ဦးသိန်းစိန်၏ ဇာတိကျေးရွာ၌ ကိုရီးယားဆရာဝန်များက အခမဲ့ ဆေးဝါးကုသပေးမည်

ဦးသိန်းစိန်၏ ဇာတိကျေးရွာ၌ ကိုရီးယားဆရာဝန်များက အခမဲ့ ဆေးဝါးကုသပေးမည်

အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကိုရီးယားအခြေစိုက် ဆရာဝန်အဖွဲ့က
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇာတိကျေးရွာတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ
ပြုလုပ်ပေးသွားမည်ဖြစ်သည်။

တောင်ကိုရီးယားအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော ကိုရီးယား ပါကျူးနတ်သမီး ကူညီမှု
အသင်းအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျုံကူးကျေးရွာနှင့် နီးစပ်ရာ ကျေးရွာ
များတွင် အခမဲ့ ဆေးကုသပေး ခြင်းနှင့် ဆေးဝါးလှူဒါန်းခြင်းများကို ပြုလုပ်သွားမည်ဟု အဆိုပါ
အစီအစဉ် ကို စီစဉ်သူ Life Umbrella ခရီးသွား ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းခိုင်က
ပြောသည်။

အဖွဲ့ဝင် ၂၁ ဦးပါ၀င်သော အဆိုပါ အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကျုံကူးရွာသို့ သွားရောက်
၍ ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သွားရောက်လေ့လာခဲ့ကြသည်ဟု ၎င်းက
ပြောသည်။

"ကျန်းမာရေး စောင့်ရှောက်မှုမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာတွေ့လို့ အရင်သတ်မှတ်ထား
တဲ့ရက် ထက်စောပြီး သွားရောက်ကုသပေးကြတာပါ"ဟု ၎င်းက ပြောသည်။

ဒေသခံများ၏ လိုအပ်ချက်ဖြစ်သော အထွေထွေကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ သွား
ကျန်းမာရေးကုသပေး ခြင်းနှင့် ခွဲစိတ်ကုသပေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ကုသမှုများကို ကျုံကူးရွာအပါအဝင် နီးစပ်ရာ ကျေးရွာများမှ လူနာ ၂,၀၀၀ ခန့်ထံ ရောက်ရှိရန် စီစဉ်
ထားသည်။

ကျုံကူးကျေးရွာသည် လူဦးရေ ၅၀၀ ခန့်ရှိသောရွာဖြစ်ပြီး ဒေသခံများသည် ကျန်းမာရေး
စောင့်ရှောက်မှုအတွက် ပုသိမ်မြို့ကို အားကိုးနေရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး