တီဘီတိုက်ဖျက်ရေး ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဖိတ်ခေါ်

တီဘီတိုက်ဖျက်ရေး ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဖိတ်ခေါ်

ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား တီဘီတိုက်ဖျက်ရေးဌာနနှင့် The Union office in Myanmar
PICTS တို့ ပူးပေါင်းပြီး ကမ္ဘာ့တီဘီတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် "တစ်သက်တာ တီဘီကင်း
ဝေးရေး အားလုံးပါ၀င်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ပြိုင်ပွဲနှင့် အလယ်တန်း၊
အထက်တန်းအဆင့် ကျောင်းသားများ ပါ၀င်နိုင်သော 'တီဘီ ကင်းစင် တို့ပြည်တစ်ခွင်' စာစီစာကုံး
ပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။

"ပထမ၊ ဒုတိယ၊ တတိယအနေနဲ့ ကျောင်းသားသုံးဦးကို ရွေးချယ် ဆုချီးမြှင့် မှာဖြစ်တယ်။ မတ်လ
၈ ရက်မတိုင်ခင် ပေးပို့ဖို့လိုအပ်ပြီး၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ဖြစ်တဲ့ မတ်လ ၂၀ မတိုင်မီ
ဆုရစာမူတွေကို မန္တလေး ရတနာပုံတက္ကသိုလ်မှ ဆရာများနှင့် ရွေးချယ်ပြီး၊ ဆုရစာမူများကို
သတင်းစာ ကတစ်ဆင့် ကြေညာပေးမယ်။ ကမ္ဘာ့ တီဘီတိုက်ဖျက်ရေးနေ့တွင် ဆုများကို ပေးမှာပါ"
ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာမူများကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃၆)၊ ရ၂/၇၃ လမ်းကြား၊ ၂၇ လမ်း၊ 
The Union Office in Myanmar သို့ ပေးပို့နိုင်ပြီး၊ ဖုန်း ၀၉၄၀ ၂၆၀၆၅၀၅၊ ၀၂ ရ၁၀၈၂ သို့
မေးမြန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး