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို တရားခံတွေက ဒီထက်များနိုင်တယ်။
ဒါတွေကို အမြစ်ပြတ်အောင် လုပ်သင့်တယ်။ ဥပဒေကို လက်တစ်လုံးကြား လုပ်ပြီး အပြစ်ပေါ့
အောင် မလုပ်နိုင်ဖို့လည်း စောင့်ကြည့်သင့်တယ်"ဟု ပျဉ်းမနားမြို့ခံ ဦးတင့်က ပြောသည်။
ယခုအခါ ဈေးထပ်မံလျှော့ချထားသည့်ဖုန်းများ ရောင်းချတော့မည်ဟု သတင်းများထွက်ပြီးနောက်
ကျပ်နှစ် သိန်းတန်ဖုန်းများကိုလည်း ကျပ် ၁၂၀,၀၀၀၊ ကျပ် ၁၅၀,၀၀၀ တို့ဖြင့် မိုဘိုင်းဖုန်းအရောင်း
ဆိုင် အသီးသီးတို့က ရောင်းချနေကြသည်။















